2
Jun

ပြည်တွင်းရှိ HIV ကူးစက်ခံ ရသော ဆယ်ကျော်သက် လူငယ်များအား UNICEFမှ ထောက်ပံ့ သွားရန်ရှိ

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF မှ ပြည်တွင်းရှိ HIV ကူးစက် ခံခဲ့ရတဲ့ ဆယ်ကျော်သက် လူငယ်များရဲ့ HIV ပိုး ကူးစက်တာနဲ့ ပတ်သက်ပြီး ကာကွယ်ခြင်း၊ ကုသမှု တွေနဲ့ ပြုစု စောင့်ရှောက် ပေးခြင်း များကို ထောက်ပံ့ပေး သွားဖို့ ရှိတယ်လို့ မေလ ၃၀ ရက်နေ့က ထရိတ်ဒါး ဟိုတယ်မှာ ဟောပြော ပြုလုပ်ခဲ့တဲ့ HIV ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

UNICEF အနေနဲ့ ဒီလို UNICEF ကူးစက်ခံ ရမှုတွေကို ထောက်ပံ့ ပေးရာမှာ ပညာရေး အကူအညီ ဆက်လက် ထောက်ပံ့ ပေးနေတာနဲ့ ၎င်းတို့ရဲ့ဘ၀ရပ်တည်နိုင်ဖို့အတွက် စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ ကူညီမှုတွေကို ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်။

ဒီလို ထောက်ပံ့ ပေးမှုအတွက် ငွေကြေး ရန်ပုံငွေကို ပြည်တွင်းရှိ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်တဲ့ NGO အဖွဲ့အစည်းများ ထံမှ တောင်းခံ သွားမှာဖြစ်ပြီး UNICEF အနေနဲ့ ကလည်း HIV ဖြစ်နေတဲ့ ဆယ်ကျော်သက် လူငယ် တွေကို ပံ့ပိုးမှုတွေကို Global Fan မှ အလှူငွေများ ကောက်ခံပြီး ပံ့ပိုးမှုတွေ ဆက်လက် လုပ်ကိုင်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ထောက်ပံ့ ပေးမှုတွေ လုပ်ကိုင် ပေးခြင်း အပြင် ပြည်သူများ အနေနဲ့လည်း HIV ကူးစက်ခံ ရသူများကို ကူညီဖေးမ ပေးရမှာ ဖြစ်သလို မီဒီယာများနဲ့ လူငယ်များ ကိုယ်တိုင်ကပါ HIV နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပူးပေါင်း ဆောင်ရွက် ရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ UNICEF မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

MRTV-4 - ပြည်တွင်းရှိ HIV ကူးစက်ခံ ရသော ဆယ်ကျော်သက် လူငယ်များအား UNICEFမှ ထောက်ပံ့ သွားရန်ရှိ  

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top