မြို့နယ်ဆေးရုံများ၌ အေအာတီ ဆေးပေးခြင်းကို ယခုနှစ်အတွင်း တိုးချဲ့လုပ်ဆောင်သွားမည်ဟု အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။ ယခုနှစ်အတွင်း မြို့နယ် တစ်ရာ့လေးဆယ်တွင် အေအာတီ ဆေးပေးခြင်းကို တိုးချဲ့လုပ်ဆောင် သွား မည်ဖြ စ်ပြီး ဆေး သောက်ရန်လိုအပ်သည့် HIV ပိုးရှိ သူများအနေဖြင့် ကိုယ်နေထိုင်ရာ မြို့နယ်နှင့်
အနီးဆုံးမြို့နယ်တွင် ဆေးယူနိုင်မည်ဖြစ်သည်။ ”လူနာတွေ သွားယူချင် တယ် ဆိုရင် တော့အနီးဆုံးမြို့ မှာ သွားယူနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ မြို့နယ်အဆင့် ဆေးရုံများတွင် အေအာတီဆေးပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်း အ တာဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီးလာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့  နယ်ဆေးရုံတိုင်းတွင် အေအာတီ ဆေးဝါး ရရှိအောင်ပြုလုပ်မည်ဟု ၎င်းက ပြောသည်။
ဆေးယူရသည့် နေရာဝေးပါက၊ လူနာများအနေဖြင့် ဆေးတစ်နှစ်ခန့်သောက်ပြီးသက်သာပါက ဆေးလာမယူတော့သည့်အတွက် လူနာဘက်မှရေရှည်အားဖြင့် ကိုယ်နေ ထိုင်ရာ မြို့နယ်ဆေးရုံတွင် ဆေးယူခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိရသည်။ ”အဓိက လူနာဘက်က ပြဿနာပေါ့။ ကျွန်တော်တို့ဆေးလည်း ရှိတယ်။ ဆေး ရုံတွေလည်း ဖွင့်ထားတယ်။ အဓိကက လူနာဘက်က လှိုင်သာယာမှာနေတဲ့ လူက လှိုင်သာယာမှာ ဆေးပြန်ယူဖို့ခက်တယ်။ ဘာလို့လဲဆိုတော့ လူသိမခံချင်လို့” ဟု ၎င်း ကဆိုသည်။
မြို့နယ်ဆေးရုံ ဆေးပေးခန်းများတွင်လည်း HIV ဆေးကုဌာနဟု နာမည်တပ် ကုသပေးမည်မဟုတ်ဘဲ သာမန်ရောဂါ လူနာကဲ့သို့ပင်လာရောက်ပြသပြီးဆေး ထုတ်ယူနိုင် မည်ဖြစ်သည့်အတွက် လူသိမည်ကို စိုးရိမ်ရန် မလိုအပ်တော့ကြောင်း ၎င်းကပြောသည်။ ယခင်က ဆေးရုံကြီးများတွင်သာ အေအာတီဆေးဝါးပေးခဲ့ရာမှ ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး မြို့နယ်အဆင့်ဆေးရုံများတွင် အေအာတီ ဆေးပေးခြင်းကို စတင်လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံတွင် HIV ပိုးရှိပြီး အေအာတီဆေးဝါးလိုအပ်သူ တစ်သိန်း ရှစ်ေ သာင်းဝန်းကျင်ရှိကာ ၂ဝ၁၄ နှစ်ကုန်အထိ လူနာခုနစ်သောင်း ခြောက်ထောင်ကျော်ကို အေအာတီဆေးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် လူဦးရေတစ် သိန်းကျော် ကို အေအာတီ ဆေးဝါးပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ယခုနှစ် HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်းများအတွက် Global Fund ထောက်ပံ့ငွေနှင့် အစိုးရထည့် ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာသုံးဆယ့်ငါးသန်း အသုံးပြုသွားမည်ဟု ဒေါက်တာ ထွန်းညွန့်ဦးက ပြောသည်။
မြတ်စုငြိမ်း (ရန်ကုန်၊ ဇန်နဝါရီ ၉)
ပေါ်ပြူလာ - အေအာတီ ဆေးကို မြို့နယ်ဆေးရုံများတွင် တိုးချဲ့ပေးသွားမည်




