27
Nov

အေ့ဒ်စ် ပညာပေးလက်ကမ်းစာစောင်ဝေသူကို အာဏာပိုင်များ ဆင့်ခေါ်



လွတ်လပ်သောအာရှအသံ

မြန်မာဌာန၊ သတင်းများ

2007-08-01

AIDS ရောဂါပညာပေး လက်ကမ်းစာစောင်တွေ
ဝေသူတစ်ဦးကို ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ပြီး
နောင်မလုပ်တော့ပါဆိုတဲ့ ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းတယ်ဆိုတဲ့ သတင်းရပါတယ်။

ကုလသမဂ္ဂ HIV/AIDS ရောဂါတိုက်ဖျက်ရေးနဲ့ UNICEF
စတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထုတ်ဝေတဲ့ HIV/ AIDS ရောဂါ ကာကွယ်တိုက်ဖျက်ရေးနဲ့ ပတ်သတ်တဲ့ စာရွက်စာတမ်းတွေနဲ့
ကွန်ဒုံးတွေဝေတဲ့ အတွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးက စာနဲ့ ဆင့်ခေါ်ခဲ့တာပါ။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ရက်တွေက NLD လူငယ်တဦးဖြစ်တဲ့ မဇင်မမထွန်းက ခုလို ပညာပေးစာရွက်စာတမ်းတွေ
ဝေခဲ့တာကြောင့် မြို့သစ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက ဇူလိုင်လ ၃၀ ရက်နေ့
နေ့စွဲပါ စာနဲ့ မဇင်မမထွန်းကို ရုံးကို လာရောက်ဖို့ဆင့်ခေါ်ခဲ့တာပါ။ မဇင်မမထွန်းက
ဇူလိုင်လ ၃၁ ရက်နေ့က ရုံးကိုသွားရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး
မဇင်မမထွန်းရဲ့ မိတ်ဆွေတဦးက ခုလိုပြောပြပါတယ်။

အာဏာပိုင်တွေ မသိပဲ၊ ခွင့်ပြုချက်မရှိပဲ စာစောင်တွေ ဝေတာကို
သိသွားလို့ နောင်မလုပ်တော့ဘူးဆိုတဲ့ အကြောင်း ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာလို့
သူကပြောပါတယ်။ မဇင်မမထွန်းကို ခေါ်ပြောတာကတော့ မြို့သစ် မယက ဥက္ကဋ္ဌ၊ မြို့နယ်မှူး၊
ဆရာဝန်ကြီး၊ လ၀က ဦးစီးမှူး၊ စရဖ၊ ကြက်ခြေနီ စတာတွေနဲ့ အဖွဲ့လိုက် ဆင့်ခေါ်ပြီး
သူတို့ရှေ့မှာ ခံဝန်ချက်ထိုးခိုင်းပေမဲ့ မဇင်မမထွန်းက မထိုးခဲ့ဘူးလို့ သူ့ရဲ့
မိတ်ဆွေက
RFA ကိုပြောပါတယ်။

ဒီစာရွက်စာတမ်းတွေဟာ နိုင်ငံရေးနဲ့ ပတ်သတ်မှုမရှိပဲ ကုလသမဂ္ဂက
အမျုားပြည်သူကို တရားဝင် ဖြန့်ဝေပေးနေတဲ့ ကျန်းမာရေး ပညာပေးစာရွက်စာတမ်းတွေ
ဖြစ်တာကြောင့် မိမိအနေနဲ့ လက်ဆင့်ကမ်းခြင်းသာ ဖြစ်တာကြောင့် လုပ်ခွင့်ရှိတယ်လို့
ယူဆကြောင်း၊ ဒါကြောင့် ခံဝန်ချက် လက်မှတ်မထိုးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလုပ်ငန်းကို ဆက်လက်ဆောင်ရွက်မှာ ဖြစ်ကြောင်း
မိမိတို့ မြို့နယ်အတွင်း
HIV/AIDS ရောဂါနဲ့ ပတ်သတ်ပြီး အသိအမြင်
ဗဟုသုတ ခေါင်းပါးနေတာကြောင့် ရောဂါဖြစ်ပွားသူတွေလည်း များလာတာ တွေ့ရလို့
ဖြစ်တယ်လို့ မဇင်မမထွန်း ပြောကြောင်းလည်း သိရပါသည်။

http://www.rfa.org/burmese/news/AIDS_activist_warned_by_autorities-20070801.html?searchterm=None

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top