20
Sep

ပြည့်တန်ဆာ လုပ်သားများ တိုးတက်လာခြင်း

ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့ နယ်၊ ဘုရားသုံးဆူ နယ်စပ်မြို့ မှ နယ်စပ် ပြည့်တန်ဆာ လုပ်ငန်း၌ အချိန် (၈) လ ကာလ အတောအတွင်း ပြည့်တန်ဆာ အရေအတွက် နှစ်ဆ တိုးလာနေသည်ဟု ဘုရားသုံးဆူမြို့ ပြည့်တန်ဆာ လုပ်ငန်းရှင်များက ဆိုပါသည်။

၂၀၁၀ခုနှစ် အောက်တိုဘာလ၌ ပြည့်တန်ဆာ အလုပ်ရုံပေါင်း (၈) နေရာ ရှိခဲ့ပြီး ပြည့်တန်ဆာ လုပ်သားပေါင်း ၆၀ မှ ၈၀ကြား၊ ရှိခဲ့ရာက ယခုဆိုလျှင် ပြည့်တန်ဆာ အလုပ်ရုံပေါင်း အနဲဆုံး (၁၅) နေရာထက်မနဲ ရှိလာပြီး၊ လုပ်သားပေါင်း ၁၁၀ မှ ၁၄၀ ကြား ရှိလာခဲ့သည်ဟု ဆိုပါသည်။ ဤအရေအတွက်သည် အလုပ်ရုံ (သို့ ) အခန်းရှိသူများကိုသာ ရေတွက်ခြင်း ဖြစ်ပါသည်။ တပိုင်တနိုင်ကို ထည့်တွက်ထား ခြင်းမရှိပေ။

ပြည့်တန်ဆာ အလုပ်ရုံကို နှစ်မျိုး သတ်မှတ် ထားပါသည်။ လုပ်သားအရေအတွက် ၁၀ မှ ၁၆ ဦးကြား ရှိသည့် အလုပ်ရုံမျိုးကို အလုပ်ရုံကြီးဟု သတ်မှတ်ပြီး၊ အရေအတွက် ၄ ဦးမှ (၇)ဦးရှိသည့် အလုပ်ရုံကို အလုပ်ရုံသေးဟု သတ်မှတ်ပါသည်။ မြန်မာနိုင်ငံ ဖက်ခြမ်းရှိ ဘုရားသုံးဆူမြို့ ၌ အလုပ်ရုံကြီး (၂)နေရာ ရှိပြီး၊ အလုပ်ရုံသေးပေါင်း အနည်းဆုံး (၇)နေရာ ရှိနေပါသည်။ ထိုင်းနိုင်ငံ ဖက်ခြမ်း ဘုရားသုံးဆူ မြို့ ၌မူ အလုပ်ရုံကြီး (၃) နေရာ ရှိပါသည်။ ထိုင်းနိုင်ငံ စံခဘူရီ၌ အလုပ်ရုံကြီး (၂) နေရာ ရှိသည်ကို တွေ့ ရပြီး၊ စံခလဆည် ရေလည်ဖေါင်၌ အလုပ်ရုံကြီး တနေရာရှိပါသည်။

“ အခုပြောတဲ့ နေရာတွေကတော့ ထင်သာမြင်သာရှိပြီး အာဏာပိုင်တွေက နားလည်မှု ပေးထားတဲ့နေရာကို ပြောတာနော်၊ မြန်မာဖက်ခြမ်းကတော့ ပုလိပ်တို့ ၊မြို့ နယ်ရုံးတို့ ၊ စစ်တပ်တို့ ၊ ရပ်ကွက်မှူးတွေကို လိုင်းကြေး ပေးရတဲ့ နေရာတွေပေါ့။ အလုပ်ရုံကြီးဆိုရင် တလကို တသောင်း ဘတ်အထိ ပေးနေရပြီး အလုပ်ရုံငယ်ကတော့ အနည်းဆုံး တလကို ဘတ် (၅၀၀၀) ပေးရပါတယ်။  ဒါပေမဲ့ တခါတလေလည်း ၀င်ငွေအပေါ် မူတည်ပြီး တောင်းလျှော့သင့်ရင် လျော ဆိုတာပေါ့ဗျာ။”ဟု ဘုရားသုံးဆူမြို့ က ပြည့်တန်ဆာ လုပ်ငန်းရှင် တဦးက ပြောပါသည်။

