1
May

သွေးစစ်သင့်မစစ်သင့် နဲ့ သွေးဘယ်မှာ စစ်ရမလဲ

မေး ။  ။ ဟုတ်ကဲ့ အရင်ဆုံး မေးချင်ပါတယ်…


တီချမ်းရေ…

 

မိမိကိုယ်ကို
သံသယရှိမိတယ်ဆိုရင်ပေါ့နော်.. ရန်ကုန်မှာဆိုရင် ဘယ်နေရာတွေမှာ သွေးစစ်လို့
ရနိုင်ပါသလဲပေါ့ ကျွန်တော်တို့လဲ အနည်းအကျဉ်းသိထားပေမယ့် မသိသေးတဲ့ ညီမငယ်မောင်ငယ်
တွေအတွက်ပေါ့… ရန်ကုန်တင် မဟုတ်ပဲ ဖြစ်နိုင်မယ်ဆိုရင်
တိုင်းနှင့်ပြည်နယ်အလိုက်မြို့ကြီးတွေ့ သွေးစစ်နိုင်မယ့်နေရာတွေ
မျှဝေပေးချင် ပါတယ်…….

 

ဖြေ ။  ။ ဟုတ်ကဲ့ ကိုမျိုး ကို အရင်ဖြေပေးရမယ်ဆိုရင်

 

သံသယ
ရှိတယ် ဆိုတာ ဘာလဲပေါ့နော် အရင်ဆုံး သံသယ ရှိမယ် ဆိုရင် သံသယ ရှိလောက်စရာ ကိုယ်
“တကယ်” တခုခု လုပ်ခဲ့မိပြီလား ဆိုတာ အရင် ဆန်းစစ်စေချင်ပါတယ် ဘာလို့လဲဆိုတော့ တကယ်
ဘာမှ မဖြစ်ခဲ့ပဲ အလကား သက်သက် စိတ်မပူနေစေချင်ဘူးလေ

 

ကဲ
အဲ့တာတွေမပြောခင် အရင် ဂျင်နရယ် ဗဟုသုတ အနေနဲ့ ဒါလေးတွေသိထားဖို့လိုပါတယ်။ HIV 101
ပေါ့နော်။ အဲ့တာတွေကတော့

 

အဓိက
HIV ကူးစက်နည်း ၃ မျိုး

 

1.
သွေးမှ တဆင့်ကူးစက်တာ (ပိုးရှိတဲ့သွေးသွင်းမိတာမျိုး၊ ပိုးရှိသူနဲ့ ဆေးထိုးအပ် အတူ
သုံးစွဲတာမျိုးကနေအဓိက ကူးပါတယ်)

 

2.
အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ကနေ ကူးပါတယ် (လိင်တူ၊ လိင်ကွဲ နှစ်မျိုးစလုံးပါ)

 

3.
မိခင်မှ တဆင့် သန္ဓေသား ကို ကူးစက်တာ က တမျိုးပါ။

 

HIV
ကူးစက်စေနိုင်တဲ့အခြေအနေ ၄ မျိုး နဲ့ ပိုးပါတဲ့ အရည်တွေ

 

1.
HIV ပိုးဟာ ပိုးရှိတဲ့သူရဲ့ ခန္ဓာထဲကနေအရည်တခုခု အနေနဲ့ ထွက် လာရပါမယ်

 

2.
ပြီးတော့ အဲ့ဒီ ထွက်လာတဲ့အရည်တွေမှာကူးစက်နိုင်ဖို့ လုံလောက်တဲ့ ပိုး ပမာဏ
ကွမ်တတီ
ပါရမှာဖြစ်ပါတယ်။ ဆိုလိုတာက ပိုးရှိတဲ့သူရဲ့ ခန္ဓာကထွက်လာတဲ့ အရည်သည်
လုံလောက်တဲ့ ပိုးပမာဏကို ထိန်းထားနိုင်တဲ့ အရည်မျိုးဖြစ်ရပါမယ်။ ဥပမာ…သွေး၊ သုတ်၊
သုတ်ရည်ကြည်၊ မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ မိခင်နို့တို့ဖြစ်ပါတယ်။
ကျန်တဲ့အရည်တွေမှာ ကူးစက်နိုင်စေလောက် တဲ့ ပမာဏရှိတဲ့ပိုးမပါလာနိုင်ပါဘူး။
အဲ့တာကြောင့် လေကုန်ခံပြီး ချွေး၊ တံတွေး စတာတွေကို မပြောတော့ပါဘူး။

