တကယ်တော့ လူတွေအားလုံးဟာ မွေးရပ်မြေကို ခင်တွယ်တတ်သူတွေချည်းပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် မွေးရပ်မြေကို စွန့်ခွာကြရပေမယ့် အတိတ်ရဲ့ ပုံရိပ်တွေနဲ့အတူ နှလုံးသားတိုင်းကို မွေးရပ်မြေက ရှင်သန်နိုးထစေမှာပါ။ လူသားတိုင်းဟာ မွေးရပ်မြေနဲ့ ကင်းကွာပြီး ရှင်သန်လာကြတဲ့ လူကနည်းပါတယ်။ မွေးရပ်မြေ၊ အဲဒီမြေကို အမှီပြုပြီး ကြီးပြင်းလာရတဲ့ ဘ၀၊ဒါတွေကို အတင်းမေ့ခိုင်းလို့မှ မရတာ။
ဒါပေမယ့် မွေးရပ်မြေဟာ နာကြည်းစရာတွေ၊ မုန်းတီးစရာတွေ၊ အော့နှလုံးနာစရာတွေ၊ ကြီးနိုင်ငယ်ညှဉ်းဝါဒတွေ၊ အတင်းအဖျင်းတွေ၊ ကလိမ်ကကျစ်ကျမှုတွေ၊ မနာလိုဝန်တိုမှုတွေနဲ့ ထုံမွမ်းထားမယ်ဆိုရင်ကော။ ဒီအတွက်လည်း ဘယ်လိုမှ မေ့မရနိုင်ပါဘူး။ ဘ၀မှာ ပျော်ရွှင်စရာတွေရှိမှ၊ အောင်မြင်မှုတွေ သရဖူဆောင်းနိုင်မှ၊ ချီးကျူးမှုတွေ တစ်ပွေ့ တစ်ပိုက်နဲ့ ရပ်တည်နိုင်မှ အတိတ်ဆိုတာ ရှင်သန် တာမျိုး မဟုတ်ပါဘူး။ ခါးသီးစွာနဲ့ ရှင်သန်နေတဲ့ အတိတ်တွေ ရှိနေကြပါတယ်။ အဲဒီအတိတ်တွေဟာလည်း လူတစ်ဦးတစ်ယောက်




