24
Jun

ပြည့်တန်ဆာများ အိတ်ခ်ျအိုင်ဗီ ကူးစက်နှုန်း မြင့်မား



မြန်မာနိုင်ငံမှ
ပြည့်တန်ဆာများတွင် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှုနှုန်း မြင့်မားနေကြောင်း
မကြာသေးမီက ပြုလုပ် ခဲ့သော စစ်တမ်းတခုတွင် ဖော်ပြထားသည်။

 

အဆိုပါ စစ်တမ်းမှာ ၂ဝဝ၇
ခုနှစ်က မြန်မာပြည် အနှံ့အပြားရှိ မြို့ကြီး ၆ မြို့မှ ပြည့်တန်ဆာများကို စစ်ဆေး
စမ်းသပ်ရာမှ ရရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနကို ကိုးကားပြီး
ရန်ကုန်မြို့တွင် ယနေ့ ရက်စွဲဖြင့် ထုတ်ဝေသော
Weekly Eleven ဂျာနယ်က ဖော်ပြထားသည်။

 

မြို့ကြီး ၆ မြို့မှ  ပြည့်တန်ဆာ ၉၄၅ ဦးကို စစ်ဆေးရာ ၁၄၇ ဦးတွင် အိတ်ခ်ျအိုင်ဗီပိုး
တွေ့ရှိရသည်ဟု အဆိုပါ ဂျာနယ်က ရေးသားထားသည်။

 

အိတ်ခ်ျအိုင်ဗီပိုးရှိသော
ပြည့်တန်ဆာများကို မန္တလေး နှင့် လားရှိုးမြို့တို့တွင် အများဆုံး တွေ့ရကြောင်း
ဖော်ပြ ထားသည်။

 

လားရှိုး တွင် ၂၂
ဒသမ ၇ ရာခိုင်နှုန်း၊ မန္တ လေးတွင် ၂၂ ဒသမ ၆ ရာခိုင်နှုန်း၊ မြစ်ကြီးနားတွင် ၁၇ ဒသမ ၉
ရာ ခိုင်နှုန်း၊ တောင်ကြီးတွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၉ ဒသမ ၆
ရာခိုင်နှုန်း နှင့် ကျိုင်းတုံတွင် ၁ ဒသမ ၂ရာခိုင်နှုန်း
စသဖြင့် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရသည်ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင်
အိတ်ခ်ျအိုင်ဗီပိုး ရှိသူ အရေအတွက်မှာ ၂၄ဝ ဝဝဝ ရှိသည်ဟု ကုလသမဂ္ဂ အေအိုင်ဒီအက်စ်
ဆိုင်ရာ အေဂျင်စီဖြစ်သည့်
UNAIDS အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

မြန်မာ့ စီးပွားရေး
ကျဆင်းလာမှုများ၊ အကြပ်အတည်းများကြောင့် မြန်မာနိုင်ငံရှိ အမျိုးသမီး အများအပြားမှာ
ပြည့်တန်ဆာလုပ်ငန်းသို့ ရောက်ရှိသွားကြခြင်းဖြစ်သည်ဟု အကဲခတ်များက ဆိုသည်။

 

အမျိုးသမီးပြည့်တန်ဆာ
အများစုမှာ အိတ်ခ်ျအိုင်ဗီပိုး ရှိမရှိ စစ်ဆေးခြင်းမရှိဟု ရန်ကုန်မြို့အခြေစိုက်
အိတ်ခ်ျ အိုင်ဗီပိုး ရှိသူများကို နှစ်သိမ့်ဆွေးနွေး ကူညီနေသူ
လုပ်အားပေးဝန်ထမ်းတဦးက ဧရာဝတီသို့ ပြောပြသည်။

 

ထို့ပြင် ၎င်းတို့သည် အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှု
အပါအဝင် လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း
အနည်းငယ်သာ သိရှိထားကြသည်ဟု ဆိုသည်။

 

ဖောက်သည်တွေက
ကွန်ဒုံမကြိုက်ဘူး ဆိုတော့ အိတ်ခ်ျအိုင်ဗီပိုးအကြောင်း သိနားလည်တဲ့
ပြည့်တန်ဆာတွေ ကလည်း ကွန်ဒုံကို မသုံးဖြစ်ကြတော့ဘူး
ဟု အဆိုပါ လုပ်အားပေးဝန်ထမ်းက ရှင်းပြသည်။

 

၂ဝဝ၇ ခုနှစ်က
မြန်မာနိုင်ငံတွင် ခုခံကျရောဂါကြောင့် သေဆုံးခဲ့သူပေါင်း ၂၅ဝဝဝ (နှစ်သောင်းခွဲ)
ရှိသည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ထုတ်ဝေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (
MSF) ၏ အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။

 



ပြည့်တန်ဆာများ အိတ်ခ်ျအိုင်ဗီ ကူးစက်နှုန်း
မြင့်မား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top