 

3.
နောက်ပြီးတော့ အဲ့လို အရည်တခုခုနဲ့ထွက်လာတဲ့ပိုးတွေဟာ ခံနိုင်ရည် ကွာလတီ
ရှိရပါမယ်။ HIV ပိုးဟာ ခန္ဓာ ပြင်ပ မှာဆိုရင် အင်မတန်မှနုပါတယ်။
လေသလပ်တာခံရတာနဲ့တင် သေနိုင်ပါတယ်။ သူတို့ အသက်ရှင်ရပ်တည်ဖို့က ကိုယ်ခန္ဓာ
အပူချိန်နဲ့ အခြေအနေ လိုပါတယ်။ ဥပမာ အပြင်ကို ရောက်လာတဲ့သွေးတစက်ဆိုရင်
လေသလပ်လို့ ချက်ချင်း ခြောက်သွားနိုင်ပါတယ်။ အဲ့တာဆိုရင် အဲ့မှာပါတဲ့ HIV ပိုးတွေဟာ
ချက်ချင်းသေသွား နိုင်ပါတယ်။ သွေးပမာဏပေါ်တော့မူတည်တာပေါ့လေ။ ဒါပေမယ့်
များသောအားဖြင့်က ချက်ချင်းလိုလိုသေပါတယ်။ နောက် တခြား အခြေ အနေတွေ…ဥပမာ ခံတွင်းထဲက တံတွေးမှာပါတဲ့ အက်ဆစ်ဓါတ်တမျိုးကလဲ ပိုးကို ခံနိုင်ရည် ကျစေနိုင်သလို
ကျတော်တို့ အစာအိမ်ထဲမှာ ရှိတဲ့ အစာချေရည် အက်ဆစ်တမျိုးကလဲ HIV
ကိုသေစေနိုင်ပါသတဲ့။ အဲ့တော့ ပါးစပ်နဲ့လိင်ဆက်ဆံတာမျိုး၊ သုက်ရည်မြိုချတာမျိုး၊
နှုတ်ခမ်းချင်းတေ့စုပ်ပြီး နမ်းတာမျိုးတွေကနေ မကူးနိုင်ဘူးဆိုတာရှင်းပါလိမ့်မယ်။

 

4.
နောက်တခုကတော့ ခုနက ပိုးရှိတဲ့သူ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အဲ့ဒီပိုးပါတဲ့အရည်တွေဟာ
နောက်တယောက်ရဲ့ခန္ဓာကိုယ်ထဲကို ဝင် ရပါမယ်တဲ့ လမ်းကြောင်းပေါ့
အဲ့တာလိုပါတယ်။ ဒီမှာ တခု ဖြေရှင်းချင်တာက ခုနက ပြောတဲ့ တံတွေးနဲ့ မျက်ရည် ချွေး
စတာတွေမှာပိုးမပါဘူးလို့ပြောခဲ့ပါတယ်။ အမှန်ကတော့ အလွယ်ပြောတာပါ။ ပိုးက ပါပါတယ်
ဒါပေမယ့် အချက် ၂ နဲ့ ၃ ကိုမကျော်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဥပမာ
တံတွေးထဲမှာပါတဲ့ ပိုးပမာဏက နောက်လူကို HIV ပိုးကူစက်စေနိုင်ဖို့ဆိုရင်
အဲ့ဒီလူထဲကို ဝင်ဖို့က ဂါလံနဲ့ ချီပြီးလိုပါသတဲ့။ အဲ့တော့ လူတယောက်က တံတွေးလို
ချွေးလို မျက်ရည်လို အရာမျိုးက ဂါလံနဲ့ချီပြီး ထုတ်လုပ်နိုင်ပါ သလား၊ ပြီးတော့
နောက် လူတယောက်ရဲ့ ကိုယ်ထဲကိုလဲ အဲ့လို ဂါလံနဲ့ ချီတဲ့ အရည်တွေဝင်ဖို့
လမ်းကြောင်း ရှိပါသလား။ မရှိနိုင်ဘူးဆိုရင် ရှင်းပါပြီနော်။ အဲ့တာကြောင့်
အဲ့ဒီအရည်တွေမကူးနိုင်လို့ စကားထဲထည့်မပြောကြ တာပါ။ ဒါပေမယ့် သွေး၊ ဒါမှမဟုတ်ခုနက
အပေါ်မှာ ပြောခဲ့တဲ့ အရည်တမျိုးမျိုးဆိုရင်တော့ တစက်ကလေးမှာတောင် ကူးစက်ဖို့
လုံလောက်တဲ့ပိုး အရည်းအသွေးကော အရည်အတွက်ကော ရှိပါသတဲ့။ ပိုရှင်းအောင် အောက်မှာ
English လိုကြည့်ကြည့်လိုက်နော်။ အတိုကောက်ကိုတော့ ESSE ဒါမှမဟုတ် QQR
လို့မှတ်လို့ရပါတယ်။

