14
May

အေ့ဒ်စ်ရောဂါလျော့နည်းကြောင်း စာနယ်ဇင်းများတွင် ရေးသားခြင်းကို ဝေဖန်

လွတ်လပ်သောအာရှအသံ၊ မြန်မာဌာန၊ သတင်းများ (2008-03-20)

မြန်မာစစ်အစိုးရ သတင်းစာနယ်ဇင်းတွေမှာ HIV/AIDS
ရောဂါဝေဒနာရှင်တွေ လျော့နည်းလာနေတယ်ဆိုပြီး ဖော်ပြနေတာနဲ့ ပတ်သတ်လို့
ဘယ်လိုပုံစံမျိုး လျော့နည်းလာသလဲဆိုတာ ရှင်းရှင်းလင်းလင်း ရေးသားခြင်းမရှိ တာကို
ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်နေတဲ့ NGO တွေက ဝေဖန်နေပါတယ်။

စစ်အစိုးရအနေနဲ့ရောဂါ တားဆီးရေးအတွက် ပညာပေးလုပ်ငန်းတွေ
အားစိုက်ခွန်စိုက် ဆောင်ရွက်ပေး နေတာမှန်ပေမဲ့ ရောဂါရပြီးသူတွေအတွက်
ပြုစုစောင့်ရှောက်မှုအား အလွန်နည်းနေတာလည်း တွေ့ရတယ်လို့ NGO တွေက ပြောပါတယ်။
စာနယ်ဇင်းတွေမှာ ဖော်ပြထားသလို ဝေဒနာရှင်လျော့နည်းလာနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီး
ဝေဒနာရှင်တွေကို အကူအညီပေးနေတဲ့ NLD လူငယ်အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုရာဇာက ခုလို ပြောပါတယ်။

ရောဂါဖြစ်ပြီးသား လူနာဦးရေဟာ လျော့သွားစရာအကြောင်းမရှိပဲ
ကိန်းဂဏန်းဟာ ဒီအတိုင်းပဲ ရှိနေရမှာဖြစ်ပြီး၊ လျော့ကျသွားတယ်ဆိုတာ
သေဆုံးကုန်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတဲ့အကြောင်း ကိုရာဇာက ပြောပါတယ်။

ကိုရာဇာ ပြောပြသွားတာပါ။ လက်ရှိအနေနဲ့ မိမိတို့ထံကို
နေ့စဉ်လူနာအသစ် ၂ ဦး ၃ ဦးလာရောက် နေတာလဲ ဖြစ်တယ်လို့ ကိုရာဇာက ဆိုပါတယ်။
ဝေဒနာရှင်တွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဝေဒနာရှင်တွေ အဓိက စားရတဲ့ ARV ဆေး လုံလုံလောက်လောက်
မရတာဖြစ်တယ်လို့ ဝေဒနာရှင်တွေကလဲ ပြောပြပါတယ်။ ဝေဒနာရှင် တစ်ဦးဖြစ်တဲ့ ဦးတင်ကိုကို
RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး      ။ လက်ရှိပေါ့လေ ဝေဒနာရှင်တွေရင်ဆိုင်နေရတဲ့
အခက်အခဲတွေက ဘာအခက်အခဲတွေ လဲခင်ဗျ။

ဖြေ       ။ အဓိကကတော့ အေအာဗီအခက်အခဲ့ဘဲ။ အခုခါကဗျာ
ဝေဒနာရှင်တွေကတော့ သူတို့ပဲ ပညာပေး အစီအစဉ်တွေကို တအား လုပ်တာကိုး။ လုပ်တာတော့
အောင်ပါတယ်။ ပညာပေးအစီအစဉ် လုပ်လိုက်တာက ဘာတွေ ထွက်လာလဲ ဆိုတော့ သွေးစစ်လာတယ်။
သွေးစစ်လာတော့ အိပ်ခ်ျအိုင်ဗွီပိုး တွေ့တယ်။ တွေ့ပြီဆိုတာနဲ့ ကျွန်တော်တို့က
ဘယ်သူမှ မတတ်နိုင်ဘူးဆိုတာနဲ့ ဆေးရုံဆေးခန်းကို ပြေးတဲ့အခါကျတော့ ရစရာရှိတဲ့ ဆေးဝါးအကူအညီ
အခက်အခဲ ဘာမှမရတော့ဘဲနဲ့ အဲဒီ အခက်အခဲတွေပေါ့။ ပညာပေးအရ Counseling
(တိုင်ပင်ခြင်း) လုပ်လို့ တက်လာတဲ့ သွေးစစ်ပါ သွေးစစ်ပါဆိုတော့ သွေးစစ်တယ်။
သွေးစစ်လို့ ဆေးဝါးမရတော့ သူတို့က ပိုဆိုးကုန်တာပေါ့။ စစ်ထားတာ မှားပြီဆိုပြီး  ဖြစ်ကုန်တာပေါ့။ ဆေးကလည်း ဝယ်မသောက်နိုင်၊
အခမဲ့ရရှိတဲ့ နေရာကလည်း ဘာမှမပေးဘူးဆိုတော့ အဲဒီအချိန် သူတို့တွေ စိတ်ဓာတ်တွေ အကုန်လုံး
ကျကုန်တာဘဲ။

