ထိုင်းနိုင်ငံ လော့ဘူရီမြို့ AIDS ကလေးများ ဂေဟာကို ၈. ၁၀. ၂၀၁၂ နေ့က ရွှေတွံတေးဆရာတော် စာရေးဆရာမ သန်းမြင့်အောင် မာကိုပိုလို ကုမ္ပဏီ ဒါရိုတ်တာအဖွဲ့တို့ သွားရောက်ခဲ့ ကြပြီး ထောက်ပံ့ငွေများ လှူဒါန်း ခဲ့ကြတယ်။
ရွှေတွံတေးဆရာတော်က … “လော့ဘူရီ ဆရာတော်ရော ဆရာမ သန်းမြင့်အောင်ရော AIDS ကလေးတွေကို ပြုစုစောင့်ရှောက်နေကြတာမို့ တွေ့ဆုံသင့်တယ် အမြင်ဖလှယ်သင့်တယ် ဆက်သွယ်ဆောင်ရွက်သင့်တယ် ထင်ပါတယ်။ မတူညီ တာလေးတွေလည်းရှိတယ်။ ဥပမာ ကလေးတွေကို ပရိဿတ်နဲ့ အတွေ့ခံတာ ကလေးတွေ ပုံကို မီဒီယာတင်တာ ကလေးအချင်းချင်း ဈာပနလိုက်ပို့တာ ရုပ်ကလာပ်ကို မီးရှို့ပစ်တာ ထိန်းသိမ်းတာ စသဖြင့်ပေါ့ ဒါကြောင့် အခုလို စီစဉ်ပြီး လော့ဘူရီ ဆရာတော်နဲ့ တွေ့ဖြစ်တာ လှူဒါန်းဖြစ်တာ” လို့ ဆိုပါတယ်။
နေ့သစ် - www.naytthit.net/?p=31111




