RFA ၂၆၊၁၁၊၂၀၀၈
မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင်သေဆုံးမှုဟာ မနှစ်ကထက်
၂သောင်းခွဲကျော်တယ်ဆိုတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ထုတ်ပြန်ချက်ဟာ
အမှန်တကယ်သေဆုံးနေတဲ့ အရေအတွက်ထက် နည်းနေတယ်လို့ ပြည်တွင်းမှာ ဝေဒနာရှင်တွေကို
ကူညီပေးနေသူတွေနဲ့ ဝေဒနာရှင်တွေက ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင်တွေအတွက် ART လို့ ခေါ်တဲ့ဆေးတွေ လုံလုံလောက်လောက်
အမြန်လိုအပ်နေပြီး ဒီဆေးတွေ အမြန်မရဘူးဆိုရင် ဝေဒနာရှင်တွေသေဆုံးတာ တက်လာလိမ့်မယ်လို့ နိုဝင်ဘာလ ၂၅ရက်နေ့ ကထုတ်ပြန်တဲ့ နယ်စည်းမခြား
ဆရာဝန်များအဖွဲ့  MSF ကအစီရင်ခံစာမှာဖေါ်ပြပါတယ်။
MSF ရဲ့အစီရင်ခံစာမှာ ၂၀၀၇ခုနှစ်က ဝေဒနာရှင်၂၅၀၀၀
သေဆုံးရတယ်လို့ ဖေါ်ပြထားသလို ဆေးသောက်ဖို့ လိုအပ်နေတဲ့ ဝေဒနာရှင်
နှစ်သိန်းလေးသောင်းရှိနေတယ်လို့ ဆိုပါတယ်။ဒီဝေဒနာသည်တွေရဲ့ ၂၀%ပဲ MSFက
ဆေးဝေနိုင်ခဲ့တယ်လို့ သိရပါတယ်။ရန်ကုန်မြို့ မှာ MSF ကဝေဒနာရှင် ခြေက်ထောင်ကို
ဆေးဝေနိုင်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့  နှစ်သောင်းလောက်ပဲ ဝေနိုင်ခဲ့တာပါ။
စစ်အစိုးရအနေနဲ့  ရန်ကုန်မှာရှိတဲ့ HIV/AIDS ဆေးရုံ
၂ရုံလောက်ကိုဘဲ ဆေးဝေပြီး ကုသမှုပေးနိုင်တာဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံက HIV/AIDS
ဝေဒနာရှင်တွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို RFAမှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
RFA ၂၆၊၁၁၊၂၀၀၈
အေ့ဒ်စ်ရောဂါရှင်သေဆုံးနှုန်းအမှန်မှာ
ထုတ်ပြန်ချက်ထက်များပြား
အောက်ပါဖိုင်တွင် ဆက်သွယ်မေးမြန်းချက်များကို ရယူနားဆင်နိုင်ပါသည်။




