4
Apr

အေ့ဒ်စ်ရောဂါရှင်တဦး ဆေးရရှိရေးဆန္ဒပြသဖြင့် ထိန်းသိမ်းခံရ




ခောတ်ပြိုင် -

ပီတာအောင် / ၅ ဧပြီ ၂၀၀၇

အေ့ဒ်စ်ရောဂါရှင်တဦး ဆေးရရှိရေးဆန္ဒပြသဖြင့် ထိန်းသိမ်းခံရကိုယ်ခံစွမ်းအားကျဆင်းရောဂါ (အေအိုင်ဒီအက်စ်) ရှင်များကြုံတွေ့နေရသည့် ဆေးဝါးရရှိရေး
အခက် အခဲ ပြေလည်စေရန် ရန်ကုန်မြို့၌ ဖော်ထုတ်ဆန္ဒပြ သည့် အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရသူတဦးကို အာဏာပိုင်များက
ခေါ်ယူထိန်းသိမ်းလိုက်သည်။

 

ရန်ကုန်သို့သွားရောက်ဆန္ဒပြသူမှာမကွေးတိုင်း ပခုက္ကူမြို့နယ်
ကမ္မကျေးရွာ မြို့မရပ်မှအသက်
(၃၁)နှစ်ရှိကိုတင်ကိုဖြစ်ပြီး ယမန်နေ့ ညနေ() နာရီခန့်တွင် မြေနီကုန်း
ဒဂုံစင်တာအနီး၌အေ့ဒ်စ်ရောဂါနှင့်ပတ်သက်သည့် တောင်းဆိုတင်ပြချက်များရေးထားသည့်
စာရွက်များ ဖြန့်ဝေခြင်း၊ ကြွေးကြော်ခြင်းနှင့် ပိုစတာကိုင်ဆောင်
ဆန္ဒပြခြင်းတို့ကို တကိုယ်တော်ပြုလုပ်ခဲ့ပြီးနောက်အရပ်ဝတ်နှင့် ရဲယူနီဖောင်းဝတ် အာဏာပိုင်အချို့က
သူ့ကို  ခေါ်ဆောင်သွားသည်ဟု မျက်မြင်
သက်သေတဦးကပြောသည်။

 

ကိုတင်ကို၏ တင်ပြချက်များတွင် အေအိုင်ဒီအက်စ်ဝေဒနာသည်များနေထိုင်ရာ
မြို့နယ်ရပ်ရွာ၌ ဆေးပေးရန် တောင်းဆိုကြောင်း၊ အေအိုင်ဒီအက်စ်ဝေဒနာသည်များ
မြန်မာနိုင်ငံတွင် နေ့စဉ် ရက်ဆက်တိုးပွားနေကြောင်း၊ အိပ်ခ်ျအိုင်ဗွီ
-အေအိုင်ဒီအက်စ်ရောဂါသည် တကမ္ဘာလုံးကို
ခြိမ်းခြောက်နေကြောင်း၊ ယင်းပြဿနာသည် အမျိုးသားရေးပြဿနာဖြစ်ကြောင်းနှင့် သုတေသန
ပြုလုပ်နိုင်ရန် ၎င်း၏ခန္ဓာကိုယ်ကိုလှူဒါန်းကြောင်း စသည့်အချက်
() ချက် ပါရှိသည်။

 

ကိုတင်ကိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ၌လည်း ကမ္မရွာတွင်
အိပ်ခ်ျအိုင်ဗွီ ပညာပေးစာဖတ်ဝိုင်း တကိုယ်တော်လုပ်ဆောင်ခဲ့သဖြင့် အာဏာပိုင်များ၏
တားမြစ်ခြင်းခံရသည်။ကိုတင်ကို ယခုကဲ့သို့ဆန္ဒပြရခြင်းမှာ
ဆေးဝါးအခက်အခဲကြုံတွေ့ရ၍ဖြစ်ကြောင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများအတွက်
အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အန်အယ်လ်ဒီပါတီဝင် မဖြူဖြူသင်းက
ပြောသည်။၎င်းက
သူက ဆေးသောက်ရမယ့် အခြေအနေဖြစ်တယ်။
ဆေးရဖို့အတွက် သူစုံစမ်းတဲ့အခါကျတော့
ဘယ်ကမှ မပေးနိုင်ဘူးပေါ့။ အဲ့ခါကျတော့ သူ့အတွက်ရော
တခြားလူနာတွေအတွက်ရော ဆေးဝါး ရရှိရေးအတွက် ဆန္ဒပြတယ်ထင်တယ်
ဟုပြောသည်။

 

မြန်မာနိုင်ငံရှိ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများအတွက်
အိပ်ခ်ျအိုင်ဗွီပိုး ပွားများမှုကို တားဆီးပေးသည့်
ARV ဆေးများကို ရန်ကုန်ရှိ သဇင်ဆေးခန်းနှင့်
ဝေဘာဂီဆေးရုံကြီးတို့က ပေးနေသော်လည်းဆေးဝါးမလုံလောက်သဖြင့် သဇင်ဆေးခန်းက
ယခုနှစ်ဆန်းပိုင်းမှစ၍ လူနာသစ်များအတွက် ဆေးမပေးနိုင်တော့ဘဲ ဝေဘာဂီဆေးရုံ၌လည်း
လူနာနှင့်ဆေး မမျှတသောကြောင့် အချို့ကိုသာ ပေးနိုင်သဖြင့် လူနာများ အခက်တွေ့နေသည်။

 

တလလျှင် ဆေးဖိုး ကျပ် () သောင်းခွဲမှ () သောင်းကြား (အချို့တသိန်းကျော်) ကုန်ကျပြီး တသက်လုံး
မှီဝဲသုံးစွဲရမည်ဖြစ်၍ ဝေဒနာသည်အများစုမှာ မတတ်နိုင်ချေ။ အထူးသဖြင့် နယ်မှ
အေအိုင်ဒီအက်စ်ဝေဒနာသည်များ ရန်ကုန်သို့ ဆေးသွားယူနေရသည့် အတွက်လည်း
အဆင်မပြေမှုများ ရင်ဆိုင်နေရသည်။မြန်မာနိုင်ငံ၌ အိပ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံရသူပေါင်း
(၃၆၀,၀၀၀) ခန့်ရှိသည်ဟု ကုလသမဂ္ဂ
အေအိုင်ဒီအက်စ်အဖွဲ့
(UNAIDS) ၏ ယမန်နှစ် ဒီဇင်ဘာထုတ် အစီရင်ခံစာတွင်
ခန့်မှန်းထားသည်။


သတင်း - ခောတ်ပြိုင်၅၊၄၊၂၀၀၇ အေ့ဒ်စ်ရောဂါရှင်တဦး ဆေးရရှိရေးဆန္ဒပြသဖြင့် ထိန်းသိမ်းခံရ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top