1
Jan

အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/ AIDS လူနာများကူညီရန် ဈေးရောင်းမည်

အော်ရီဂွန်ပြည်နယ်၊ ပေါ့တ်လင်းမြို့နှင့်
ပတ်ဝန်းကျင်မြို့နယ်များတွင် နေထိုင်ကြသည့်   မြန်မာမိသားစု များ စုပေါင်းပြီး
မြန်မာပြည်တွင်းရှိ HIV/AIDS လူနာများကို ကူညီမည့် ရန်ပုံငွေဈေးရောင်းပွဲတော် တခုကို
ကျင်းပကြရန် ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။ အော်ရီဂွန်လူငယ်များကွန်ရက်နှင့်
ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ လက်တွဲကြပြီး အဆိုပါ ရန်ပုံငွေ
ဈေးရောင်းအလှူပွဲတော်ကို ဆောင် ရွက်ကြရန်နှင့်
ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် ကျင်းပနိုင်ရန်
တိုင်ပင်ညှိ နှိုင်းလျက် ရှိသည်ဟု ဆိုသည်။ (ဇန်န၀ါရီ ၂၃ တွင်
ဆန်ဖရန်ပြည်သူ့ဂုဏ်ရည်က ၂၀၁၁ အတွက် အခမ်းအနားဖြင့် ဆုချီးမြှင့်နိုင်ရန်
ရန်ပုံငွေဈေးပွဲတော်ကို ကျင်းပမည် ဖြစ်သည်)

“ကျနော်တို့ဆီမှာ မြန်မာ့အရေးစိတ်ဝင်စားသူတွေ၊
လှုပ်ရှားသူမိဘတွေ၊ မိသားစုတွေဆီက ပေါက်ဖွား လာတဲ့ လူငယ် မျိုးဆက်သစ်တွေက
မြန်မာပြည်အတွက် စိတ်ဝင်စားမှုတွေ၊ တက်ကြွမှုတွေကို လက် ဆင့်ကမ်း သယ်ဆောင်နေကြ တယ်။
သူတို့ရဲ့ သစ်ဆန်းတဲ့ အမြင်တွေ၊ အတွေးအမြင်တွေနဲ့ အခုလိုမျိုး မြန်မာပြည်ရဲ့
လူမှုရေးလိုအပ်ချက်တွေကို ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း ဆောင်ရွက်လိုတယ်။ ဒါကို
ကျနော်တို့ မျိုးဆက်ဟောင်းတွေက အားပေး ကူညီရ မယ်။ လက်တွဲ ဆောင်ရွက်ပေးရမယ်။
သည်လို မြင်ပါတယ်။”

ဟု ပြည်သူ့ဂုဏ်ရည် ပို့လင်းမြို့နယ်က
လုပ်အားပေးတာဝန်ခံတဦးဖြစ်သူ ကိုထွန်းထွန်းက မိုးမခကို ပြောပြသည်။

ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ လုပ်အားပေးများသည်
၎င်းတို့နေထိုင်ရာမြို့နယ်များ၏ ဒေသခံ လူမှုရေး၊ ဘာသာရေးလုပ်ငန်း များကို
ဝိုင်းဝန်းကူညီ လုပ်အားပေးခြင်း၊ မြန်မာပြည်၏ အရေးပေါ်လူမှုရေး လိုအပ်ချက်များအတွက်
ရန်ပုံငွေအလှူပွဲ များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ယခု နှစ် ၂၀၁၀
အတွင်း အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

 

မိုးမခအထောက်တော် ၀၀၂

ဒီဇင်ဘာ ၃၀၊
၂၀၁၀  

မိုးမခ - အော်ရီဂွန်လူငယ်များနှင့်
ပြည့်သူ့ဂုဏ်ရည်မိတ်ဆွေများ HIV/AIDS လူနာများကူညီရန် ဈေးရောင်းမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top