5
Jun

အေအိုင်ဒီအက်စ်၊ ဆေးလိပ်နှင့် အ၀လွန်ခြင်းတို့ကြောင့် ကမ္ဘာတွင် လူများစွာ အသက်တိုနေဟုဆို



လွန်ခဲ့သော
နှစ်၂၀အတွင်း နိုင်ငံပေါင်း ၃၇နိုင်ငံတွင် သေဆုံးမှုနှုန်းဆိုးရွားလျက်ရှိရာ အေအိုင်ဒီအက်စ်၊
ဆေးလိပ်သောက်ခြင်းနှင့် အ၀လွန်ခြင်းတို့က ကမ္ဘာပေါ်တွင် လူအများ အသက်ရှည်ရှည် နေထိုင်ရေးအတွက်
တိုးတက်မှုမှန်သမျှကို နောက်ပြန်ဆုတ်စေလျက်ရှိသည်။

ယမန်နေ့ကထုတ်ဝေသော
လန်းဆက်ဆေးဂျာနယ်တွင် ဖော်ပြထားသော ၁၉၇၀ပြည့်နှစ်မှ ယခုနှစ်အထိ ဆန်းစစ်လေ့လာချက်အရ
အသက်(၁၅)နှစ်မှ (၆၀)ရှိ အရွယ်ရောက်သူများတွင် အမြင့်ဆုံးနှင့် အနိမ့်ဆုံး သေဆုံးမှုကြီးမားစွာ
ကွာဟနေကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။

ဆီယက်တဲလ်ရှိ
ဝါရှင်တန်တက္ကသိုလ်မှ ဒေါက်တာ ခရစ်တိုဖာမာရေးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက နှစ်စဉ်
နှစ်တိုင်း ကလေးငယ် ၇ဒသမ ၇သန်းကျော်သည် ၎င်းင်းတို့ ငါးနှစ်မပြည့်မီ သေဆုံးခဲ့ကြသည်။ သို့ရာတွင်
အရွယ်ရောက် သူအရေအတွက် သုံးဆကျော် ၂၄သန်းနီးပါးသည် အသက် (၆၀)မပြည့်မီ သေဆုံးခဲ့ကြသည်ဟုရေးသားဖော်ပြခဲ့ကြသည်။

ကျန်းမာရေးအရာရှိများအနေဖြင့်
ကာလကြာမြင့်စွာ တွေးထင်ထားသည်မှာ အကယ်၍ ကလေးငယ် သေဆုံးမှု လျော့နည်းလာပြီး ကျန်းမာရေးစနစ်
တိုးတက်ကောင်းမွန် နေပါက အရွယ်ရောက်သူ သေဆုံးမှုများလည်း အလားတူ လျော့နည်းလိမ့်မည်ဟုဖြစ်သည်။

ကမ္ဘာတစ်ဝန်း၌
၁၉၉၀ပြည့်လွန်နှစ်များက အရွယ်ရောက်သူသေဆုံးမှု အနေအထား ပြောင်းပြန်ဖြစ်သွားခြင်းသည်
အိတ်ခ်ျအိုင်ဗွီကပ် ရောဂါကြောင့်ဖြစ်လိမ့်မည်ဟု ထိုသုတေ သနပညာရှင်များက ရေးထားသည်။

အရွယ်ရောက်သူများ
အချိန်မတိုင်မီသေဆုံးမှုကို ကာကွယ်မှုသည် ကလေးငယ်အသက်ရှင်သန်မှု ကဲ့သို့ပင် ကမ္ဘာ လုံးဆိုင်ရာကျန်းမာရေး
ပေါ်လစီအတွက် အရေးကြီးသည်။

အဆိုပါလေ့လာမှုတွင်
အိုက်စလန်ကျွန်းမှ အမျိုးသားများနှင့် ဆိုက်ပရပ်စ်ကျွန်းမှ အမျိုးသမီးများ ကမ္ဘာတစ်ဝန်းတွင်
သေဆုံးမှုအန္တရာယ် အနည်းပါးဆုံးဖြစ်ကြောင်း တွေ့ရသည်။

 

ရန်ကုန်မီဒီယာ
- အေအိုင်ဒီအက်စ်၊ ဆေးလိပ်နှင့် အ၀လွန်ခြင်းတို့ကြောင့် ကမ္ဘာတွင် လူများစွာ အသက်တိုနေဟုဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top