လေဘေးသင့်
ဒေသရှိ HIV/AIDS ဖြင့်နေထိုင်သူ ၁၆၀၀ အတွက် ART ဆေးဝါးများနှင့် ပညာပေး
စာစောင်များ ဖြန့်ဝေရန် စီစဉ်နေကြောင်း သိရပါသည်။ အဆိုပါ အစီအစဉ်ကို HIV နှင့် အသက်ရှင်နေထိုင်ကြသူများနှင့်
ဖွဲ့စည်းထားသည့်အဖွဲ့ Myanmar Positive Group (MPG)က Church World Service နှင့် ပူးပေါင်း
ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
Myanmar
Positive Group (MPG) သည် မြို့နယ် ၇၇ မြို့နယ်တွင် HIV ဖြင့်နေထိုင်ကြသူများနှင့်
ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လေဘေးသင့် ဒေသတွင် HIV
ကာကွယ်တားဆီးရေး ဆောင်ရွက်မှုကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က
ယခုနှစ်တွင် တိုးမြှင့်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်များအရ
သိရသည်။
တိုးမြှင့်
ဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် အပြုအမူ ပြောင်းလဲခြင်းဆိုင်ရာ ကျန်းမာရေး
ပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ လိုအပ်သော သင်တန်းများ ပို့ချခြင်းနှင့်
မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗွီ ကူစက်မှု ကာကွယ်ခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း
သိရသည်။
မြန်မာလူငယ်များအကြား
HIV/AIDS နှင့် ပတ်သက်၍ သိရှိမှု မြင့်မားသော်လည်း ကာကွယ်တားဆီးရေး နည်းလမ်းများကို
သိရှိနားလည်မှု နည်းပါးကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်သော
စစ်တမ်းတစ်စောင်တွင် ဖေါ်ပြထားချက်အရ သိရသည်။
မြန်မာနိုင်ငံတွက်
ကလေး၊လူကြီး အပါအ၀င် HIV ပိုး ကူးစက်ခံထားရသူနှင့် AIDS နှင့် နေထိုင်သူ
စုစုပေါင်း ၂၄၀၀၀၀ ရှိကြောင်း သိရသည်။
သြဂုတ် ၁၉ ၂၀၀၉ (Weekly Eleven)




