မြန်မာနိုင်ငံ အတွင်း HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းဟာ တဖြည်းဖြည်း လျော့ကျလျက် ရှိတယ်လို့ ရန် ကုန်တိုင်း ဒေသကြီး အတွင်း သူနာပြု တက္ကသိုလ်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပ ပြု လုပ်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရပါတယ်။
ဒီလို ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ လျော့ကျစေရေး အတွက် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အဆိုပါ ရော ဂါ တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုတွေကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက် နေ့မှာ ကျင်းပလေ့ ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့အပြ င် မြန်မာနိုင်ငံ အတွင်းမှာလည်း ခုခံအား ကျဆင်းမှု ကူးစက်ေ ရာဂါ ဖြစ်ပွားမှု အခြေအနေ တွေနဲ့ ပတ်သက်ပြီး ယခုလို ပြောပြ ခဲ့ပါတယ်။ ဒါ့အပြင် HIV/AIDS ရောဂါ ဝေဒနာရှင်များကို APT ဆေးဝါးနဲ့ ကုသခြင်း လုပ်ငန်းတွေကိုလည်း ၂၀၀၅ ခုနှစ်မှ စတင်ပြီး ဆောင်ရွက် ခဲ့ရာမှာ ပြည်နယ် ၊တိုင်း ဒေသကြီး ဆေးရုံ ၃၀မှာ ဆောင် ရွက်လျက် ရှိရာမှာ အထူးကု ဆေးရုံကြီး မင်္ဂလာဒုံ နဲ့ သာကေတ ဆေးရုံများမှာလည်း လုပ်ငန်း ဆောင်ရွက် လျက် ရှိပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ APT ဆေးဝါးနဲ့ ကုသ ပေးမှုကို အပြည်ပြည်ဆိုင်ရာနဲ့ ပြည်တွင်း လူမှုရေး အဖွဲ့အစည်းတွေကလည်း ပူးပေါင်းကာ ဆောင်ရွက်နေတာ ဖြ စ်ပြီး ယနေ့အထိ လူနာပေါင်း တစ်သောင်း ငါးထောင့် ခုနှစ်ရာ ခြောက်ဆယ့် ကိုးဦးကို ကုသ နိုင်ပြီလို့ သိရှိရပါတယ်။
MRTV-4 - ပြည်တွင်း၌ HIV/AIDS ရောဂါ ဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလျက်ရှိ




