26
Feb

အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ

အေအာတီဆေးဝါး လိုအပ်နေသည့်
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအား IUATLD အဖွဲ့က ဆေးဝါးများ ထောက်ပံ့သွားမည်

 

သာကေတမြို့နယ် အထူးကု ဆေးရုံ(သာကေတ)ရှိ အေအာတီ ဆေးဝါးလိုအပ်နေသည့်
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအား International Union Against TB
and Lung Diseases (IUATLD) အဖွဲ့မှ ဆေးဝါးများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် သာကေတ မြို့နယ် အထူးကုဆေးရုံ(သာကေတ)တွင်
တက်ရောက်ကုသနေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကူးစက်ခံ ရသူများအနက် အေအာတီဆေးဝါး
ဖြင့် ကုသရန် သင့်လျော် သည့် လူနာ များကို ထောက်ပံ့မှုများပေးသွားမည် ဖြစ်ရာ ယင်းအစီအစဉ်ကို
ယခုနှစ် အတွင်း စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းနှင့် ကူး စက်ခံရသူဦးရေ ၂၀၀
ဝန်းကျင်ခန့် ကို ထောက်ပံ့ မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

"အခုလက်ရှိ အထူးကုဆေးရုံ (သာကေတ)မှာ နယ်ကလူနာတွေ အပြင်
ရန်ကုန်ကလူနာတွေကိုပါ အတွင်းလူနာအဖြစ် လက်ခံကုသ ပေးနေပါတယ်။ နောက်ပိုင်းမှာ IUATLD
အဖွဲ့နဲ့ပူးပေါင်းပြီး လူနာ တွေအတွက် လိုအပ်နေတဲ့ အေအာတီ ဆေးဝါးတွေအပြင် တီဘီအပါအ၀င်
တခြားအခွင့်အရေးယူဝင် လာတတ်တဲ့ ရောဂါတွေအတွက် ဆေးတွေ၊ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာတွေ၊
ပစ္စည်း ပံ့ပိုးပေးမှုတွေ လည်း ပူးပေါင်း လုပ်ဆောင်သွားဖို့အစီအစဉ်ရှိပါတယ်"ဟု ကျန်းမာရေးဦးစီးဌာန၊
ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။ သာကေတမြို့နယ်ရှိ
အထူးကု ဆေးရုံ (သာကေတ)တွင် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နေ့မှစတင်၍ အိတ်ခ်ျအိုင်ဗွီ
အေအိုင်ဒီ အက်စ် ဝေဒနာရှင်များအား အတွင်းလူနာအဖြစ်စတင် ကုသပေးလျက်ရှိကြောင်းသိရသည်။


ELEVEN MEDIA
GROUP
- အေအာတီဆေးဝါး
လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအား IUATLD အဖွဲ့က ဆေးဝါးများ
ထောက်ပံ့သွားမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top