အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်စီအက်စ် ဖြင့်နေထိုင်သူများနှင့် ကမ္ဘာ့
လူတုပ်ကွေး အပါအ၀င် ရာသီပေါ် ကူးစက်ရောဂါ များကို အဓိကထား ကုသပေးနေသော ဝေဘာဂီဆေးရုံကြီး
အတွက် ဓာတ်ခွဲ ခန်း/ ဓာတ်မှန်သုံး ပစ္စည်းများ လှူဒါန်း လိုပါက လက်ခံ
ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ယင်းဆေးရုံမှ ဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်လွင်က
ပြောကြားသည်။
ယခင်က ဓာတ်ခွဲခန်း/ဓာတ်မှန် သုံးပစ္စည်းများကို ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ လှူဒါန်းထားခြင်းဖြစ်ပြီး အလှူရှင် ရှိချိန်တွင်
အခမဲ့စမ်းသပ် စစ်ဆေးပေးကြောင်း၊ အလှူရှင်မရှိသည့်အချိန်တွင် လည်းတတ်နိုင်သမျှ စရိတ်မျှပေးစနစ်ကို
ကျင့်သုံးပါကြောင်း ဆေးရုံအုပ်ကြီး ကပြောသည်။
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြင့်နေထိုင်သူ တစ်ဦး၏ဆေးရုံတက်ရောက်
ကုသမှုစရိတ်မှာ မည်မျှကုန်ကျပါ သနည်းဟု ဆက်လက်မေးမြန်းခဲ့ရာ ဝေဒနာရှင်အတွက် ဆေးရုံတက်ရောက်
ကုသမှုနှင့် ART ဆေးဝါး
တိုက်ကျွေးမှု အားလုံးမှာ အခမဲ့သာဖြစ်ပြီး လူနာအနေဖြင့်၎င်း၏ စားသောက်စရိတ်သာ
ကုန်ကျကြောင်း၊ တစ်ခါတစ်ရံတွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ကြောင့်
ပြင်ပမှဝင်ရောက်လာသော အခြားရောဂါ လက္ခဏာများအတွက် ဆေးဝါးတစ်ချို့ (အနည်းငယ်) ကို
သာလူနာအနေဖြင့် ထပ်ယူရကြောင်း ဆေးရုံအုပ်ကြီးက ရှင်းပြသည်။
ဝေဘာဂီဆေးရုံတွင် လက်ရှိဆေးရုံ တက်ရောက်ကုသနေသော
အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်ဖြင့် နေထိုင်သူ် ၆၀ဦး ရှိပြီး ပြင်ပမှ လာရောက်ကုသနေသော ဝေဒနာရှင်မှာ တစ်ပတ်လျှင်လူ ၂၀၀
ကျော်ရှိကြောင်း ၎င်းကဆက် လက်ပြောကြားသည်။
မြန်မာပိုစ့် သတင်းဂျာနယ်




