ပန်းသတင်းဂျာနယ် Vol-3,No-40 (29/10/2007)
အေ့ခ်ျရောဂါရှင်တိုင်း စာရိတ္တ
ပျက်ရွင်းသူများမဟုတ်ကြောင်း နှင့် ယင်းတို့ အား ခွဲခြား ဆက်ဆံခြင်းသည်
အထီးကျန်ဘ၀ကို ရောက်စေ သည်ဟု International Organization for Migration ( IOM ) မှ
National Health Coordinator ဒေါက်တာဒေါ်အေးအေးသန်း ကပြောသည်။
“လူတွေက အေအိုင်ဒီအက်စ် ဝေဒနာရှင်ဆိုရင်
အကျင့်မကောင်းလို့ ၊စာရိတ္တဖေါက်ပြန်လို့ ဆိုပြီး အပေါင်းအသင်းမလုပ်ချင်ကြတော့ဘူး ဒီ
အေ့ခ်ျ ရောဂါဆိုတာ စာရိတ္တမဖေါက်ပြား သူတွေအတွက်လည်း ဆေးထိုးအပ်ကနေ ကူးနိုင်သလို မသန်
့ရှင်းတဲ့သွေးကို သွင်းမိရင်လဲ ကူးနိုင်တယ်။ ဝေဒနာရှင်တွေနဲ့  အတူစား၊ အတူလာ၊
စကားပြောရင် စသည်ဖြင့်ပေါ့လေ ဒါမျိုးတွေနဲ့ မကူးစက်နိုင်ဘူးဆိုတာ နယ်စပ် ဒေသကလူတွေ
ကျေးလက်ကလူတွေ သိဖို့ လိုတယ် ဘယ်လိုကူးစက်နိုင်တယ်ဆိုတာ
ဘယ်လို မကူးစက်နိုင်ဘူးပေါ့” ဟုယင်းက ဆက်လက်ပြောပြသည်။
IMO သည် နယ်စပ် ဒေသများသို့ သွားရောက်ကာ
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်၍ ကျေးရွာလူထုအား အသိပညာ ပေးခြင်း၊
ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆေးဝါး ထောက်ပံ့ပေးခြင်း ဆေးစပ်ပေးခြင်းများနှင့်
လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ အတွက် စီမံကိန်းများ ရေးဆွဲ၍
ကျန်းမာရေးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသော INGO တစ်ခုဖြစ်သည်။
ပန်းသတင်းဂျာနယ် Vol-3,No-40 (29/10/2007)




