ရွှေ့ပြောင်း နိုင်ငံခြားအလုပ်သမားများကို လုပ်အားတရပ်ဟု မြင်သင့်
2008-10-20
အာရှဒေသ တခုလုံးမှာရှိတဲ့ လူဦးရေ သန်း ၁၅သန်းကနေ သန်း ၂၀ ကြားရှိတဲ့ နယ်မြေရွှေ့ပြောင်း
နိုင်ငံခြား အလုပ်သမားတွေကို အာရှနိုင်ငံတွေအနေနဲ့ နိုင်ငံရေးအရ အသုံးချစရာပြဿနာလို့
မြင်နေမဲ့အစား လုပ် အားတရပ်အဖြစ် မြင်သင့်တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သာမား
အဖွဲ့ကြီး IOM က အောက်တိုဘာ ၂၀ရက် ဒီကနေ့ ထုတ်ပြန်တဲံ အစီအရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံခြားအလုပ်သမားအရေးနဲ့ ပတ်သက်တဲ့ ကိုယ့်ပြည်တွင်း စိုးရိမ်မှုတွေကို ဘေးချိတ်ပြီး
တရားမဝင် နိုင်ငံခြား ဝင်ရောက်မှုနဲ့ လူမှောင်ခိုကူး လုပ်ငန်း၊ အခွင့်အရး ချိုးဖောက်မှုနဲ့
နောက်ဆက်တွဲ ပြဿနာတရပ်ဖြစ်တဲ့ HIV/AIDS ရောဂါ ကူးစက်ပြန့်ပွားတာတွေကို ညီညီညွတ်ညွတ်
ဖြေရှင်းနိုင်မဲ့ စီမံကိန်းတရပ်အကောင်အတည်ဖော်ဖို့ကိုလည်း အာရှနိုင်ငံခေါင်းဆောင်တွေကို
အစီအရင်ခံစာက နှိုးဆော်ကထားပါတယ်။
အာရှအစိုးရတွေအနေနဲ့ နိုင်ငံခြားသား အလုပ်သမားကိစ္စကို ဖြေရှင်းရမဲ့ပြဿနာတရပ်လို့
မြင်နေဆဲဖြစ်ပြီး စီမံခန့်ခွဲရမဲ့ စဉ်ဆက်မပြတ်လုပ်ငန်းစဉ်တရပ်လို့ မခံယူကြသေးတာကို
တွေ့နေရတယ်လို့ ကုလသမဂ္ဂ IOM အဖွဲ့ကြီးက အစီရင်ခံစာ ပူးတွဲရေးသားသူ Mr. Fedreico
Soda က ပြောပါတယ်။
အခုထွက်လာတဲ့ အစီရင်ခံစာဟာ အရှေ့နဲ့ အရှေ့တောင်အာရှ ၁၆ နိုင်ငံရဲ့ နိုင်ငံခြားသား
ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ရှုမြင်ပုံတွေကို အသီးသီးတင်ပြထားပါတယ်။
ဒီနိုင်ငံတွေမှာ နိုင်ငံခြားအလုပ်သမား ဝင်ရောက်မှု အများဆုံးနိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီး
ထိုင်းနိုင်ငံကို လာပြီး အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသားအလုပ်သာမားတွေထဲမှာ မြန်မာနိုင်ငံက
တရားဝင်အလုပ်လုပ်ခွင့် ပါမစ်နဲ့ လာတဲ့ အောက်ခြေသိမ်း အလုပ်ကြမ်း အလုပ်သမားက စုစုပေါင်းကိန်းဂဏန်းရဲ့
၉၁ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ ၂၀၀၇ ခုနှစ် တနှစ်ထဲမှာ ၅၃၀၀၀ ကျော်တယ်လို့ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံထဲကို တခြားအိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက ထိုင်းနိုင်ငံကို
လာရောက်တဲ့ အလုပ်သမားဟာ ၄ ရာခိုင်နှုန်းခန့်စီသာရှိပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုကြောင့် တရားမဝင်လာရောက် အလုပ်လုပ်တဲ့
မြန်မာအလုပ်သာမားက ၂သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီအလုပ်သမားတွေဟာ ကျေးကျွန်
အခိုင်းစေတွေလို အလုပ် ကြမ်းစခန်းတွေမှာ အလုပ်လုပ်ကြရသလို တချို့ကလည်း ရောဂါကူးစက်ခံရဖို့
အန္တရာယ်များတဲ့ လိင်ကျွန်လုပ်ငန်းတွေမှာ ဝင်ရောက်အလုပ်လုပ်ရတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာမှာ နိုင်ငံစီးပွားရေးဖွိ့ဖြိုးမှုက အလုပ်သမားရရှိမှုထက် ပိုများတဲ့
စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေမှာ နိုင်ငံခြားအလုပ်သမားတွေ ပိုပြီးတော့ လိုအပ်နေနိုင်တယ်လို့လည်း
ရေးသားထားပါတယ်။
IOM က ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Irena Vojackova က နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု
ကြီးထွားလာတာနဲ့အမျှ အလုပ်သမားတွေက ဆက်လိုနေမှာ ဖြစ်တဲ့အကြောင်း၊ ဒါပေမဲ့ အစိုးရတွေအနေနဲ့
မိမိ နိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေး ပြဿနာတွေရှိလာရင် နိုင်ငံခြားသားအလုပ်သမားတွေကို
နိုင်ငံရေးအရ ပြဿနာတရပ် အဖြစ် အလွယ်တကူ လက်ညှိုးထိုး အပြစ်ပုံချလေ့ရှိကြောင်း ပြောပါတယ်။
အစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဒေါ်မေပြုံအောင်က တင်ပြထားပါတယ်။
Back to Top