အာဖရိကတွင် ပြုလုပ်သည့် စမ်းသပ်ချက်များ အရ တစ်ရက်လျင် Truvada ဆေးတစ်လုံးစီ သောက်သုံးခြင်းကြောင့် လိင်ကွဲ ဆက်ဆံဘက်များ အချင်းချင်း AIDS ကူးစက်ခြင်းကို ကာကွယ်နိုင်ကြောင်း သိရှိရသဖြင့် ထောက်ခံ အားပေးသူများ အနေဖြင့် ကာကွယ်ဆေး အဖြစ် သုံးစွဲခွင့်ပြုရန် FDA သို့တောင်းဆိုမှုများ ပြုလိုက်ကြောင်း သိရသည်။
အမေရိကန် ဆေးဝါးနှင့် အစားအစာ ထိန်းချုပ်ရေး အဖွဲ့သို့ ယင်းဆေးနှင့် ပတ်သက်ပြီး အားပေးသူများမှာ အာဖရိက တိုက်တွင် စမ်းသပ်ချက်များ အရ ရလာသည့် အဖြေကို အခြေခံပြီး အမေရိကန် ပြည်ထောင်စု အတွင်း တရားဝင် သုံးစွဲရန် အတွက် သတ်မှတ်ပေးသင့်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆေးမှာ မူလက HIV ပိုးရှိသူ လူနာများကို ကုသရန် အတွက် ထုတ်လုပ်ခဲ့သော်လည်း New England Journal of Medicine တွင် ဗုဒ္ဓဟူး နေ့က ဖော်ပြရာ၌ လိင်ကွဲ ဆက်ဆံဖက်များ အတွင်းတွင်လည်း ကူးစက်မှုကို တားဆီးနိုင်ကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။
HIV ရောဂါပိုးမှာ လိင်ဆက်ဆံမှုမှ တစ်ဆင့် အာဖရိကတွင် ကူးစက်မှု အများဆုံး နည်းလမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။ အလားတူပင် အမေရိကန် ပြည်ထောင်စုတွင် ရှိသည့် ဆရာဝန်များမှလည်း ယင်းဆေးကို ကူးစက်မှု များပြားနိုင်သည့် ပတ်ဝန်းကျင်တွင် နေရသူများ အတွက် သုံးစွဲသင့်ကြောင်း တံဆိပ် မတပ်သည့် ဆေးတစ်မျိုး အဖြစ် ညွှန်းခဲ့ကြောင်း ပြောခဲ့သည်။ ယခုဆေးကို တရားဝင် သုံးစွဲရန် ခွင့်မပြုသေးသော်လည်း သုံးစွဲမှု နှုန်းမှာ မြင့်မား လာနေကြောင်း လေ့လာမှု အသစ်ပြုနေသူ ဒေါက်တာ Robert M. Grant မှ ပြောကြား သွားခဲ့သည်။
MRTV-4 - လေ့လာ တွေ့ရှိမှုအရ Truvada ဆေး ကို AIDS ကာကွယ်ရေးတွင် သုံးစွဲရန် တောင်းဆိုခံရ




