25
Aug

ဝေဘာဂီဆေးရုံရှိ အေအိုင်ဒီအက်(စ်) ရောဂါခံစားရသူများ မင်္ဂလာဒုံသို့ ပြောင်းရွှေ့မည်



မင်္ဂလာဒုံဆေးရုံကြီးတွင်
အတွင်းလူနာများအတွက် ၂၄ နာရီဖွင့်လှစ်ပေးလျက်ရှိပြီး HIV ပိုး ရှိမရှိ သွေးစစ်ဆေးရမည်ဆိုပါက
ရုံးဖွင့်လုပ်သည်နေ့ရက်များတွင် မွန်းလွဲ ၁၂ နာရီမထိုးခင် အချိန်အထိ စစ်ဆေးပေးလျက်ရှိကြောင်း
ကူးစက်ရောဂါများကိုသာ အထူးကုသလျက်ရှိသော ဝေဘာဂီ ဆေးရုံရှိ အေအိုင်ဒီအက်(စ်) ရောဂါခံစားရသူများအနေဖြင့်
မင်္ဂလာဒုံ ဆေးရုံသို့ ပြောင်းရွှေ့ကုသမှု ခံယူရမည် ဖြစ်ကြောင်း ဝေဘာဂီ ကူးစက်ရောဂါ ဆေးရုံကြီး၏
တာဝန်ရှိသူက ပြောပါသည်။

"ဒီမှာက
သွေးစစ်တာလောက်ပဲ ရတော့တယ်။ အတွင်းလူနာအဖြစ် တင်ရမယ် ဆိုရင်တော့ မင်္ဂလာဆေးရုံကြီးမှာ
ကုသရမယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောပါသည်။

ယခင်ကုသလျက်ရှိသော
လူနာများအား မင်္ဂလာဒုံဆေးရုံကြီးသို့ ပြောင်းရွှေ့မှုများ ပြုလုပ်လျက် ရှိကြောင်း မင်္ဂလာဒုံဆေးရုံကြီးတွင်
အတွင်းလူနာများ အတွက် ၂၄ နာရီ ဖွင့်လှစ်ပေးလျက် ရှိပြီး HIV ပိုး ရှိမရှိ သွေးစစ်ဆေးရမည်
ဆိုပါက ရုံးဖွင့်လှစ်သည် နေ့ရက်များတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁၂ နာရီအချိန်အထိ
စစ်ဆေးပေးလျက် ရှိကြောင်း ၎င်းက ဆက်ပြောပါသည်။

"ကုသခံမယ့်
လူနာတွေအတွက် မင်္ဂလာဒုံကိုပဲ သွားပြဖို့ ပြောထားတယ်။ အဲဒီမှာက ARV လည်း ပေးတယ်လို့ ပြောတာနဲ့
PLHA တွေကို အဲဒီကိုပဲ သွားခိုင်းတယ်" ဟု HIV ရောဂါနှင့် ပတ်သက်၍ ပညာပေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိသော အင်န်ဂျီအိုတစ်ခု၏ တာဝန်ရှိသူက ပြောပါသည်။

ဝေဘာဂီ
ကူးစက်ရောဂါကု ဆေးရုံကြီးသည် HIV ပိုးရှိသူများ တီဘီရောဂါရှိသူများ စသည့်ကူးစက်ရောဂါများအား
အဓိကထား ကုသပေးလျက်ရှိသော ဆေးရုံကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့လူတုပ်ကွေး ရောဂါ A/H1N1 ဖြစ်ပွားသူများကိုလည်း
ကုသလျက် ရှိပြီးလူနာဦးရေ သုံးရာကျော် ကုသနိုင်သည်။

AIDS
ရောဂါကူးစက် ခံရသူများအား ARV ဆေးဝါးများ သောက်သုံးရန်အတွက် ဆောင်ရွက် ပေးလျက်ရှိသော
ဆေးရုံကြီးတစ်ခုလည်း ဖြစ်သည်။

ဇော်မင်းနိုင်


သြဂုတ်၊ ၂၀၁၀ (အတွဲ ၂၊ အမှတ် ၄၉)(စာမျက်နှာ ၃)

True News
- ဝေဘာဂီဆေးရုံရှိ အေအိုင်ဒီအက်(စ်) ရောဂါခံစားရသူများ မင်္ဂလာဒုံသို့ ပြောင်းရွှေ့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top