17
Mar

မြန်မာစစ်အစိုးရ၏ HIV/AIDS တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးစရိတ် နည်းပါးမှု





မြန်မာပြည် စစ်အစိုးရ၏ နိုင်ငံအတွက်
အသုံးစရိတ်များသည် စစ်တပ်အတွက် အသုံးစရိတ်တွေသာ များပြားပြီး ကျန်းမာရေး၊
ပညာရေးအတွက် အသုံးစရိတ်များ အင်မတန်မှ နည်းပါးကြောင်း ကမ္ဘာ့သတင်း စာမျက်နှာများတွင်
မကြာခဏဆိုသလို တွေ့ မြင်နေကြရပါသည်။ ယခုလည်း မြန်မာစစ် အစိုးရသည် ကျန်းမာရေး
ဝန်ဆောင်မှု လုပ်ငန်းများတွင် ငွေသုံးစွဲတာ အလွန်နည်းပါးနေကြောင်း အထူးသဖြင့်
HIV/AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ
အနေနဲ့ တစ်နှစ်ကို ဒေါ်လာ နှစ်သိန်းသာ သတ်မှတ်ထားတဲ့အတွက် ဒီငွေ ပမာဏဟာ လွန်စွာမှ
နည်းပါးနေသေးကြောင်းကို အမေရိကန် ပြည်ထောင်စုက နာမည်ကျော်
Johns Hopkins တက္ကသိုလ် ပါမောက္ခ Dr. Chris Beyrer ထပ်မံ ပြောဆိုလိုက်ပြန်ပါတယ်။

 

သူက မြန်မာစစ်အစိုးရ အနေနဲ့  အလှူရှင်တွေသာ မကဘဲ
မိမိတို့ စစ်အစိုးရကိုယ်တိုင် ပြည်သူလူထုအတွက် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ
ငွေကြေးကို အချိုးကျ ထည့်ဝင် သုံးစွဲသင့်ကြောင်း ထပ်လောင်းအကြံပြု ပြောကြားပါတယ်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံမှာ စီမံချက်
တော်တော်များများကို လုပ်ကိုင်နေကြောင်း အထူးသဖြင့် ကျန်းမာရေး
ပြုစုစောင့်ရှောက်မှုနဲ့ ကလေးမီးဖွားမှု နှင့် ပတ်သက်တဲ့ ကျန်းမာရေး စီမံချက်တွေကို
မိမိတို့  လုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံ ကျန်းမာရေး ၀န်ကြီးဌာနအနေနဲ့ 
ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဟု ကြားသိရပါတယ်။ ဒီလို စီမံချက်တွေကို
စီစဉ်ဆောင်ရွက်ရာမှာ နယ်စပ်ကို ဖြတ်ကျော်ပြီး ဆောင်ရွက်ရတဲ့အတွက် ပြည်တွင်းက
သတင်းအချက် အလက်တွေကို ပိုမိုရ ရှိတယ်လို့ 
Johns Hopkins
ကဆိုပါတယ်။

 

UNAIDS နဲ့  WHO
တို့ ရဲ့ အစီရင်ခံစာမှာပါရှိတဲ့ မြန်မာနိုင်ငံမှာ HIV ပြန့် ပွားမှုနှုန်း
ကျဆင်းလာတယ်ဆိုတဲ့ အဆိုကိုတော့
Dr. Chris Beyrer က မိမိအနေနဲ့  ထိုအစီရင်ခံစာများအပေါ် သံသယရှိကြောင်း ခုလို တုံ့  ပြန်ပါတယ် “တစ်ကယ့်ကို မတိကျ မသေချာတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ် ဘာကြောင့်လဲ
ဆိုတော့ နှစ်တော်တော်ကြာ ငွေရင်းထည့်တာ မရှိတဲ့အတွက် အောက်ခြေ ပြည်သူလူထု
ကျန်းမာရေးလုပ်ငန်းဟာ အခြေအနေ တော်တော် ဆိုးရွားပါတယ်။ HIV နဲ့ ပတ်သက်ပြီး
စောင့်ကြည့်တဲ့ အပိုင်းမှာ အားနည်းနေသေးပါတယ်” ။

