“ဂျူဒီ” က ဥရောပ တိုက်သူပါ။ သူက
ကျွန်တော်နဲ့ အတူ ကန်ထရိုက်လုပ်ငန်းမှာ တစ်လ အလုပ်အတူတူ လုပ်ဖက်ပေါ့။ သူက
ကျွန်တော်လုပ်တဲ့ ဌာနမှာ ကျွမ်းကျင်ပညာရှင်ပါ။ ကျွန်တော် သူနဲ့ နေ့စဉ်
အလုပ်လုပ်ရပါတယ်။ သူ့အကြောင်း ကျွန်တော် ကောင်းကောင်း မသိပေမယ့် သူ့ကို စိတ်ဝင်စားတာ
ကြိုက်မိတာ ၀န်ခံပါတယ်ဗျာ။ သူဟာ အင်မတန်လှတဲ့ မိန်းမ တစ်ယောက်ပါပဲ။ စကားပြောလည်း
သိပ်ကောင်းတယ်။ ကျွန်တော့်သားလေးကိုလည်း အလွန်ချစ်ပါတယ်။ သူနဲ့အတူ ရှိနေချိန်မှာ
ကျွန်တော် အလွန်ပျော်ပါတယ်ဗျာ။
“ဂျူဒီ”
တစ်ယောက် သူ့နိုင်ငံပြန်ဖို့ အချိန်နီးလာတော့ ကျွန်တော့်မှာ မအီမသာ
ခံစားလာရပါတော့တယ်။ သူနဲ့ အတူ နေခဲ့တုန်းက အဲသလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်သူ့ကို
ချစ်မိနေပြီလား။ ချစ်တာမဟုတ်ဘူးလား။ ဘာပဲဖြစ်ဖြစ် အိမ်က မိန်းမကို
ကွာရှင်းပစ်ဖို့တော့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ ငြီးတော့
ငြီးငွေ့တာပေါ့လေ။
ဒီလိုနဲ့
မနက်ဖြန်လို သူနေရပ်ပြန်မယ်ဆိုရင် ဒီနေ့ညလိုမှာ ဂျူဒီရယ် ကျွန်တော်ရယ်
လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရယ် ဂုဏ်ပြုပွဲလေး တစ်ခု လုပ်ကြပါတယ်။ ပြီးတော့
ကျွန်တော်နဲ့ ဂျူဒီ အရက်သောက်ကြပါတယ်။ ရယ်စရာ မောစရာ တွေ ပြောမကုန်ပါပဲ။
အိမ်ကိုလည်း ထုံးစံအတိုင်း ဒီည အိုဗာတိုင်လို့ ညာပြောခဲ့တာပေါ့ဗျာ။ ဒီလိုနဲ့
အချိန်တန်တော့ လည်း ကျွန်တော်ဟာ ဂျူဒီ့အခန်းထဲ ပါသွားပါတော့တယ်။
မနက်မိုးလင်းတော့
အိပ်ရာပေါ်မှာ ဂျူဒီ မရှိတော့ပါဘူး။ ကျွန်တော် အခန်းအနှံ လိုက်ရှာနေမိပါတယ်။
ဒါပေမဲ့ သူလေဆိပ် ဆင်းသွားပြီ ထင်ပါရဲ့လေ။
သူနဲ့ပတ်သက်လို့
ကျွန်တော့်ဆီမှာ ကျန်ခဲ့တာဆိုလို့ ရေအိမ်ထဲက ကြည့်မှန်ပေါ်မှာ ရေးထားတဲ့
စာတစ်ကြောင်းပဲ ကျန်ရစ်ခဲ့ပါတယ်ဗျာ။
“ ငါ့မှာ အေအိုင်ဒီအက်စ် ရှိနေပြီ”
“ဘာလုပ်ရမလဲ” လို့ ကိုယ့်ကိုယ်ကို
မေးမိတယ်။
ဒါဟာ
အနောက်တိုင်းသူတွေရဲ့ ရိုးသားပွင့်လင်းမှုလား။ ဒါမှမဟုတ် သူကျီစယ်ခဲ့တာလား။
ကျွန်တော်ကတော့ ၀မ်းနည်းစိတ်နဲ့ စိုးတထိတ်ထိတ်ပါပဲဗျာ။




