20
Nov

မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများမှ ART ကုထုံးပေးရန် တစ်သိန်းနှစ်သောင်းကျော် ရှိပြီး ၅၄ ရာခိုင် နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ ကြောင်း၊ ကျန် ၄၆ ရာခိုင်နှုန်း မှာ ART ဆေးပေး စင်တာများ နှင့် အလှမ်းဝေး ခြင်း၊ ပိုးကူးစက် ခံထားရသူ ကိုယ်တိုင် လူသိမခံဝံ့သဖြင့် ဆေးလာရောက် မယူ သောကြောင့် ဖြစ်သည်ဟု HIV တားဆီး ကာကွယ်ရေး လုပ်ဆောင်နေသော လူမှု အဖွဲ့အစည်း များမှ ပြောသည်။ အိတ်ခ်ျအိုင်ဗီပိုး ကူးဆက် ခံထား ရလျှင် ART ဆေးပုံမှန် သုံးစွဲမှသာ သက်တန်းစေ့ နေနိုင်ဖို့ အထောက် အကူ ဖြစ် ကြောင်း ဆေးပညာရှင် များကပြောသည်။

”ကျွန်တော်တို့ ချောက်မှာ ရွှေညာမောင်မယ် ပေါ့ဗျာ HIV ပိုးကူး စက်ခံထားရတဲ့ သူတွေကို ART ဆေး အလွယ်တကူ ရယူ နိုင်အောင် ကူညီ စောင့်ရှောက်ဖို့ ဖွဲ့ထား တယ်ပေါ့ဗျာ၊ ဆေးယူသူ ၃ဝဝ လောက်ကို ပေးထား နိုင်တယ်၊ ရပ်ဝေးကနေ လာကြတဲ့ သူ တွေ အတွက် ကျွန်တော်တို့ ချောက်မြို့ ရွှေညာ မောင်မယ်က တည်းခိုနေထိုင်ဖို့ ခရီး စရိတ်က အစ ကူညီပေးရတာ” ဟု ပရဟိတ လုပ်ဆောင်နေသော ကဗျာ ဆရာ ဖေတင်ညွန့်က ပြောသည်။
ချောက်မြို့ ဆေးပေး စင်တာမှာ ပခုက္ကူ စင်တာ ခွဲဖြစ်ပြီး၊ မကွေးတိုင်း အတွင်းမှ ဆင်ပေါင်ဝဲ၊ နတ်မောက်၊ မင်းလှ၊ ပွင့်ဖြူ၊ ရှောက်တော၊ မိချောင်းရဲ စသည့် ဒေသများမှ လာရောက်ရ ကြောင်း သိရသည်။ မြန်မာနိုင်ငံ တစ်ဝန်းမှာ ကူးစက်ခံ ထားရသူ ဦးရေ တစ်သိန်း ရှစ်သောင်းကျော် ရှိပြီး ၄၇ ရာခိုင်နှုန်းသည် အမျိုးသမီး များဖြစ်၍ ၃၉ ရာခိုင် နှုန်းမှာ အသက် ၁၅ နှစ်နှင့် ၂၄ နှစ် ကြား လူငယ်များ ဖြစ်ကြောင်း စစ်တမ်း ကောက် ယူချက် အရ သိရသည်ဟု UNAIDS ထုတ်ပြန်ပါသည်။

”ဒီရောဂါပိုး ဝင်ရင်တော့ အဓိက ကတော့ ဆေးကုသ ခံယူဖို့ လိုပါတယ်။ ဆေးကုသမှု ခံယူမှပဲ ကိုယ့်ရဲ့ သက်တမ်းကို သက်တမ်းစေ့ နေနိုင်အောင် ဆွဲဆန့် သွားနိုင် မှာ ဖြစ်ပါတယ်။ ရောဂါရှိတာ ရှက်စရာ မဟုတ်ပါဘူး၊ ရောဂါက ကိုယ့် ခန္ဓာကိုယ် ထဲကို ဝင်လာတာကို ဒါရှက် ကြောက်နေရင် ဆေးကုသမှု မခံရင် ဝေဒနာတွေ ပိုဆိုး သွားနိုင် ပါတယ်။ ဒါ ကြောင့်မို့လို့ ဆေးကုသမှု ရဲရဲဝင့်ဝင့် ခံယူဖို့လိုပါတယ်” ဟု ဒေါ်ခင်နွယ်ကြည် Nurse Supervisor –Medecins Du Monde မှ ပြောပါသည်။

အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။

ဦးမင်း (မကွေး၊ နိုဝင်ဘာ ၁၇)

Popular - မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top