19
Apr

အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရန် အင်ဒိုနီးရှားတွင် ရန်ပုံငွေပိုသုံးမည်



AP /

၂၀ ဇူလိုင် ၂၀၀၇


အင်ဒိုနီးရှားအစိုးရသည် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအတွက်
လက်ရှိသုံးငွေထက် လာမည့်
() နှစ်တွင်(၇၅) ရာနှုန်း တိုးမြှင့်သွားမည်ဟု
လူမှုဖူလုံရေးဝန်ကြီးက ပြောသည်။အဆိုပါ ရောဂါတိုက်ဖျက်ရေးအတွက် ယမန်နှစ်က
အသုံးပြုခဲ့သည့် အမေရိကန် ဒေါ်လာ
(၆၇) သန်း မှ ၂၀၁၀ တွင် (၂၆၃) သန်းအထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား လူမှုဖူလုံရေး ၀န်ကြီး
အဘူရစ်ဇယ် ဘာကရီး

က ယမန်နေ့တွင် ပြောသည်။

 

တိုးမြှင့်ငွေများကို နှစ်အနည်းငယ်အတွင်း
အိတ်ခ်ျအိုင်ဗွီရောဂါပိုး ပြန့်ပွားသူဦးရေ
() သန်းခန့်အထိ ဖြစ်ပေါ်လာနိုင်သော ပါပူဝါ
ပြည်နယ် တွင်အဓိကထား၍ 
အမြန်ဆုံးအသုံးပြုသွား မည်ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှု
လျင်မြန်စွာပြန့်ပွားနေသော နိုင်ငံများအနက် တနိုင်ငံဖြစ်ပြီး လူဦးရေ
(၂၃၅) သန်း အနက် ရောဂါပိုးရှိသူ (၂၉၀,၀၀၀) ဦးရှိပြီး 
ပြည့်တန်ဆာများနှင့် ဆက်ဆံသူများ၊ မူးယစ်ဆေးကို
အကြောတွင်းထိုးသွင်းသူများမှတဆင်
ရောဂါပိုး အဓိက ပြန့်ပွားနေခြင်းဖြစ်သည်။

 

ပါပူဝါခရိုင်တွင် ရောဂါကူးစက်ပြန့်ပွားမှု အဆိုးရွားဆုံး
ဖြစ်နေသော်လည်း  နိုင်ငံတော်၏ ရောဂါ
တိုက်ဖျက်ရေး လက်ရှိသုံးငွေ၏
() ရာခိုင်နှုန်းသာ ခရိုင်အတွက် ရရှိနေကြောင်း မစ္စတာ အဘူရစ်ဇယ်က
ဝန်ကြီးများအစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။ အိတ်ခ်ျအိုင်ဗွီ
/အေအိုင်ဒီအက်စ် အပါအ၀င် လိင်ဆက်ဆံရာမှ
ကူးစက်တတ်သော ရောဂါပိုးများနှင့် ပတ်သက်၍ ဗဟုသုတနည်းပါးခြင်းသည်
ပါပူဝါပြည်နယ်တွင်း အဆိုပါရောဂါများ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း
မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာမှုတခုအရ သိရှိခဲ့ပြီး
လိင်ပိုင်းဆိုင်ရာပညာပေးရေးနှင့်
ကွန်ဒွန်အသုံးပြုမှုတို့၌ ပိုမိုအာရုံစိုက်ရန် အစိုးရအား
တိုက်တွန်း ခဲ့သည်။

သတင်း - AP /

၂၀ ဇူလိုင် ၂၀၀၇ - အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရန် အင်ဒိုနီးရှားတွင် ရန်ပုံငွေပိုသုံးမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top