30
Jul

ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ တောင်းဆို

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ မြန်မာနိုင်ငံ တဝန်းက လိင်လုပ်သားတွေနဲ့ ဖွဲစည်းထားတဲ့ ကွန်ရက်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ လက်ရှိ မြန်မာနိုင်ငံ အတွင်း ပြည့်တန်ဆာတွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ အပြစ် ဒဏ်တွေ ပေးနေတဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး အကာကွယ် ပေးဖို့ တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံက တည်ဆဲ ဥပဒေတွေဟာ လိင်လုပ်သားတွေကို နှိပ်ကွပ် ဖို့နဲ့ ပပျောက်ဖို့ပဲ ရှိပြီးတော့ သူတို့ကို အကာကွယ် ပေးထားတာ မရှိတဲ့ အတွက် အခုအခါမှာ ဥပဒေ အရ ပြုပြင်ပြီး စောင့်ရှောက် ကာကွယ်ပေး နိုင်အောင် လွှတ်တော်အထိကို တောင်းဆိုဖို့ လုပ်ကြတာ ဖြစ်ပါတယ်။

လိင်အရောင်း အဝယ်လုပ်တဲ့ နေရာမှာ ရောင်းတဲ့သူကိုပဲ ဖမ်းပြီး ဝယ်တဲ့သူကို ဖမ်းဆီးတာမျိုး မရှိ သေးပါဘူး။ ဒီဥပဒေကို အစိုးရ ဘက်ကလည်း ပြင်ဖို့ မရှိဘူးလို့ လွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောထား ပါတယ်။

ဒါ့အပြင် ကွန်ဒုံးကို သက်သေခံ အဖြစ် ရဲက ဖမ်းဆီးပြီး အချို့ တရားရုံးတွေမှာ ရုံးတင်နေတဲ့ အတွက် လိင်လုပ်သားတွေ HIV ကူးစက် ပြန့်ပွားဖို့ အတွက် အန္တရာယ် ရှိနေတယ်လို့ ဒီပွဲကို တက်ရောက် ဆွေးနွေး သူတွေက ပြောပါတယ်။

ဒီပွဲဟာ မြန်မာနိုင်ငံက လိင်လုပ်သား ကွန်ရက်က လုပ်တဲ့ ဒုတိယ အကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖြစ်ပြီးတော့ လိင်လုပ်သားတွေ အပြင် ပညာရှင်တွေ အလှူရှင်တွေပါ တက်ရောက် ခဲ့ကြပါတယ်။

ပွဲဖြစ်မြောက်ရေး စီစဉ်သူ တဦးဖြစ်တဲ့ မနှင်းနှင်းကလည်း လိင်လုပ်သား အများစုဟာ အန္တရာယ်ကြားမှာ ဥပဒေမဲ့ အနိုင်ကျင့် ဖိနှိပ်ခံ ဘဝနဲ့ ရပ်တည်နေရတယ်လို့ ပြောပါတယ်။

လိင်လုပ်သားတွေ ဘက်ကတော့ ဥပဒေတွေကို ပြင်ဆင်နိုင်ဖို့ အထိ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လွှတ်တော်ကို ရောက်အောင် ကြိုးပမ်း သွားမယ်လို့ ပြောပါတယ်။ အစည်းဝေးကို မွန်၊ ရခိုင်၊ ရှမ်း၊ မုံရွာ၊ ကျောက်ပန်းတောင်း၊ ရွှေဘို၊ ပြည်၊ မကွေး၊ ပဲခူး တို့က လိင်လုပ်သား ၈၀ ကျော် တက်ရောက်ခဲ့ ကြပါတယ်။

BBC - ပြည့်တန်ဆာတွေကို အကာအကွယ်ပေးဖို့ တောင်းဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top