29
Jan

ပြည်မြို့တွင် ကာရာအိုကေနှင့်အနှိပ်ခန်းများပြား



ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့ပေါ်၌ Beauty
Saloon
အမည်ခံ အနှိပ်ခန်း (မာဆတ်ခန်း)
များ၊
KTV
ခန်းများ၊ ပြည့်တန်ဆာ နေအိမ်များ တစစဖြင့် များပြားလာနေကြောင်း
ပြည်မြို့ခံတို့က ပြောသည်။

ပြည်မြို့၊ အဝေးပြေးကားဂိတ်အနီး၊ မြို့သစ်ရပ်ကွက်မှာ အနှိပ်ခန်းအသစ်တွေ
တိုးလာတယ်။
NARCISSUS တို့၊ Sea Gulls တို့၊ Princess တို့ပေါ့။
ရွှေကြည်သာတို့၊ ရွှေချယ်ရီတို့က ပြီးခဲ့တဲ့ နှစ်တွေကတည်းကရှိနေတာ။ အဲဒီ မာဆတ်ခန်းတွေရှေ့မှာ
ဆိုင်ကယ်တ၀ီဝီ၊ မိန်းကလေးတရုန်းရုန်းနဲ့ မြင်မကောင်းဘူး

ဟု မြို့သစ်ရပ်ကွက်သူတဦးက ပြောသည်။
ထို့ပြင် အဆိုပါမြို့သစ်ရပ်ကွက်တွင် မိန်းကလေး (၁၀) ဦးခန့်
လုပ်ကိုင်နေသည့် ပြည့်တန်ဆာ အိမ်တအိမ်လည်း တိုးလာသည်ဟု သိရသည်။

ဘီယာစတေရှင် ပိုင်ရှင်တဦးကမူ ကာရာအိုကေနှင့် အနှိပ်ခန်းများသည်
၎င်းတို့ကဲ့သို့ တရားဝင်ဖွင့်ခွင့်မရသည့်အတွက် အခွန်မပေးရသောကြောင့် များပြားလာခြင်းဖြစ်သည်ဟု
ပြောသည်။
၎င်းက “KTV
မာဆတ်ခန်းတွေဆိုတာ တရားဝင်ဖွင့်လှစ်ခွင့်ရတာ မဟုတ်တော့ အခွန်ငြိမ်းတယ်။
လိုင်စင်ကြေးမရှိဘူး။ ဒေသအာဏာပိုင်တွေနဲ့ နားလည်မှု ရယူပြီးဖွင့်နေရတာ။ အရင်းအနှီး နည်းတယ်။
အကျိုးအမြတ်များတယ်။ ဒါကြောင့် ပြည်မြို့ပေါ်မှာ ဒါတွေ တိုးလာနေတာ

ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းပေါ်တွင်
BMP
Intertainment
အမည်ခံ KTV
မာဆတ်ခန်းတခု တခမ်းတနား ဖွင့်လှစ်ခဲ့သည်။
အဆိုပါအနှိပ်ခန်းကို သိန်း (၈၀၀) ခန့် အကုန်အကျခံ တည်ဆောက်မွမ်းမံခဲ့ပြီး
ပိုင်ရှင်မှာ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှူး၊
အနောက်ပိုင်းတိုင်းခွဲ၊ ပဲခူးတိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်စိန်မြင့်၏
ကိုယ်ရေးအရာရှိ (
PSO) တာဝန်ယူခဲ့ဖူးသူ ဗိုလ်ကြီး နေအေးဝင်း ဖြစ်သည်ဟု မြို့ခံတို့က
ပြောသည်။

၎င်းပိုင် BMP Intertainment အနှိပ်ခန်းသို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေသန်း၏တပည့်
ရဲအရာရှိတဦးက
မူးယစ်သောက်စားလာကာ BMP ၀န်ထမ်းတဦးကို ပါးရိုက်မှုဖြစ်ပွားရာမှ အဆိုပါအနှိပ်ခန်း ပိတ်လိုက်ရသည်။

အနှိပ်ခန်းဝန်ထမ်း မိန်းကလေးလုကြရင်း စကားများ ရန်ဖြစ်ကြတာ။
အဲလိုနဲ့ အာဏာပိုင် လူကြီးချင်း စကားပြောကြပြီး ၂၀၀၉ နိုဝင်ဘာမှာ
BMP
အပါအ၀င် မာဆတ်ခန်းအကုန် ပိတ်ပစ်လိုက်တယ်။ ခုတော့ ပြန်ဖွင့်လာလိုက်ကြတာ
အရင်ထက်တောင် ပိုများလာတယ်
ဟု ပြည်မြို့ခံတဦးက ပြောသည်။

ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့၊ ကိုးသောင်းရပ်ကွက်အတွင်း
အနှိပ်ခန်း၊
KTV
ပြည့်တန်ဆာခန်း အများဆုံးရှိပြီး (၁၀) ခုထက်မနည်း ရှိနိုင်ကြောင်း သိရသည်။

 

ခေတ်ပြိုင် - ပြည်မြို့တွင် ကာရာအိုကေနှင့်အနှိပ်ခန်းများပြား

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top