13
Feb

အေအိုင်ဒီအက်စ် ရောဂါရှင်များ အတွက် ဆေးဝါး နှစ်ဆ ရရှိမည်

ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ Gllobal Fund
မှ ရရှိသော ရန်ပုံငွေကြောင့် မြန်မာနိုင်ငံရှိ အေအိုင်ဒီအက်စ် ရောဂါရှင်များ အတွက်
လိုအပ်သည့် ဆေးဝါးအား ယခုအရေအတွက်ထက် နှစ်ဆ ရရှိနိုင်မည်ဖြစ် ကြောင်း
ယူအင်န်အေအိုင်ဒီအက်စ် မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေအိုင်ဒီအက်စ် ရောဂါရှင်များ
သောက်ရသည့် ပိုးထိန်းဆေး (အေအာတီ) ရရှိနေသူ ယခုချိန်တွင် နှစ်သောင်းကျော် ရှိရာမှ
လေးသောင်းကျော်အထိ ပေးနိုင်တော့မည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိ သူ တစ်ဦးက
ရှင်းပြသည်။ ရရှိသည့် ငွေကြေးများဖြင့် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်
လုပ်ငန်းများ အား ဇန်နဝါရီလဆန်းခန့်တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ငါးနှစ်
စီမံကိန်းဖြင့် လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။ “ဆေးကို
နှစ်ဆလောက် တိုးပေးနိုင်အောင် စီစဉ်ထားပေမယ့် ဝေဒနာရှင်တွေက ပတ်ဝန်းကျင်ကို
ကြောက်ပြီး ထွက်မလာရဲရင် ဘာမှ လုပ်လို့ မရပါဘူး”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ရန်ပုံငွေ အဖွဲ့မှ
အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် လုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်လာသန်း ၁၀၀ ကျော်
ပေးအပ်မည် ဖြစ်ပြီး ကာကွယ်ရေး၊ ဆေးဝါးကုသရေး၊ လိင်တူ ဆက်ဆံသူများ အမျိုးသမီး
လိင်လုပ်သားများ၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူများ၊ အိတ်ခ်ျအိုင်ဗီ ကူးစက်မှု
လျော့ပါးစေ ရေး၊ အေအိုင်ဒီအက်စ် ရောဂါဖြင့် သေဆုံးသွားသူများ၏ ကလေးများအား
စောင့်ရှောက်ရေး စသည့် လုပ်ငန်းများအား ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ Global
Fund သည် ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများမှ စုပေါင်း၍ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင်
ရောဂါသုံးမျိုး တိုက်ဖျက်ဖို့ အတွက် လှူဒါန်းခြင်းဖြစ် သည်။

 

Yatanarpon - အေအိုင်ဒီအက်စ် ရောဂါရှင်များ
အတွက် ဆေးဝါး နှစ်ဆ ရရှိမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top