23
Feb

အေ့စ်ရောဂါသည် တရုတ်တွင် လူအသေအပျောက် အများဆုံးကူးစက်ရောဂါဖြစ်လာ

<?xml:namespace prefix = o ns = "urn:schemas-microsoft-com:office:office" />
Weekly Eleven (24/2/2009)

 

အေ့စ်ရောဂါသည် တရုတ်နိုင်ငံ၏ လူအသေအပျောက်အများဆုံး ကူးစက်ရောဂါဖြစ်လာကာ ပြီးခဲ့သည့်နှစ် ပထမကိုးလအတွင်း လူ ၆၈၉၇ ဦး သေဆုံးခဲ့သည်။ ယင်းကာလအတွင်း တစ်နာရီလျင် အနည်းဆုံးလူတစ်ဦး သေဆုံးခဲ့သည်ဟု တရုတ်ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

အေ့စ်ရောဂါသည် ယခင်က တတိယမြောက်ကြောက်မက်ဖွယ်အကောင်းဆုံး ကူးစက်ရောဂါ ဖြစ်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်တွင် တီဘီရောဂါနှင့် ရေယုံရောဂါတို့ကို ကျော်လွန်ကာ နံပါတ်တစ် ကြောက်မက်ဖွယ်အကောင်းဆုံး ကူးစက်ရောဂါ ဖြစ်လာခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ အေ့စ်ရောဂါကို ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းက တရုတ်နိုင်ငံတွင် တွေ့ရှိခဲ့သည်။ နောက်ပိုင်း လူပေါင်း ၃၄၈၆၄ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ အေ့စ်ရောဂါဖြစ်စေသည့် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူစုစုပေါင်း ၂၆၄၃၀၂ ဦးရှိသည်ဟု အတည်ပြုထားသည်။ သို့သော်လည်း ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရမူ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူပေါင်းမှာ ၇၀၀ယ၀၀၀ ခန့် ရှိသည်ဟုဆိုသည်။

 

WeeklyEleven အေ့စ်ရောဂါသည် တရုတ်တွင် လူအသေအပျောက် အများဆုံး ကူးစက် ရောဂါဖြစ်လာ

 

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top