27
Jan

အေအာရ်တီဆေး ယဉ်ပါးမှုမဖြစ်ရန် အရေးကြီး

အေ့ဒ်စ်ရောဂါသည်များအား
အေအာရ် တီဆေး ပေးရာတွင် ထိရောက်မှုရှိစေရန် ဆရာဝန်များ၏ ပူး ပေါင်းဆောင် ရွက်မှုအခန်းကဏ္ဍသည်
အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂ အိပ်ခ်ျအိုင်ဗီ- အေ့ဒ်စ် ပူးတွဲအစီအစဉ်မှ အရာရှိတစ်ဦး
ဖြစ်သူ ဒေါက်တာခင်ဇာလီအေး က ပြောသည်။

"ဆေးယဉ်ပါးမှုမဖြစ်စေဖို့
အေအာရ်တီဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့လုပ်ဆောင်မှုတွေကို လေ့လာစမ်း စစ်ဖို့လိုသလို
တိုးတက်နေတဲ့ ဆေးဝါး နည်းပညာသစ်တွေနဲ့အညီ သင်တန်းပေးဖို့ လို တယ်" ဟု ၎င်းက ပြောသည်။

အေအာရ်တီကုထုံးအပါအ၀င်
အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါဆိုင်ရာ စဉ်ဆက်မပြတ် ဆေးပညာသင်တန်း များကို မြန်မာနိုင်ငံဆရာဝန်
အသင်းအနေဖြင့် အဓိကထား လုပ်ဆောင်ပေးလျက်ရှိသဖြင့် ကျန်းမာရေး ၀န်ထမ်းတက်ရောက်ပါက မှန်ကန်၍
စနစ်ကျသည့် အေအာရ်တီကုထုံးကို လူနာများအား ပေးနိုင်မည် ဖြစ်ကြောင်း ဒေါက်တာ ခင်ဇာလီအေးက
ပြောသည်။

ဆက်လက်၍ အိပ်ခ်ျအိုင်ဗီပိုး
ခံစားနေရသူများဖြင့် ပူးပေါင်းဖွဲ့စည်းထားသော Myanmar Phoenix Group မှ သဘာပတိဖြစ်သူ
ဦးသီဟကြိုင်က တချို့သောဆေးခန်းများတွင် လုံလောက်သော နှစ်သိမ့် ဆွေးနွေး ပညာပေးမှုများ
မရှိဘဲ အေအာရ်တီဆေးများ ပေးလျက်ရှိကြောင်း ပြောသည်။

"တချို့ဆေးခန်းတွေမှာ
အေအာရ်တီကို ဒီတိုင်းပေးနေတယ်။ လူနာအတွက် အရမ်းအန္တရာယ် များပါ တယ်။ ဒါကြောင့် အိပ်ခ်ျအိုင်ဗီ
ဖြစ်ပြီ ဆိုတာနဲ့ ဒီရောဂါ အကြောင်း သေချာဗဟုသုတရှိတဲ့ ဆရာ ၀န်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့
တိုက်တွန်းပါတယ်"ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ အဆိုပါအဖွဲ့အစည်းမှ
အဖွဲ့ဝင်တစ်ဦးဖြစ်သူ မအေးမြသီတာ က ၂၀၀၃ ခုနှစ်တွင် ၎င်း ခင်ပွန်း အိပ်ခ်ျအိုင်ဗီပိုး ကူးစက်
ခံရပြီဆိုသည်နှင့် နှစ်သိမ့်ဆွေးနွေးမှု ကောင်းစွာမရခဲ့ဘဲ အေအာရ်တီ ဆေးသောက်ခဲ့ခြင်းကြောင့်
ငွေကုန်လူပမ်းဖြစ်ခဲ့ရကြောင်း ယခုလို ပြောပြသည်။

"၂၀၀၃ က
အမျိုးသားနေမကောင်းလို့ ပုဂ္ဂလိကဆေးခန်းတစ်ခုကို တင်ခဲ့ရပါတယ်။ ဆွေမျိုးတွေက အိပ်ခ်ျအိုင်ဗီ
ဖြစ်နေတယ်လို့ မပြောဘဲ တီဘီလို့ပြောတယ်။ အဲဒီနောက် ဆရာဝန်ပေးတဲ့ ဆေးကို မနက်၊ ည သောက်တယ်။
ဘယ်နှနာရီခြားပြီးမှ သောက်ရမယ်ဆို တာလည်း မသိခဲ့ပါဘူး။ နောက်ပိုင်း မှ အေအာရ်တီလို့
သိရပါတယ်” ဟု မအေးမြသီတာက ပြောသည်။

မြန်မာနိုင်ငံ
ဆရာဝန်အသင်းမှ ဒေါက်တာမြင့်ဇော်က အေအာရ်တီ ဆေးယဉ်ပါးမှု မဖြစ်စေရန် ဆရာဝန်၊ လူနာ၊ ဆေးဆိုင်အားလုံး၌
တာဝန်ရှိကြောင်း ပြောသည်။

"လူနာတွေကလည်း
အိပ်ခ်ျအိုင်ဗီ ဖြစ်ပြီဆိုရင် အပြင်ကို မပေါက်ကြားစေဘဲ ကြားဖူးနားဝနဲ့ ဆေး သောက်တယ်။
အိပ်ခ်ျအိုင်ဗီပိုး ခန္ဓာကိုယ်ထဲမှာ ရှိနေပြီ ဆိုပေမယ့် ၁၀ နှစ်၊ ၁၅ နှစ်ကာလအထိ အေအာရ်တီဆေး
မသောက်ရတဲ့သူ တွေရှိတယ်။ ဖြစ်လာရင် အိပ်ခ်ျအိုင်ဗီအကြောင်း သေချာပြော ပြနိုင်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ရမယ်"ဟု
ပြောသည်။

ထို့ပြင် ၎င်းက အေအာဗီဆေးသည်
အေ့ဒ်စ်လူနာအတွက် အလွန်အရေးကြီးသည့် ဆေးဝါးဖြစ်သည့် အတွက် ဆေးဆိုင်များ အနေဖြင့်လည်း
ကျွမ်းကျင် ဆရာဝန်၏ ဆေးညွှန်းပါမှ ရောင်းချသင့်ကြောင်း ပြောသည်။

အေ့ဒ်စ်လူနာအား
အေအာရ်တီဆေးပေးမည့် ဆရာဝန်များအနေဖြင့် အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်နှင့် အေအာ တီ ဆေးဝါးများအကြောင်း
သေချာကျနစွာ လေ့လာထားရန်လိုကြောင်း ပြောသည်။

ခင်မြတ်

မြန်မာတိုင်း(မ်)
-
အတွဲ ၂၆၊ အမှတ် ၅၀၂ ၊ အေအာရ်တီဆေး ယဉ်ပါးမှုမဖြစ်ရန် အရေးကြီး

 

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top