28
May

အေအိုင်ဒီအက်စ် ရောဂါပညာပေး ဇာတ်ကား၌ ကျန်ဇီယီ ပါဝင်သရုပ်ဆောင်မည်



အေအိုင်ဒီအက်စ် ရောဂါအတွက် ပညာပေးဇာတ်ကား၌ ကျန်ဇီယီပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း
သိရှိရပါသည်။


A Tale of Magic ဟုအမည် ပေးထားခဲ့သော အဆိုပါဇာတ်ကားသည် တရုတ်နိုင်ငံတွင်း
ဖြစ်ပွား နေသော အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားမှုနှုန်းတိုးလာခြင်း ပြဿနာကို တစ်စိတ် တစ်ပိုင်း
အားဖြင့် တင်ပြသွားမည်ဖြစ်ပြီး အချစ်ဇာတ်လမ်းနှင့် ပညာပေးကို ပေါင်းစပ် တင်ဆက် သွားမည့်
ဇာတ်ကား ဖြစ်ကြောင်း သိရှိရပါသည်။


ဇာတ်ကားတွင် ကျန်ဇီယီသည် ဟောင်ကောင်သရုပ်ဆောင် Aaron Kwok
နှင့် တွဲဖက် ပါဝင်သွားမည် ဖြစ်ပြီး တရုတ်ကျေးလက် ဒေသတစ်ခု အား နောက်ခံထား
ရိုက်ကူးသွားမည့် ဇာတ်ကား ဖြစ်ကြောင်း သိရပါသည်။


ဇာတ်ကားကို တရုတ်ဒါရိုက်တာ Gu Changwei  က ရိုက်ကူး သွားမည်ဖြစ်ကာ မေလ ၁၈ ရက် နေ့က ဇာတ်ကားနှင့်ပတ်သက်ပြီး 
ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ဇာတ်လမ်း အကြောင်း အသေးစိတ်ကို
ဒါရိုက်တာက ပြောဆိုသွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။


အဆိုပါ ဇာတ်ကား အတွက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကျန်ဇီယီက
တရုတ်နိုင်ငံ ၌ဖြစ်ပွားခဲ့သော ငလျင်များကြောင့် ပေါ်ပေါက်လာခဲ့သည့် ဒုက္ခသည်များကို ငွေကြေး
လှူဒါန်းမည့် အစီအစဉ်များကိုလည်း ထည့်သွင်း ပြောဆိုသွားခဲ့ ပါသည်။

 

First Eleven: အေအိုင်ဒီအက်စ် ရောဂါပညာပေး ဇာတ်ကား၌ ကျန်ဇီယီ ပါဝင်သရုပ်ဆောင်မည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top