2008.03.20 (RFA Interview)
မြန်မာစစ်အစိုးရသတင်း စာနယ်ဇင်းတွေမှာHIV/AIDSရောဂါဝေဒနာရှင်တွေလျော့နည်းလာနေတယ်ဆိုပြီး ဖော်ပြနေတာနဲ့ ပတ်သက်လိုႛ ဘယ်လိုပုံစံမျိုးလျော့နည်းလာသလဲဆိုတာ ရှင်းရှင်းလင်းလင်း ရေးသားခြင်း မရှိတာကိုဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေတဲ့ NGOတွေက ဝေဖန်နေပါတယ်။
စစ်အစိုးရအနေနဲ့ ရောဂါ တားဆီးရေးအတွက် ပညာပေးလုပ်ငန်းတွေ အားစိုက်ခွန်စိုက် ဆောင်ရွက်ပေးနေတာ မှန်ပေမဲ့ ရောဂါရပြီးသူတွေ အတွက် ပြုစုစောင့်ရှောက်မှုအားအလွန်နည်းနေတာလည်း တွေ့ရတယ်လိုႛNGOတွေက ပြောပါတယ်။ စာနယ်ဇင်းတွေမှာဖော်ပြထားသလို ဝေဒနာရှင်တွေ
လျော့နည်း လာနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးဝေဒနာရှင်တွေကို
အကူအညီပေးနေတဲ့ NLD လူငယ်အဖွဲ့ဝင်တဦး ဖြစ်တဲ့ ကိုရာဇာကခုလိုပြောပါတယ်။
ရောဂါဖြစ်ပြီးသား လူနာဦးရေဟာလျော့သွားစရာ အကြောင်းမရှိပဲ ကိန်းဂဏန်းဟာ ဒီအတိုင်းပဲ ရှိနေရမှာ ဖြစ်ပြီး၊လျော့ကျသွားတယ် ဆိုတာက သေဆုံးကုန်တယ်ဆိုတဲ့ အဓိပ္ပါယ်
သက်ရောက်နေတဲ့အကြောင်းကိုရာဇာက ပြောပါတယ်။
ကိုရာဇာပြောသွားတာပါ။ လက်ရှိအနေနဲ့မိမိတို့ ထံကို နေ့စဉ်လူနာအသစ်
၂ ဦး သုံးဦး လာရောက် နေတာလဲဖြစ်တယ်လို့ကိုရာဇာက ဆိုပါတယ်။ ဝေဒနာရှင်တွေ အဓိက ရင်ဆိုင်နေရတဲ့ ပြသနာဟာဝေဒနာရှင်တွေ အဓိက စားနေရတဲ့ ARVဆေး
လုံလုံလောက်လောက် မရတာဖြစ်တယ်လိုႛဝေဒနာရှင် တွေကလဲ ပြောပြပါတယ်။ ဝေဒနာရှင်တဦးဖြစ်တဲ့ ဦးတင်ကို ကို RFA မှဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဒီနေရာ ကနေ အသံဖိုင်ကို ဆက်လက် နားထောင်နိုင်ပါတယ်။




