6
Oct

အေအာရ်ဗွီဆေးဝါး လိုအပ်သူ ခုနှစ်သောင်းကျော်ရှိ

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါအတွက် အေအာရ်ဗွီ
ဆေးဝါး လိုအပ်သူ ခုနှစ်သောင်းကျော် ရှိကြောင်း ကျန်းမာရေးဝန်းကြီးဌာနမှ
ထုတ်ပြန်ချက်အရ သိရသည်။

၂၀၀၉ ခုနှစ် စာရင်းများ အရ အရွယ်ရောက်သူများနှင့် ကလေးသူငယ် စုစုပေါင်း
၂၃၇,၆၈၄ ဦး (၀ ဒသမ ၆၁ ရာခိုင်နှုန်း) တွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်
ပိုးကူးစက်ခံထားရပြီး ထိုသူများတွင် နှစ်သောင်းကျော်သာ အေအာရ်ဗွီ
ဆေးဝါးရရှိနေကြောင်း သိရသည်။

“ဆေးရတဲ့သူ နှစ်သောင်းကျော် ရှိပေမယ့် တကယ့် တကယ် ဆေးလိုအပ်တဲ့သူလည်း
ခုနှစ်သောင်းကျော် ရှိနေပါတယ်” ဟု မှ UNAIDS တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တစ်နှစ်လျှင် အိတ်ခ်ျအိုင်ဗွီပိုး အသစ် ကူးစက်ခံရသူ ၁၇,၁၀၁ ဦးခန့် ရှိပြီး
အေအိုင်ဒီအက်စ်ရောဂါဖြင့် အသက်သေဆုံးသူ တစ်နှစ်လျှင် ၁၇,၅၆၆ ဦးခန့်ရှိကြောင်း
ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

အေအာရ်ဗွီဆေးသည် ခန္ဓာကိုယ် အတွင်းရှိ အိတ်ခ်ျအိုင်ဗွီပိုးကြောင့်
ပျက်စီးသွားသည့် ခုခံအား စနစ်များကို ပြန်လည် ကောင်းမွန်လာစေပြီး ပုံမှန် အတိုင်း
နေထိုင် သွားစေနိုင်ကြောင်း သိရသည်။

ထိုဆေးမှာ စသောက်သည်နှင့် တစ်သက်လုံး နေ့စဉ် မပျက်မကွက် သေသည်အထိ သောက်ရသည့်
ဆေးဖြစ်၍ တစ်နှစ်တစ်နှစ် တိုးပွားလာသော လူနာအသစ်များဖြင့် ဆေးလိုအပ်မှု များပြား
နေဆဲဖြစ်ကြောင်း အဆိုပါ UNAIDS မှ တာဝန်ရှိသူက ပြောသည်။

“ကျွန်တော်တို့ အတွက် ခရိးသွားမယ် ဆိုရင်တောင် အ၀တ်အိတ် မေ့ကျန်လာလို့
ရချင်ရမယ်၊ ဆေးကတော့ လုံးဝမေ့ကျန်လို့ မရဘဲ ကိုယ်နဲ့မကွာ အမြဲယူထားရတယ်” ဟု
အေအာရ်ဗွီ ဆေးဝါး ငါးနှစ်ကျော် သောက်နေသူ တစ်ဦးက ပြောသည်။ ယခုအချိန်တွင်
ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ရန်ပုံငွေများဖြင့် အိတ်ခ်ျအိုင်ဗွီ/
အေအိုင်ဒီအက်စ် ရောဂါကုသရေး၊ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း
သိရသည်။

ဝတ်ရည် (ရန်ကုန် - ၁၆-၉-၂၀၁၀)

7Day
News Journal:
Vol.9, No. 27,
Sept 23, 2010 -
စာ
- ၁၃

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top