 

Four
Conditions for HIV Transmission

 

1.
Virus must EXIT the body it occupies (ROUTE)

 

2.
There is SUFFICIENT quantity of HIV (QUANTITY)

·                    
spinal
cord fluid, blood, seminal fluid, vaginal fluid & breast milk

·                    
NOT
saliva, tears, sweat, urine, stool

 

3.
Virus must SURVIVE (QUALITY)

·                    
HIV
cannot live outside the human body & is easily destroyed (e.g., acid in
stomach)

 

4.
Virus must ENTER the other person’s blood stream directly (ROUTE)
thru:

·                    
Unprotected
penetrative sex

·                    
Blood
to blood – e.g., using same injection equipment

·                    
From
mother to baby

 

အဲ့တော့
လူတယောက်ကနေ နောက်လူတယောက်ကို HIV ကူးစက်နိုင်ဖို့အတွက်က အဲ့ဒီအချက် ၎
ချက်စလုံးသေချာပြည့်စုံမှန်ကန်မှ ဖြစ်နိုင်ပါသတဲ့။ တချက်ချက်နဲ့ လွဲနေရင်
မကူးနိုင်ပါဘူးတဲ့။ တခု သတိထားဖို့ ရှိတာက အဲ့ဒီလူက ကိုယ့်ကို
အမှန်ပြောမပြောဆိုတာပါပဲ။ လူတွေက ခေါင်းရိတ်တဲ့ ဓါးကနေ ကူးလာတယ်၊
သွားစိုက်ဆိုင်ကနေ ကူးလာတယ်။ ပိုးရှိတဲ့လူရဲ့ ပစ္စည်းသုံးမိလို့ကူးလာတယ် စသဖြင့်
ပြောတတ်ကြပါတယ်။ ခုနကပြောတဲ့ အချက် ၄ ချက်နဲ့နိုင်းယှဉ်စဉ်းစားပါ။ ဥပမာပေးမယ်…
ဓါးကနေတဆင့်ကူးတယ် အိုကေနော်… English လို reality check လို့ခေါ်ပါတယ်… လူတယောက်က
မုတ်ဆိတ်ရိတ်တယ်ပေါ့ ဓါးရှတယ်ပေါ့ ပြီးရင် ဘာလုပ်ပါသလဲ…ရေမဆေးဘူးလား။ နောက်လူတယောက်ကကော
ချက်ချင်း လာသုံးသလား….“ဟား ဟိုကောင် ရိတ်သွားတယ်ဓါးမှာ သွေးတွေနဲ့ အပိုင်ပဲ
ငါလဲရိတ်လိုက်အုံးမှ” လို့ဘယ်နှယောက်ကများ လုပ်မလဲ စဉ်းစားကြည့်ကြ ပါနော်။ အဲ့လိုပဲ
ကဲ ပထမလူက မဆေးဘဲထားခဲ့တယ် ပဲထားပါတော့ ခုနကပြောခဲ့တယ်လေ လေသလပ် တာနဲ့
သွေးခြောက်ရင် HIV ကသေပါတယ်လို့ အင်မတန်နုတဲ့ပိုးလေးပါ။

