8
Apr

ပြည်တွင်းရှိ HIV ရောဂါပိုး ရှိသူပေါင်း ၅၃၀၀၀ ကို ARV ဆေးပြားများ ထောက်ပံ့ပေးခဲ့

Unicef မှ သတင်း ထုတ်ပြန်ချက်များ အရ အခုလက်ရှိ ပြည်တွင်းမှာ အေအာရ်ဗွီ ဆေးပြား တွေကို HIV ရောဂါပိုးရှိသူပေါင်း ၅၃၀၀၀ကို ထောက်ပံ့ နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ပေမယ့် ခန့်မှန်းခြေ အားဖြင့် လူပေါင်း ၁၂၅၀၀၀ ဦးခန့်ဟာ ကုသမှု ခံယူဖို့ လိုအပ် နေတယ်လို့ သိရပါတယ်။ ကမ္ဘာ့လုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီးရဲ့ ထောက်ပံ့မှု ပုံစံသစ် အရ အိတ်ခ်ျအိုင်ဗွီ အတွက် လက်ရှိ ရနိုင်တဲ့ ရန်ပုံငွေ တွေက တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၃၃ သန်း ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လူတွေကို အခုထက်ပိုပြီး အသက်ကယ် နိုင်မယ့် HIV ကြိုတင် ကာကွယ်ရေးနဲ့ ကုသမှု တွေကို ပေးနိုင်ဖို့က ဘဏ္ဍာ ငွေကြေး ရင်းနှီး မြှုပ်နှံမှု တိုးပွားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် လူ့စွမ်းအား အရင်းအမြစ် နယ်ပယ်တွေ၊ သတင်း အချက်အလက် စီမံခန့်ခွဲမှုများ၊ ထောက်ပံ့ရေး၊ ကွင်းဆက် စီမံခန့်ခွဲမှုနဲ့ လုပ်ငန်းစဉ် တွေနဲ့ စနစ်တွေကို ဗဟို ချုပ်ကိုင်မှု လျော့ချရေး တို့မှာ ဒီထက် ငွေကြေး ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့ UNAIDS ရဲ့ နိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာ့လုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီးရဲ့ ကမ္ဘာလုံး ဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့မှု ပုံစံသစ်ကို ပထမဦးဆုံး စတင် အကောင်အထည် ဖော်တဲ့ နိုင်ငံအဖြစ် ထူးခြားတဲ့ အခွင့်အရေးကို ရရှိထားတဲ့ နိုင်ငံ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

MRTV-4 - ပြည်တွင်းရှိ HIV ရောဂါပိုး ရှိသူပေါင်း ၅၃၀၀၀ ကို ARV ဆေးပြားများ ထောက်ပံ့ ပေးခဲ့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top