Weekly Eleven
Journal, No-40,Vol-3 (23/7/2008)
၂၀၀၃ ခုနှစ်တွင် သမ္မတဘုတ်ရှ် လျာထားခဲ့သော
ဒေါ်လာ၁၅ ဘီလျံ၏ သုံးဆဖြစ်သော ၄၈ဘီလျံအား အာဖရိကတိုက် အေအိုင်ဒီအက်စ်
ရန်ပုံငွေအတွက် သုံးစွဲသွားရန် အထက်လွတ်တော်က ဇူလိုင်လ ၁၆ ရက်တွင် ထောက်ခံမဲ
၈၀၊ကန့် ကွက်မဲ၁၆ဖြင့် အတည်ပြုပေးခဲ့သည်။ ရန်ပုံငွေအား လာမည့်ငါးနှစ်အတွင်း
အသုံးပြုသွားမည်ဖြစ်ပြီး အမေရိကန်၏ ပမာဏအများဆုံး နိုင်ငံရပ်ခြား လူထုကျန်းမာရေး
အကူအညီ ဖြစ်ကြောင်းသိရသည်။
၂၀၀၃ ခုနှစ်တွင် လျာထားခဲ့သော ရန်ပုံငွေသ်ည အာဖရိက၊ဆာဟာရ
ဒေသရှိလူပေါင်း ငါးသောင်း၏ HIV/AIDS
ကာကွယ်ရေး သုတေသန အတွက်သာသုံးစွဲ နိုင်ခဲ့သော်လဲ အသစ်ပြဌာန်းလိုက်သော ပမာဏသည် ကမ္ဘာပေါ်ရှိလူပေါင်း
၁ ဒသမ ၇ သန်း အတွက် ကာကွယ်ကုသပေးနိုင် မည်ဖြစ်ပြီး HIV Positive ရှိသော အမျိုးသမီးများက မွေးဖွားမည့် ကလေး နှစ်သိန်းအား
HIV ကင်းဝေးသော ကလေးငယ်များဖြစ်ရန် ကူညီပေး နိုင်မည်ဖြစ်သည်။
“ခုအစီအစဉ်မှာ သုံးမယ့်တစ်နှစ်အတွက် ရန်ပုံငွေ ၁၀ ဘီလျံဟာ
ပြည်ထောင်စု ရသုံးငွေစာရင်းရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော
လူတွေရဲ့အသက်ကို ကယ်ဆယ်နိုင်ပြီး သူတို့ တွေရဲ့ စိတ်ဓါတ်ကို မြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။”ဟုကမ္ဘာ့
အေအိုင်ဒီအက် တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ မှ ဒေါက်တာ Paul Zeitz ကပြောကြားခဲ့သည်။
Weekly Eleven
Journal, No-40,Vol-3 (23/7/2008)