 

နောက်
နည်းနည်းထပ်ဆွေးနွေးရမယ်ဆိုရင် တီတို့ရဲ့ body defense mechanism ခန္ဓာဗေဒရဲ့
အလိုအလျောက်တုံ့ပြန်မှုစနစ် (အင်း အီးလိုပြောရတာ ပိုလွယ်တယ် မြန်မာလိုက
ရှင်းရခက်တယ်) က ဥပမာ လက်ကို ဓါးရှတယ်ဆိုပါတော့… လက်က ဥပမာနော်
ဘယ်နေရာပဲဖြစ်ဖြစ်ပါ။ ဘယ်လိုဖြစ်လဲ….သွေးက ငှောက်တောက် ပန်းထွက်တာမှလား…
ကဲခုနပြောတဲ့ ဥပမာကိုပဲ ပြန်ကောက်မယ်နော် အရင်လူက ဓါးရှတယ်၊ သူ့မှာကလဲ ကံဆိုးစွာပဲ
ပိုးရှိတယ်။ ကို့ကိုလဲထပ်ရှတယ်။ ကဲ အချက်၎ချက်နဲ့ ချိန်ကြည့်ရအောင် ပထမ ၃
ချက်မကိုက်ဘူးလား။ ကိုက်နေပါတယ်နော်.

 

ဒုတိယ
နဲ့ တတိယ အချက်တွေ ကော ကိုက်လား သွေး ဆိုတော့ ကွာလတီ ကော ကွန်တတီ ကော ကိုက်တယ်လို့ပဲ
ပြောပါမယ်နော် အဲဒါပေမယ့် နောက်ဆုံးအချက်လေ ကိုယ့်ဆီကသွေးကလဲ ပန်းထွက်လာတာလေ
ပန်းဝင်သွားမှ မဟုတ်တာ။ အဲ့တာဆိုရှင်းမယ်ထင်ပါတယ်နော်။ တီ့စာဖတ်ရင်
လူလည်ချည်းပဲပေါ့။ ဒီလောက်ပြရင် အကုန် မြင်လောက်ပြီနော်။

 

တခုတော့ရှိတယ် သွေးသွင်းတာတို့ မူးယစ်ဆေးထိုးတာတို့မှာသုံးတဲ့အပ်က အခေါင်းပေါက်ပါတယ်
အဲ့ဒီအခေါင်းကလဲ လေမခိုနိုင်အောင် လုပ်ထားတာဖြစ်တဲ့အတွက် အဲ့ဒီမှာ
ကပ်ကျန်နေတဲ့ပိုး ဆိုရင်တော့ အချိန်တော်တော် ကြာတဲ့ အထိ အသက်ရှင်နိုင်ပါတယ်။ သူ့မှာ
ကိုယ်ခန္ဓာအပူချိန် မရှိပေမယ့် လေမဝင်နိုင်တဲ့အတွက် သွေးပမာဏ အလျောက် အပ်ကထိန်းပေးထားနိုင်တာကိုး။
နောက် နမ်းတာကနေကော ကူးမလား စဉ်းစားကြည့်ရအောင်… လူတယောက်က နေ ပိုးကထွက်လာရပါမယ်။
အရည် ဘာအရည်လဲ။ ဘယ်သူကများ ဟယ်သွေးတွေနဲ့ ပါးစပ်ကြီး လာနမ်းလိုက်ကြစို့
လို့များရှိသလား အဲ twilight light တို့ new moon saga တို့ထဲက ဒရက်ကူလာ Robert
Pattinson ဆိုရင်တော့ တီလဲပြောတတ်ဘူး။ ရောဘတ် ပက်တီစန် နဲ့ဆိုရင်တော့ တီဆိုရင်လဲ
ထပ်ကူးမယ် ဆိုရင်တောင် အကြိမ်တထောင်ကူးဝံ့တယ်လို့ပဲ ပြောချင်တယ်

 

