ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ အေးရိပ်ငြိမ် အဝေးပြေးဂိတ် အနီး၌
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းနုက ငွေကြေးရယူ၍ ပြည့်တန်ဆာလုပ်ငန်းများကို
ခွင့်ပြုနေကြောင်း တောင်ကုတ် မြို့ခံ များက ပြောသည်။ အေးရိပ်ငြိမ်
ကားဂိတ်အနီး မီးစက် ကွက် သစ် ရှိ ပြည့်တန်ဆာအိမ် ၁၀ အိမ်ကျော်မှ ပြည့်တန်ဆာ
အမျိုးသမီး ၄၀ ၀န်းကျင်သည် တဦးလျှင် တလ ကျပ် တသောင်းစီ ဦးသန်းနုကို
ပေးရကြောင်း၊ မြို့ခံကျောင်းသား လူငယ် မိဘများစုပေါင်း၍
ခရိုင်အာဏာပိုင်များ ကိုတိုင်ကြား သော်လည်း အရေး ယူမှု တစုံတရာ မရှိကြောင်း
သိရသည်။
ဧရာဝတီ - ပြည့်တန်ဆာဆီက ရပ်ကွက်လူကြီး လာဘ်စား




