ဟောင်ကောင် ကျန်းမာရေးဌာနမှ ထုတ်ပြန်ခဲ့သည့် စစ်တမ်းအဆိုအရ ၂၀၁၁ ကာလက ဟောင်ကောင်ကျွန်းတွင် HIV ကူးစက်ဝေဒနာရှင် စုစုပေါင်း ၄၃၈ ဦးသာရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကထက် ရာခိုင်နှုန်း အနည်းငယ် များပြားခဲ့ကြောင်း သိရှိရသည်။
ဟောင်ကောင်ကျန်းမာရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ဒေါက်တာဝမ်ကိုင်က" ပြည်ပမှာထက်စာရင် ဟောင်ကောင်မှာ အေ့စ်ကူးစက်ဖြစ်ပွားမှုနှုန်း အင်မတန် နည်းပါးခဲ့ပါတယ်။ ကျန်းမာရေးအသိ ပညာပေးဟောပြော ပွဲတွေနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့တာကလည်း အဓိကကျပါတယ်။ လာမယ့် ၁၀ စုနှစ် တစ်ခုအတွင်းမှာ လက်ရှိပမာဏရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကျန်ရှိရေး စီမံကိန်း ချဆောင်ရွက်နေပါတယ်" ဟု အင်တာဗျူး တစ်ခုတွင်ပြောကြား ခဲ့ပါသည်။
၁၉၈၅ ကာလက အေ့စ်ဝေဒနာရှင် ၇ ထောင်ခန့် ဟောင်ကောင်တွင်ရှိခဲ့ပြီး နှစ်ပေါင်း ၃၀ နီးပါးအကြာတွင် ဝေဒနာရှင် ၄၀ဝ ကျော်သာ ရှိတော့သည်ကို တွေ့ရှိရလေသည်။
ရိုးရာလေး - ဟောင်ကောင်တွင် အေ့စ် ဝေဒနာရှင် ၄၃၈ ဦးသာရှိခဲ့