တခု
ထပ်ပြောပါမယ် စကားမကျန်အောင်ပါ။ တီခုပြောနေတာာ HIV အကြောင်းနော်။ တခြား ကာလသား
STIs/STDs (Sexually Transmitted Infections/Diseases) တွေမပါဘူးနော်။ အဲ့တော့ HPV
B တို့ HPV C တို့စတဲ့ အသည်းရောင် အသားဝါ ပိုးတွေ တခြား ဆစ်ဖလစ် ဘာညာ တွေမပါပါဘူး။

 

အဲ့တော့
……ခုနက စကားကို ပြန်ဆက်ပါမယ် ကိုယ့်ကိုကိုယ် သံသယ ရှိရင် ဆိုရင် ခုန က ပြောတဲ့
အချက်တွေထဲ က တခုခု နဲ့ ကိုက်မကိုက် အရင် ကိုယ့်ဘာသာ ဆန်းစစ်ကြည့်ပါ မလိုအပ်ဘဲနဲ့
စိတ်မပူစေချင်ပါဘူး

 

အခုဟာကတော့
အခြောက် ဆိုက်ဆိုတော့ တီက ပွင့်ပွင့် လင်းလင်း ပဲ ဖြေပေးပါမယ်နော်

 

အဲ
ကွန်ဒုံး မပါဘဲ ခံမိ ပို့မိ ပြီဆိုရင်တော့ သေချာတယ် အန္တရာယ်ရှိနိုင်ပြီ
အဲ့တာဆိုရင်တော့ စစ်ဆေး ရပါမယ်

 

အဲ့တာဆိုရင်
ခုန က ကိုမျိုးမေးတဲ့ ဘယ်နေရာတွေမှာ စစ်ရမလဲဆိုတာ ကိုဖြေပါမယ်

 

တီလဲ
မြန်မာပြည် နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီဆိုတော့ နည်းနည်းတော့ အင်ဖော်မေးရှင်း
လွှဲနိုင်ပါတယ် ထပ်ပြီးတော့ သေချာမေးပြီး ရီကွန်ဖန်း လုပ်ပေးပါမယ်

 

ခုလောလောဆယ်
သေချာ သိတာတွေကတော့

 

1.           
နယ်စည်းမထား
ဆရာဝန်များရဲ့ အေဇက်ဂျီ သဇင်ဆေးခန်းတွေမှာ ရပါတယ် တီသိသလောက် (၁) လှိုင်သာယာ (၂)
အင်းစိန် ဖော့ကန် (၃) သာကေတ (၄) သူတို့ နယ်စည်းမထား ရုံးချုပ် သံလွင်လမ်း
(အောင်မင်းခေါင် လမ်း) အဲ့မှာတော့ သွေးစစ်ပေးမပေး သေချာမသိပါ (၅) ရွှေပြည်သာ (၆)
တောင်ဥက္ကလာ (၇) ကမ္ဘာအေး နားမှာ လဲ တခုရှိပါတယ်

 

2.           
နောက်တခုက
တချို့ ပုဂ္ဂလိက ဆေးခန်း လေးတွေကလဲ သဇင် နဲ့ ဆက်ထားတာလေးတွေ ရှိပါတယ် သူတို့ အဓိက ကတော့
ကာလသားကုပေးတာပါ အဲ့ကနေမှတဆင့် သွေးစစ်ချင်တယ် ဆိုရင်တော့ နှစ်သိမ့်ဆွေးနွေးတာလဲ
ရနိုင်မယ့် သွေးလဲစစ်ပေးနိုင်မယ့် သူတို့ ဆေးခန်းခွဲတွေ ဒါမှမဟုတ် PSI
ကဖွင့်ထားတဲ့ အရင်နေ ဆေးခန်းခွဲတွေက QC ရှိတဲ့ နေရာတွေကို ညွှန်ပေးနိုင်ပါတယ်

 

3.           
အမ်ဒီအမ်
(သူကတော့ ပြင်သစ်လို ကမ္ဘာဆရာဝန်များအဖွဲ့ပါ) သူက ကန်ရိပ်သာလမ်း (နန္နာလှိုင် အိမ်နဲ့
ကပ်ရက်) မှာ နားခိုရာဆိုလား ခိုနားရာဆိုလား ဆေးခန်းရှိပါတယ် အဲ့မှာလဲ သူက အခြောက်တွေ အခြောက် လင်တွေ ဖော်ကာတွေအတွက် သွေးစစ်ပေးတာ နှစ်သိမ့်ဆွေးနွေးပေးတာ
တွေ လုပ်ပေးပါတယ်

