13
Feb

အေအာတီဆေး အခမဲ့ထောက်ပံ့မည်


 

အေအာတီ ဆေးကုသရန် လိုအပ်သော
အေအိုင်ဒီအက်ဝေဒနာရှင်များအား နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုမှ ဆေးဝါးများ
ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အေအာတီဆေးဝါးကို
ထောက်ပံ့ပေးမည့် အဖွဲ့မှာ International Union Against TB and Lung Diseases
(IUATLD)ဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အနေဖြင့် သာကေတမြို့နယ် အထူးကု ဆေးရုံကြီးရှိ
အေအာတီဆေး အမှန်တကယ် လိုအပ်လျက်ရှိသော အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အား
ဆေးဝါးထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ဆေးရုံမှာ အိတ်ခ်ျအိုင်ဗွီ/
အေအိုင် ဒီအက်စ်ဝေဒနာရှင်တွေကို အတွင်းလူနာအဖြစ် လက်ခံကုသပေးနေပါတယ်။ အခုတော့
ဒီလူနာတွေ ထဲက အေအာတီဆေး လိုအပ်တဲ့ ဝေဒနာရှင်၂ဝဝလောက်ကို ဆေးဝါးထောက်ပံ့ပေးမယ် လို့တော့
သိရပါတယ်။ ဝေဒနာရှင်တွေ တော်တော်များများကတော့ အေအာတီဆေး လိုအပ်နေတာ ပါပဲ”ဟု သာကေတ
အထူးကုဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ အဆိုပါ ဆေးဝါး ထောက်ပံ့ ခြင်း
အစီအစဉ်ကို ယခုနှစ်တွင် စတင်နိုင်မည် ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ အခြား ထောက်ပံ့မှုများလည်း
ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

 

Flower News
Journal

 

၁၃.၃.၂၀၁၁

 

Yatanarpon - အေအာတီဆေး အခမဲ့ထောက်ပံ့မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top