8
Aug

အေအိုင်ဒီအက်၏ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ်နိုင်မည်ဟု ကုလသမဂ္ဂထုတ်ပြန်

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ အေအိုင်ဒီအက်ရောဂါရဲ့ ကပ်ရောဂါ (Epidemic) အသွင်ဖြစ်ပွားနေမှုကို ၂၀၃၀ ခုနှစ်မှာ ထိန်းချုပ်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂရဲ့ လက်အောက်ခံ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ UNAIDS  ကတော့ လက်ရှိအချိန်မှာ HIV  ပိုးကူးစက်ခံရမှု အသစ်တွေ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကြောင့် သေဆုံးရမှုတွေဟာ ကမ္ဘာနဲ့အ၀ှမ်း ဖြစ်နေဆဲပဲလို့ ပြောကြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် ဘန်ကီမွန်းရဲ့ ပြော ကြားချက်အရ အခုလက်ရှိအချိန်မှာ လူဦးရေ ၃၅ သန်းဟာ HIV  ပိုးကူးစက်ခံရပြီး အသက်ရှင်နေရသလို ၂၀၁၃ ခုနှစ်အတွင်းမှာပဲ ပိုးကူးစက်ခံရသူ အသစ် ၂.၁ သန်းရှိနေကြောင်း၊ ဒါပေမယ့် ၂၀၀၁ ခုနှစ်က အရေအတွက်ဖြစ်တဲ့ ၃.၄ သန်းထက်တော့ လျော့ကျသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ လာမယ့်နှစ်များအတွင်းမှာ၂၀၃၀ ခုနှစ်ထိဦးတည်ပြီး ကြိုးပမ်းရာမှာ ဒီနှစ်အတွင်းမှာတော့ ပိုးကူးစက်ခံရသူ ၁၀ ဦးမှာ ၄ ဦးကို ဗိုင်းရပ်ပိုး သေဆေးဝါးတွေ တိုက်ကျွေးနိုင်ပြီး အဖြစ်အများဆုံး နိုင်ငံ ၁၅ နိုင်ငံမှာ ရောဂါပိုးအသစ် ကူးစက်ခံရမှုကို လျှော့ချဖို့ အပူတပြင်း လုပ်ဆောင် နေကြပါတယ်။

UNAIDS ရဲ့ တာဝန်ခံ ဒါရိုက်တာဖြစ်တဲ့ Michael Sidibe့ က HIV အတွက် လှုပ်ရှားမှု၊ ကမ်ပိန်းများ၊ ဆေးတိုက်ကျွေးမှုများကို ၂၀၂၀ ခုနှစ် မှာ ယခုအရှိန်ထက် ၂ ဆမြှင့်တင်ပြီး ၂၀၃၀ ခုနှစ်အရောက်မှာ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ထိန်းချုပ်နိုင် တော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

သန့်စင်
ref;AN

Health Updates Journal - အေအိုင်ဒီအက်၏ ကပ်ရောဂါအသွင် ဖြစ်ပွားမှုကို ၂၀၃၀ တွင် ထိန်းချုပ်နိုင်မည်ဟု ကုလသမဂ္ဂထုတ်ပြန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top