ယခုလို ပြည့်တန်ဆာ လုပ်သားတွေ တိုးလာပေမဲ့ စီးပွားရေးကတော့ ကျဆင်းသွားသည်ဟု လုပ်ငန်းရှင်များက ဆိုပါသည်။ ၂၀၁၀ အောက်တိုဘာလ၌ အလုပ်ရုံကြီးတွင် တနေ့ ဝင်ငွေ နှစ်သောင်း ဘတ်အထိ ရှိလာခဲ့ရာမှ ယခုဆိုရင် ၅၀၀၀ နှင့် ၈၀၀၀ ကြား၌သာရှိပြီး အလုပ်ရုံသေး၌ ယခင်တသောင်းဘတ် ၀င်နေရာက ယခု၂၀၀၀ နှင့် ၄၀၀၀ ဘတ်ကြား    မျှသာ ရှိတော့သည် ဟုလုပ်ငန်း တဦးက ဆိုပါသည်။ ဤ၀င်ငွေထဲမှ စားစရိတ် တချို့ ကို နှုတ်ပြီး အလုပ်ရှင်နှင့် လုပ်သား တ၀က်စီခွဲဝေယူ ကြပါသည်။

“ ဒီလိုတွက်ခြေ မကိုက်တဲ့အထဲမှာ ချောကလည်း ရှိသေးတယ်ဗျ။ လူကြီးခရီးစဉ်လိုမျိုး၊ အထူးသဖြင့် စစ်တပ်ပေါ့ဗျာ။ တပ်သစ် ရောက်လာပြီးဆိုရင် တချို  တပ်ဗိုလ်တွေက “ကုန်းဆင်း” တောင်းတာရှိပါတယ်။ ပေးရတာပေါ့။ ထိုင်းဖက်ခြမ်းက အပေးအယူကတော့ အသေးစိပ် ကျနော်မသိပါဘူး။ အားလုံးဟာ ဗမာပြည်သားပါဘဲ။ ကျနော် သိရသလောက် ဆိုရင် ကျနော်တို့ ဆီမှာ အလုပ်လျှောက် သူတွေကို ကြည့်ရင် လူ (၁၀) ယောက်မှာ ပဲခူး မဟုတ်ရင် ရန်ကုန်သူက (၇) ယောက် ကရင်ပြည်နယ်က (၂)ယောက်နဲ့  မွန်ပြည်နယ်က တယောက်နှုန်း ရှိပါတယ်။ ဒါတောင် တချို့ က လာရောင်း ထားတဲ့သူတွေ ရှိသေးတယ်။ ဒါပေမဲ့ နဲပါတယ်။”ဟု ဘုရားသုံးဆူမြို့ က လုပ်ငန်းရှင်တဦးပြောပါတယ်။

စံခဘူရီမြို့ နယ်၌ရှိသည့် ပြည့်တန်ဆာ လုပ်သားများသည် အားလုံးမှာ မြန်မာနိုင်ငံသားများ ဖြစ်ပြီး၊ အသက် (၁၄)နှစ်မှ (၂၄) နှစ် အတွင်း ရှိကြသည်ဟု သိရပါသည်။ ဘုရားသုံးဆူမြို့ သည်၊ အထည် ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံနှင့် ပရိဘောဂ စက်ရုံများ ရှိကြသော်လည်း အများစုမှာ စီးပွားရေး ကျဆင်းလျက် ရှိပါသည်။ လုပ်အားခလည်း နည်းပါးသည့်အတွက် မကြာခဏ သပိတ်မှောက် နေကြပါသည်။

ရွှေဟင်္သာ - ပြည့်တန်ဆာ လုပ်သားများ တိုးတက်လာခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top