မေး      ။ အဲဒီတော့။ လောလောဆယ်တော့ ဒီဆေးဟာ အပြင်ကရော
ဝယ်လို့ရလား ခင်ဗျား။

ဖြေ       ။ အပြင်က ဝယ်လို့တော့ ရတယ်။

မေး      ။ ဘယ်ဈေးလောက်ရှိလဲ ခင်ဗျ။

ဖြေ       ။ ပထမဆုံး ပထမလိုင်း ဆိုရင်တော့ ၃၆၀၀၀/၃၇၀၀၀
ကျပ် ကျော်လောက် ရှိတယ်။ တလစာ ကိုလေ။ အခု ဆေးရုံဆေးခန်းတွေက ပထမလိုင်းလောက်သာ ပေးနိုင်တာ။
ဒုတိယလိုင်း၊ တတိယလိုင်း ဆိုရင် လုံးဝကို မရတော့ဘူး။ ပထမလိုင်းနဲ့ပဲ တင်းထားတယ်။

မေး      ။ ပထမလိုင်းနဲ့ ဒုတိယလိုင်းက ဘာကွာလဲ ခင်ဗျာ။
ဆေးအမျိုးအစား ကွာတာလား။

ဖြေ       ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဆေးမတိုးတော့တာကို
ပြောတာခင်ဗျာ။ ပထမလိုင်းကို သောက်ပြီးသွားတဲ့ အခါကျရင် ဆေးယဉ်သွားတာကို
ပြောတာခင်ဗျာ။ တီဘီဆေးပေါ့်ဗျာ။ ခြောက်လကို မှန်မှန်မသောက်လို့။ အခြား
အကြောင်းတစ်ခုခုကြောင့် ဆေးယဉ်သွားရင် ဒုတိယလိုင်းတွေ ဘာတွေရှိတာကိုး။
အဲဒါမျိုးပေါ့ အိပ်ခ်ျအိုင်ဗွီမှာ ဆိုရင်လည်း ပထမလိုင်းက ဆေးယဉ်သွားရင် ဒုတိယလိုင်းတို့
ဆိုရင် ဆေးရုံ ဆေးခန်းနား ရောက်နေပြီး။ ဆရာဝန်ကလည်း သိတယ်။ ဒါကြောင့်မို့လို့
သူတို့မှာ အဲဒီဆေးမရှိ မပေးနိုင်တဲ့ အတွက် ပထမလိုင်းနဲ့ပဲ မှေးတိုက်တယ်။
ဖြစ်လာတဲ့ဟာတော့ ဝေဒနာရှင်ခံပေါ့ဗျာ။ သောက်သင့်တဲ့ ဆေးကို ဆက်မသောက်ရတာပေါ့။

မေး      ။ အဲဒီပေါ့လေ။ အခုစာနယ်ဇင်းတွေမှာ ရေးနေတာက
ဒီဝေဒနာရှင်တွေ လျော့ကျသွားတာ များတယ်လို့ ရေးနေကြတာများတယ်လေ။ အဲဒါကို
ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ       ။ (ရယ်လျက်)။ ကျွန်တော်လည်း မပြောတတ်ဘူး။
ဘယ်လို လျော့ကျသွားတယ် ဆိုတာကို။ ဘယ်ဟာကို လျော့ကျတယ်လို့ အတိအကျမှ မပြောတာကိုး။
သေတာကို ပြောတာလား။ သူတို့ပြောတာ အတိအကျမှ မပြောပဲနဲ့။

http://www.rfa.org/burmese/news/junta_media_said_aids_cases_decreasing-20080320.html

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top