21
Dec

အေ့ခ်ျလူနာများအတွက်ဆေးဝါး အကြီးအကြယ်ပြတ်လပ်နေ





အေ့ခ်ျလူနာများအတွက်ဆေးဝါး အကြီးအကြယ်ပြတ်လပ်နေ

RFA  ၂၂၊၁၂၊၂၀၀၈

 

မြန်မာနိုင်ငံက HIV/AIDS ရောဂါခံစားနေရတဲ့
လူနာသစ်တွေအတွက် လိုအပ်တဲ့ ARV ဆေးပြားတွေကို မြန်မာစစ်အစိုးရက
တာဝန်ယူထောက်ပံ့ပေးမှု မရှိတဲ့အတွက် ရောဂါဖြစ်ပွားမှု အခြေအနေတွေ ဆိုးဝါးလာနေတယ်လို
့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ARV ဆေးပြားတွေ ပြတ်လပ်မှုအကြီးအကျယ်
ရင်ဆိုင်နေရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့  (MSF)ကပြီးခဲ့တဲ့လက
ထုတ်ပြန်ကြေညာပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ အစိုးရဘက်က တာဝန်ယူဖြေရှင်းပေးဖို့ နဲ
့နိုင်ငံတကာ အလှူရှင်အစိုးရတွေ အနေနဲ့ လည်း ၀ိုင်းဝန်းကူညီဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ဝေဒနာရှင်တွေအတွက် ထိရောက်တဲ့
အကူအညီတွေ ဘာတခုမှမရသေးဘူးလို့ အမည်မဖေါ်လိုတဲ့ HIV/AIDS လူနာတဦးကRFAကိုပြောပါတယ်
လူနာတွေက လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုရှင်းပြပါတယ်။

HIV/AIDS လူနာ။             ။“တော်တော်ကိုအခြေအနေဆိုးတာဗျ
ဆေးဝါးလည်းကျတော်တို့ အစိုးရမပေးနိုင်ဘူး ဒီ့အပြင်NGO အဖွဲ့ အစည်းကလည်း
ပိတ်ထားတယ်ဆိုတော့ နောက်လာမယ့် လူနာတွေက အခုလက်ရှိ ရှိနေတဲ့လူနာတွေ အားလုံးပေါ့၊
အဲ့ဒီ ART ဆေးဆိုတာကိုတော်တော် ဒုက္ခရောက်နေကြတယ် ဘယ်ကမှရဖို့ လည်းလမ်းမရှိတော့လေ
အခုနောက်ပိုင်းလူနာတွေက ကျတော်တို့ ၂၀၀၇၊၂၀၀၈ အဲဒီ၂၀၀၆နောက်ပိုင်းက ဟာတွေက
လုံးဝမရတော့ဘူးပေါ့နော်“

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ ကူးစက်ခံနေရတဲ့
လူနာတွေမှာ အမျိုးသမီးဦးရေဟာ တ၀က်နီးပါးလောက် ရှိနေတယ်လို့ UNICEF အဖွဲ
့ကလည်းကြေညာထားပါတယ်။

စေတနာ့ဝန်ထမ်း စောင့်ရှောက်ပေးနေတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က မဖြူဖြူသင်း ဦးဆောင်တဲ့အဖွဲ့ ရဲ့ စရင်းမှာဆိုရင်
လူနာအယောက်၃၀မှာ အမျိုးသမီးလူနာ ၁၅ယောက်ရှိပြီး အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်
နှစ်ဦးပါဝင်နေတယ်လို့ သိရပါတယ်။

RFA  ၂၂၊၁၂၊၂၀၀၈

အေ့ခ်ျလူနာများအတွက်ဆေးဝါး
အကြီးအကြယ်ပြတ်လပ်နေ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top