 

4.           
နောက်
အများသိကြတဲ့ PSI ရဲ့ TOP စင်တာပါ ရှစ်မိုင် မှာ ရှိပါတယ် မှတ်တိုင်ကနေ
ကိုးမိုင်ဘက်ကို နည်းနည်းဆက်လျောက်လိုက်ရင် လက်ဘက်ရည်ဆိုင် နာမည်ကြီး လပ်ကီး ၇
လားမသိ မရောက်ခင် နားမှာပါ သူတို့ကလဲ DIC (drop in center) ဖွင့်ထားတာပါ
အခြောက်တွေ အခြောက်လင်တွေနဲ့ ဖော်ကာတွေ အတွက်ပါပဲ အဲ့မှာလဲ ကာလသားကုတာ သွေးစစ်တာ
နှစ်သိမ့် ဆွေးနွေးပေးတာတွေ အကုန်ရှိပါတယ်

 

5.           
နောက်
အမျိုးသား ခုခံအားကျ နှင့် ကာလသားကုတွေ မြို့နယ်တွေမှာရှိပါတယ် အဲ့မှာတွေလဲ
သွေးစစ်လို့ ရပါတယ် အဲ့တာတွေကတော့ အစိုးရပေါ့

 

6.           
နောက်
NHL (National Health Laboratory) လို့ခေါ်တဲ့ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်း
မှာလဲ သွေးစစ်လို့ရပါတယ် တီကတော့ တခါမှ အဲ့မှာ မစစ်ဘူးပါဘူး ဒါပေမယ့် ခုန က
အမ်ဒီအမ် တို့ နဲ့ တချို့ ဆေးရုံ ဆေးပေးခန်းတွေလဲ သူတို့ဆီမှာ သွေးစစ်လို့
မရခင်တုံးက အဲ့ကို ညွှန်းပြီး သွေးစစ် တာမျိုး ရီဖား လုပ်ပေးတာမျိုးတွေ လုပ်ကြပါတယ်
သူကတော့ ပိုသေချာတာပေါ့

 

7.           
နောက်တခုက
အိမ်မည်းကြီးလို့ တီတို့တွေ အလွယ်ခေါ်ကြတဲ့ အမျိုးသားနှစ်သိမ့် ဆွေးနွေးရေး ဗဟိုမှာလဲ
သွေးစစ်လို့ ရပါတယ် သူရဲ့ တည်နေရာကတော့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ရှေ့မှာ ရှိတဲ့
ဦးနှောက် နဲ့ အာရုံကြော ဌာန ဘေးကနေ ဝင်ရင် (ဘေးက လသာ ၁ လာ ၂ လာ မသိ ကျောင်းနဲ့
ကပ်ရက် ဘက် အပေါက်ကနေဝင်ရင်) ရောက်ပါတယ် အဲ့နားမှာ အိမ်မည်းကြီး လို့မေးရင် ရပါတယ်

 

လောလောဆယ်
တီ့ခေါင်းထဲ ရောက်လာသမျှပါ နောက်ပြီး ပုဂ္ဂလိက ဆေးခန်းလေးတွေမှာလဲ သွေးစစ်လို့
ရပါတယ် တခုမှာ ချင်တာက အပြင်ဆေးခန်းတွေ မှာ စစ်ရင် ကောင်းစလင်း လို့ခေါ်တဲ့
နှစ်သိမ့်ဆွေနွေးပေးတဲ့ ဝန်ဆောင်မှု ရဖို့ခဲယဉ်းပါတယ် အဲ့တာဆိုရင် ပေါ့စတစ်
မဖြစ်ရင် ဘာမှမသိသာပေမယ့် ပေါ့စတစ်များဖြစ်ခဲ့သည်ရှိသော် ကောင်းစလင်း ရထားရင်
နည်းနည်း သက်သာနိုင်ပါတယ်။ ။

 

Movie Myanmar - သွေးစစ်သင့်မစစ်သင့် နဲ့ သွေးဘယ်မှာ
စစ်ရမလဲ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top