 

လူတော်တော်များများ သေဆုံးနေတာကတော့ သေချာနေပြီး
စစ်အစိုးရအနေနဲ့ ကျန်းမာရေး အသုံးစရိတ်ကို ထပ်မံရင်းနှီးမြှပ်နှံ ဖို့ ကိုလဲ
Dr.
Chris Beyrer က အကြံပြု
ပြောကြားသွားပါသေးတယ်။

 

Dr. Chris Beyrer
က မြန်မာစစ်အစိုးရဟာ အထူးသဖြင့် HIV/AIDS နဲ
့ပတ်သက်ပြီး ငွေကြေးရင်းနှီး မြုပ်နှံလိုစိတ် မရှိဘူးလို့  မိမိ အနေနဲ့ ရှူ
မြင်ကြောင်း တစ်နှစ်ကို ဒေါ်လာ နှစ်သိန်းသာ သုံးတဲ့အတွက် ဒါဟာ ရာဇ၀တ်မှု
ကျူးလွန်တယ်လို့ တောင် တွေးမြင်မိကြောင်း ပြောဆိုပါတယ်။

 

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရဲ့ အစီရင်ခံစာနဲ့  အခြား
အစီရင်ခံစာများအရ HIV/AIDS အတွက် တစ်နှစ်သုံးငွေဟာ ဒေါ်လာ နှစ်သိန်း ဆိုသော်လဲ
ချမှတ်ထားတဲ့    ငွေပမာဏ ကိုကတည်းက
နည်းလွန်းနေပါတယ်။

 

မြန်မာပြည်သူတွေဟာ ဆင်းရဲတယ်ဆိုတာကို မမေ့အပ်သလို
စစ်အစိုးရအနေနဲ့  သဘာဝသယံဇာတ၊ အထူးသဖြင့် စွမ်းအင်ကနေ ငွေအမြောက်အများ
ရရှိတဲ့အတွက် ကျန်းမာရေး စီမံချက်တွေမှာ၊ HIV/AIDS ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ
ငွေတော်တော်များများ ပိုသုံးနိုင်တယ်လို့ 
Dr. Chris Beyrer ကပြောပါတယ်။

 

HIV/AIDS ဟာမြန်မာပြည်မှာ တခြား ပြည်သူ
့ကျန်းမာရေးနဲ့  ပြည်သူ့ ကျန်းမာရေး ပညာပေး အစီအစဉ်တွေလို ပါဘဲ။ စစ်အစိုးရဟာ
မြန်မာပြည်သူ လူထု ကောင်းကျိုးအတွက် ငွေထည့်ဝင်ဖို့  ငြင်းဆန်နေတဲ့အတွက် ဆေးဝါး
မကုသနိုင်ရင် HIV ရှိသူတွေ ထပ်မံ သေဆုံးနိုင်တဲ့အတွက် တစ်ကယ့်ကို ၀မ်းနည်းစရာပါလို
့သူကဆိုပါတယ်။ ဒါ့အပြင် MSF က ကူညီပေးနေတဲ့အတွက် HIV ရှိသူတွေ ဆေးကုသနိုင်ပြီး
ဒါဟာလဲ မလုံလောက်တဲ့အတွက် စိတ်မကောင်း ဖြစ်မိပါတယ်လို့ 
Dr. Chris Beyrer က ပြောပြန်ပါတယ်။

 

