မြန်မာနိုင်ငံက အိပ်ခ်ျအိုင်ဗွီ ကူးစက် ခံနေရသူတွေ အတွက် အဓိက လိုအပ်ချက် ဟာ ARV ဆေးဝါး ဖြစ်တယ် လို့ အေအိုင်ဒီအက်စ်ဝေဒနာ သည်တွေကို အနီးကပ် ပြုစုစောင့်ရှောက် ကူညီနေတဲ့ အဖွဲ့က မဖြူဖြူသင်းက ဘီဘီစီ ကို ပြောပြ ခဲ့ပါတယ်။
အေအိုင်ဒီအက်စ်ရောဂါ စတွေ့ တဲ့ နှစ် ၃၀ ပြည့်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစကမှုနှုန်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလ အတွင်းမှာ သိသိ သာသာ ကျဆင်း လာခဲ့တယ်လို့ ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာဖော်ပြ ထားပါတယ်။
ကမ္ဘာတဝန်း အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျကမှုတွေမှာ တိုးတက်မှုတွေ သိသိသာသာ ရှိခဲ့ပေမယ့် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံ တွေမှာ ဒီရောဂါကို ကုသမှု ပေးနိုင်ပုံမှာ ကွာဟမှုကြီးမား နေဆဲပဲလို့ အစီရင်ခံစာက ဆိုပါတယ်။ကနေ့ အေအိုင်ဒီအက်စ ရောဂါ တိုက်ဖျက် ရာမှာ ရင်ဆိုင် နေရတဲ့ အကြီးမားဆုံး စိမ်ခေါ်မှု ကတော့ ARV ဆေးကို ကျယ်ကျယ် ပြန့်ပြန့်ရရှိနိုင်အောင် လုပ်ဆောင်ရေး ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ARV ဆေးလိုအပ်နေတဲ့ ဝေဒနာရှင် ၆ သောင်းကျော် ရှိပြီး ဆေးရနိုင်မှုက အဲဒီ လူဦးရေထက် တဝက်တောင် မရှိပါဘူး။အိပ်ခ်ျအိုင်ဗွီ ပိုးကူးစက်တာကို သိတာနဲ့ စောနိုင်သမျှ စောစော ကုသမှု ပေးနိုင်ရင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုကို သိသိသာသာလျော့ကျ စေနိုင်တယ်လို့ နောက်ဆုံး ထွက်ရှိလာတဲ့ သုတေသန ပြုလုပ်မှုတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အန်ဂျီအို အဖွဲ့အစည်းတွေက ARV ဆေးဝါးကို အဓိက ဖြန့်ဖြူးနေတာ ဖြစ်ပြီး အစိုးရ ဆေးရုံတွေမှာ များများစားစားမရနိုင်ဘူးလို့ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေကို အနီးကပ် ပြုစုစောင့်ရှောက် ကူညီနေတဲ့ အန်အယ်ဒီ အလုပ်အမှုဆောင် အဖွဲ့ဝင်မဖြူဖြူသင်း က ပြောပါတယ်။




