15
Apr

ပြည်နယ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားမည်



ဂျာမန်ပညာရှင်
Dr.Robert Kock သည် (၁၈၈၂)ခုနှစ် မတ်လ (၂၄)ရက်နေ့တွင် လူသားထု တစ်ရပ်လုံးအား သေကြေပျက်စီး
စေခဲ့သော တီဘီရောဂါပိုးကို စတင်ရှာဖွေ တွေ့ရှိခဲ့သည်။

လူသားထု
တစ်ရပ်လုံးမှ တီဘီရောဂါကို သတိထားမိစေရန် အတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးမှ အဆိုပါ
မတ်လ (၂၄)ရက်နေ့ကို ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေး နေ့အဖြစ် သတ်မှတ်ပြီး အခမ်းအနား များကို
(၁၉၉၆)ခုနှစ်မှ စ၍ ကျင်းပပေးလျှက် ရှိရာ (၂ဝ၁ဝ)ပြည့်နှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌
မတ်လ (၂၄)ရက်နေ့ နံနက် (၉)နာရီ အချိန်က ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

ရှေးဦးစွာ
မွန်ပြည်နယ်၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးအုန်းလွင်မှ
အဖွင့်အမှာစကား ပြောကြားပေးပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးပါမောက္ခ ဒေါက်တာကျော်မြင့်၏
သဝဏ်လွှာကို မွန်ပြည်နယ်၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းမှ ဖတ်ကြားပေးခဲ့ကြောင်း
သိရသည်။

ထို့နောက်
မွန်ပြည်နယ် တီဘီဆရာဝန်ကြီး ဒေါက်တာဝင်းနိုင်က တီဘီရောဂါ ဆိုင်ရာ သိကောင်းစရာများ၊
ရောဂါဖြစ်ပွားပုံများ၊ ကူးစက်နိုင်မှုအခြေအနေများ၊ ကုသ ပေးနေမှုအခြေအနေများ၊ ပြည်နယ်အတွင်း
လုပ်ဆောင်ပေးလျှက်ရှိသော တိုက်ဖျက်ရေး လုပ်ငန်းများနှင့် အောင်မြင်မှုအခြေအနေများ၊
DOTS နည်းဗျူဟာဆိုင်ရာ သိကောင်းစရာများ၊ နည်းသစ်တီထွင်၊ အရှိန်မြှင့်တင်၊ တီဘီကင်းစင်မြန်မာပြည်တစ်ခွင်
ဆိုသော ယခုနှစ်ဆောင်ပုဒ်နှင့်အညီ ပြည်နယ်အတွင်း ဆောင်ရွက်နေမှုအခြေအနေများ နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များကို
အသေးစိတ် ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင်
ထူးချွန်သောမြို့နယ်များ၊ ထူးချွန်ဓာတ်ခွဲခန်း ဆုရမြို့နယ်များ၊ (၂ဝ၁ဝ)ပြည့်နှစ်၊ ကမ္ဘာ့တီဘီရောဂါ
တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော ကာတွန်းပြိုင်ပွဲနှင့် ဝတ္ထုတိုပြိုင်ပွဲများ
ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။



လျှပ်တပြက်
ဂျာနယ် -
ပြည်နယ်အတွင်း တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်သွားမည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top