21
Jun

အေ့ဒ်စ်ရောဂါ မြန်မာပြည် ဦးတည်နေ



မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါစွဲကပ်သူ အရေးအတွက်ဟာ လျော့ကျ လာတယ်လို့ မြန်မာပြည်အစိုးရက ထုတ်ပြန် ကြေညာပေမဲ့လည်း၊ ကျွမ်းကျင်သူ
ပညာရှင်တွေကတော့ ဒီ ကြေညာချက်ကို ပယ်ချလိုက်ပါတယ်။

 

မြန်မာနိုင်ငံမှာ ဒီရောဂါတိုက်ဖျက်ရေးအတွက်
ရန်ပုံငွေမလုံလောက်တာရယ်၊ နအဖစစ်အစိုရက အဖြစ်မှန်တွေကို ဖုံးကွယ်ထားတာ တွေရယ်ကြောင့်၊
HIV/AIDS ရောဂါ နှိမ်နင်းရေးအတွက်
အဓိကအဟန့်အတား ဖြစ်နေရတယ်လို့ ပညာရှင်တွေက ပြောဆိုပါတယ်။

 

HIV/AIDS ရောဂါနဲ့ပတ်သက်လို့
မြန်မာနအဖ စစ်အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေဟာ တကယ့်လက်တွေဖြစ်နေတဲ့ ရောဂါအခြေအနေတွေကို
အဖြစ်မှန်ထက် လျော့နည်းအောင် လုပ်ဆောင်သလို ဖြစ်နေပြီး မြန်မာနိုင်ငံရဲ့
HIV/AIDS
အခြေအနေဟာ ရောဂါကပ်ဆိုးတခု ဖြစ်လာဖို့
ဦးတည်နေကြောင်း၊ မြန်မာနိုင်ငံကနေတဆင့် ဒီရောဂါဟာ အိမ်နီးချင်းနိုင်ငံတွေဆီကိုပါ ကူးစက်ပြန့်ပွားမှာကို
စိုးရိမ်နေရတဲ့ အခြေအနေမှာရှိတယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

 

မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ
မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်အတွင်း
HIV/AIDS ဖြင့်နေထိုင်သူ အရေအတွက်ဟာ အရင် ၅ နှစ်အတွင်း ၂ ဒဿမ ၂ ရာနှုန်းရှိရာကနေ အခုအခါ ၁ ဒဿမ ၃ ရာနှုန်းကို
လျော့ကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ
HIV/AIDS ရောဂါစွဲကပ်သူအရေအတွက်ဟာ ၃ သိန်း ၅ သောင်းကျော်ပဲ ရှိတယ်လို့
မြန်မာအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါပေမဲ့လည်း နိုင်ငံတကာကျွမ်းကျင်သူ
ပညာရှင်တွေကတော့၊ မြန်မာ
ပြည်အစိုးရရဲ့ ကိန်းဂဏန်းတွေဟာ ယုံကြည်အားထားလောက်စရာ မရှိဘူးလို့ပြောဆိုပြီး၊
မြန်မာနိုင်ငံမှာ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို
မြန်မာအစိုးရက လျှို့ဝှက်ထားတာတွေရယ်၊ ကျန်းမာရေး အသုံးစရိတ်တွေ မလုံလောက်တာရယ်၊
တခြား စောင့်ကြည့်လေ့လာမဲ့ အဖွဲ့အစည်းတွေ မရှိတာတွေရယ်ကြောင့်
အစိုးရရဲ့ ကိန်းဂဏန်းတွေဟာ မမှန်ကန်ဘူးလို့ ပြောဆိုကြပါတယ်။

 

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ထဲကပဲ မြန်မာပြည် အစိုးရရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ် ပြည်သူ့သမတနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့
တာဝန်ရှိသူတွေ ကိုယ်တိုင် ပြောဆိုရာမှာ မြန်မာနိုင်ငံမှာ တကယ်တမ်း
HIV
AIDS
ရောဂါ စွဲကပ်သူ အရေအတွက်ဟာ၊ မြန်မာအာဏာပိုင်တွေ
တရားဝင်ဖော်ပြတဲ့ အရေအတွက်ထက် ၄ ၊ ၅ ဆလောက်ပိုများနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

 

မြန်မာအစိုးရက ဖော်ပြတဲ့ စာရင်းဇယာတွေဟာ တကယ်တမ်း AIDS ရောဂါဖြစ်ပွားမှု အခြေအနေတွေကို ရှိတာထက် အများကြီးလျှော့ပြထားပြီ၊
တကယ်တမ်း အရေအတွက်ဟာ ဒီထက် အများကြီးဖြစ်နိုင်တယ်လို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့၊
ဂျွန်ဟော့ပ်ကင်းစ် ဘလူးမ်ဘတ် တက္ကသိုလ်က ဒေါက်တာ ဝီရာဝစ် ကပြောဆိုပါတယ်။

 

ဂျွန်ဟောပ့်ကင်းစ် တက္ကသိုလ်က ထုတ်ပြန်ခဲ့တဲ့ သုတေသန စာတမ်းထဲမှာ မြန်မာအစိုးရဟာ HIV/AIDS ရောဂါကာကွယ်ရေးအတွက် ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန် ဒေါ်လာ ၅သောင်းပဲ အသုံးပြုခဲ့တယ်လို့
ဖော်ပြထားကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာကျန်းမာရေး
ကောင်စီရဲ့ အကြီးအကဲတဦးဖြစ်တဲ့ မစ္စတာ ဂါးရက်က ပြောပါတယ်။

 

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါတိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်လို့ရှိရင်တော့
ဒေသတခုလုံးမှာ နောက်ထပ်
HIV ရောဂါပိုးတွေ ပျံ့နှံကူးစက်တာခံရမှာဖြစ်ကြောင်း၊ ဒါဟာလည် အရှေ့တောင်
အာရှတခုလုံး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု၊ ပြည်တန်ဆာလုပ်ငန်းနဲ့ တရားမဝင်အလုပ်သမားတွေ
ဒေသတွင်း ရွှေ
့ပြောင်းနေထိုင်မှုတွေကနေ
တဆင့် ကူးစက်ပျံ့နှံမှုတွေ ရှိနိုင်တာ ဖြစ်တယ်လို့ မစ္စတာ ဂါးရက်က ပြောဆိုခဲ့ပါတယ်။



အေ့ဒ်စ်ရောဂါ  မြန်မာပြည် ဦးတည်နေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top