စင်္ကာပူနိုင်ငံ ဝရဓာတုရတနာရာမအသင်းတော်မှ ဓါတ်တော်တိုက် ဆရာတော်ဦးစီးသော ပါရမီဖြည့် ကုသိုလ်ပြုအဖွဲ့ ဗြဟ္မစိုရ်နှလုံးသားအသင်းမှ ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာရှိတဲ့ HIV/AIDS Prevention and Care Center သို့  ဒီဇင်ဘာ ၁၃ ရက်နေ့က လာရောက်ကာ အလှူငွေ နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းခဲ့ကြပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ အဆိုပါဗြဟ္မစိုရ်နှလုံးသားအသင်းမှ ဆရာတော်ဦးဆောင်တဲ့ သံဃာ တော်များနှင့် စင်္ကာပူနိုင်ငံမှ အလည်အပတ်ရောက်ရှိနေကြသော အသင်းသူအသင်းသားများက ယခုလို လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အလှူရှင်များမှ သိလိုသည့် အချက်အလက်များကို မေးမြန်းခဲ့ကြရာ နေအိမ် တာဝန်ခံ မဖြူဖြူသင်းမှပြန်လည် ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာတော်နှင့်အဖွဲ့ မှ လူနာများနေထိုင်တဲ့အိမ်တွင် အသုံးပြုရန်အတွက် ဝှီးချဲလ်(၂)လုံး နှင့် ငွေသားများကို မဖြူဖြူသင်းအား ပေးအပ် လှူဒါန်းခဲ့ကြပါတယ်။
မိသားစု အနုပညာအိမ်မက် - ဗြဟ္မစိုရ်နှလုံးသားအသင်းမှ တောင်ဒဂုံရှိ HIV/AIDS Prevention and Care Center သို့ သွားရောက်လှူဒါန်း




