6
Mar

ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်

ဝေဘာဂီ အထူးကုဆေးရုံကြီးတွင်
ဆေးကုသမှုခံယူနေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံ ရသူများအား အထူးကုဆေးရုံကြီး
(မင်္ဂလာဒုံ)သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်းသိရ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံ
ကြီး(ဝေဘာဂီ)တွင် ဆေးကုသမှု ခံယူနေသည့် အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်များအား
မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံ ကြီး (မင်္ဂလာဒုံ) သို့ ၂၀၁၀ ဒီဇင်ဘာလအတွင်းက ပြောင်းရွှေ့လိုက်ကြောင်း
သိရသည်။

 

မြောက်ဥက္ကလာပမြို့နယ်ရှိ အထူးကုဆေးရုံကြီး (ဝေဘာဂီ)၌ အတွင်းလူနာနှင့်
အပြင်လူနာစုစုပေါင်း ၂၀၀ကျော်ကို လက်ခံကုသပေးလျက် ရှိပြီးနောက်ပိုင်းတွင် အထူးကုဆေးရုံ
ကြီး(ဝေဘာဂီ)၌ အခြား ကူးစက် ရောဂါဝေဒနာရှင်များကိုသာ ဆက်လက်ကုသပေးမည်ဟု သိရသည်။

 

"အခုအထူးကုဆေးရုံကြီး (ဝေဘာဂီ) က အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေကို
အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ) ကို ဒီဇင်ဘာလက ပြောင်းရွှေ့လိုက်တာပါ။ နောက်ပိုင်းကျရင်တော့
အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)နဲ့ အထူးကုဆေးရုံ(သာကေတ) တို့မှာပဲ ဝေဒနာရှင်တွေကို သီးသန့်လက်ခံ
ကုသပေးသွား မယ်။ ပြီးတော့အထူးကု ဆေးရုံကြီး (ဝေဘာဂီ)မှာ တခြား ကူးစက်ရောဂါတွေကို ဆက်လက်ကုသပေး
သွားမှာပါ"ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သည် ခုတင်
၁၀၀ ဆံ့ဆေးရုံဖြစ်ပြီး ဆေးရုံကို ၂၀၀၇ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ရာ ဆေးရုံတွင်
ART ဆေးဖြင့် ကုသပေးနေသည့် အတွင်းလူနာနှင့် အပြင် လူနာစုစုပေါင်း ၁၂၀ ကျော်ကိုလက်ခံ
ကုသပေးနေကြောင်း သိရသည်။

 

မင်္ဂလာဒုံမြို့နယ်ရှိ အထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)၌ ပြင်ပလူနာ
ကုသဆောင်သစ် တစ်ဆောင်ကို တိုး ချဲ့ဆောက်လုပ်လျက်ရှိပြီး အဆိုပါ အဆောင်အသစ်သည် အလျားပေ
၁၀၀_အနံ၉၀ရှိ တစ်ထပ် အ ဆောက်အအုံဖြစ်ရာ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အထရာဆောင်းခန်းနှင့်ကူး
စက်ရောဂါနှင့်ပတ်သက်၍ ဆွေးနွေး မှုများပြုလုပ်နိုင်မည့် နှစ်သိမ့်ဆွေး နွေးပညာပေးခန်းမများ
ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

 

၂၀၀၉ ခုနှစ်ခန့်မှန်းတွက်ချက်မှု ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ခံရသူဦးရေ နှစ်သိန်းသုံးသောင်းကျော်ရှိကြောင်း
ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ အရ သိရသည်။

 

ELEVEN MEDIA
GROUP
- ဝေဘာဂီ
အထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကူးစက်ခံရသူများအား
အထူးကုဆေးရုံကြီး (မင်္ဂလာဒုံ)သို့ ပြောင်းရွှေ့ လိုက်ပြီ ဖြစ်ကြောင်းသိရ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top