6
Oct

လောက်ကိုင်မြို့တွင် မူးယစ်ဆေးဝါး၊ HIV၊ တီဘီ ကာကွယ်တားဆီးရေး လုပ်ငန်းများ ပြန်လည်စတင်



လောက်ကိုင်မြို့တွင်
အိတ်ခ်ျအိုင်ဗီ ကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် ဆောင်ရွက်နေမှုများ အာရှဒေသဆိုင်ရာ
မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အန္တရာယ် လျော့ချရေးအဖွဲ့ (AHRN) က ပြန်လည် စတင်ရန် စီစဉ်နေကြောင်း
အဆိုပါ အဖွဲ့မှ သတင်းရရှိပါသည်။

အဆိုပါ
အဖွဲ့သည် လောက်ကိုင်မြို့ရှိ ယင်းတို့၏ Drop in Ceter ရိပ်မြုံတွင် ဆောင်ရွက်နေသော
အဆိုပါ ဝန်ဆောင်မှုများ ပြန်လည်စတင် နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်နေပြီး
မကြာမှီရက်များအတွင်း ပြန်လည် စတင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

အဆိုပါ
အဖွဲ့သည် အန္တရာယ် လျော့ချရေး ဝန်ဆောင်မှုများကိုလည်း လောက်ကိုင်မြို့၌ ဆောင်ရွက် နေပြီး
အန္တရာယ် လျော့ချရေး ဆိုသည်မှာ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ဆက်နွယ်လျက်ရှိသော လူပုဂ္ဂိုလ်များ
လူ့အဖွဲ့အစည်းများနှင့် လူ့ဘောင်အဖွဲ့အစည်းတို့အား ကျန်းမာရေး လူမှုရေးနှင့် စီးပွားရေး
ဘေးအန္တရာယ်များမှ လျော့ချနိုင်ရန် ညွှန်းဆိုခြင်းဖြစ်သည်။

 

http://www.first-11.com/bdet.php?id=3

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top