မြန်မာပြည် တပြည်လုံးမှာ HIV အနည်းနဲ့ အများ
ရှိနေနိုင်ပြီး ကုသပေးနိုင်မှု အနေနဲ့ ကတော့ ရန်ကုန်မြို့ နှင့် အခြားမြို
့ကြီးတွေမှာသာ MSF က ကုသရေး အစီအစဉ်တွေ ရှိနေပြီး နယ်တွေနှင့် တခြားမြို့ တွေမှာ ကုသပေးနိုင်မှု
အခွင့်အလမ်း နည်းနေပါတယ်။ အထူးသဖြင့် တရုတ်နယ်စပ် ကချင်ပြည်နယ်မှာ HIV
အဖြစ်များနေပြီး ထိရောက်တဲ့ ကုသမှုတွေ အရှိဘူးလို့  သိရပါတယ်။

HIV/AIDS သည် အသက်အားဖြင့် ၁၅နှစ်နဲ့ 
၄၉နှစ်ကြားအတွင်း အဖြစ်များလျက် ရှိနေပြီး လိင်ဆက်ဆံရာက တဆင့် ကူးစက်တဲ့အတွက်လည်း
အမျိုးသမီးများလည်း HIV/AIDS ကူးစက်နေနိုင်တယ်လို့ သိရပါတယ်။ 3D Fund လို
ရောဂါသုံးမျိုး တိုက်ဖျက်ရေးနဲ့  အခြား အလှူရှင်နိုင်ငံများ အနေနဲ့  HIV/AIDS
ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင်ထားသော်လည်း မြန်မာ
စစ်အစိုးရအနေနဲ့  ထိုလုပ်ငန်းများအတွက် မိမိတို့ ကိုယ်ပိုင် ငွေကို သုံးစွဲလိုစိတ်
မရှိဘူးလို့ သိရပါတယ်။

 

ထိုသို့ သော အဖွဲ့ အစည်းများနှင့် အလှူရှင်နိုင်ငံများ
အနေဖြင့် HIV/AIDS တိုက်ဖျက်ရေးလုပ်ငန်းများတွင် အလှူငွေ ထည့်ဝင်တော့မည် ဆိုပါက ကြိုတင်ပြီး
စည်းကမ်းချက်များ သတ်မှတ်ထားသင့်ပြီး HIV/AIDS လုပ်ငန်းများတွင် မြန်မာ
စစ်အစိုးရအနေနဲ့  ယင်းတို့ ရဲ့ ကိုယ်ပိုင်ငွေကို မည်၍ မည်မျှ ထည့်ဝင်မည် ဆိုသည့်
ကတိက၀တ်များကိုလည်း ရယူထားသင့်ကြောင်း
Dr. Chris Beyrer ကပြောဆို တိုက်တွန်းသွားသည်ကို တင်ပြလိုက်ပါသည်။

Ref: RFA(

2008-12-02
)

မူရင်းသတင်း




<!--
/* Font Definitions */
@font-face
{font-family:"Angsana New";
panose-1:2 2 6 3 5 4 5 2 3 4;
mso-font-charset:0;
mso-generic-font-family:roman;
mso-font-pitch:variable;
mso-font-signature:16777219 0 0 0 65537 0;}
@font-face
{font-family:Zawgyi-One;
panose-1:2 11 6 4 3 5 4 4 2 4;
mso-font-charset:0;
mso-generic-font-family:swiss;
mso-font-pitch:variable;
mso-font-signature:1627421319 -2147483648 8 0 66047 0;}
/* Style Definitions */
p.MsoNormal, li.MsoNormal, div.MsoNormal
{mso-style-parent:"";
margin:0cm;
margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:12.0pt;
mso-bidi-font-size:14.0pt;
font-family:"Times New Roman";
mso-fareast-font-family:"Times New Roman";
mso-bidi-font-family:"Angsana New";}
@page Section1
{size:841.9pt 595.3pt;
mso-page-orientation:landscape;
margin:89.85pt 72.0pt 89.85pt 72.0pt;
mso-header-margin:35.45pt;
mso-footer-margin:35.45pt;
mso-paper-source:0;}
div.Section1
{page:S</style>ကျန်းမာရေးအတွက်
စစ်အစိုးရကိုယ်တိုင် ငွေကြေးထည့်ဝင်ဖို့ တိုက်တွန်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top