ငြိမ်းချမ်း စနေနေ့၊ ဒီဇင်ဘာလ
15 2007 02:18 - မြန်မာစံတော်ချိန်
ဘင်္ဂလားဒေ့ခ်ျ
နိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ
မဟာမင်းကြီးရုံး UNHCR မှ ကြီးမှူးကျင်းပသည့် HIV/AIDS အကြောင်း တရက်ကြာ
သင်တန်းကို ပထမအကြိမ်အဖြစ် ယမန်နေ့က ကော့စ်ဘဇားမြို့ ဟိုတယ်တခုတွင်
ဟောပြောပို့ချခဲ့သည်။
သင်တန်းကို
Family Planning Association
- FPAB (ဒက္ကားမြို့) မှ Dr. Masud နှင့် UNHCR ကော့စ်ဘဇားရုံးမှ ရုံးတာဝန်ခံ ကိုထွန်းညိုမှ
ဒုက္ခသည် အခွင့်အရေး အကြောင်းကိုပါ သင်ကြားပို့ချကြကာ ဘင်္ဂလားဒေ့ခ်ျရှိ ဒုက္ခသည်
ရခိုင်အမျိုးသား၊ အမျိုးသမီး ၄၀ နီးပါး တက်ရောက်ခဲ့သည်။
Dr.
Masud က သင်တန်းတွင် "အခုအခါ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ HIV နဲ့ အသက်ရှင် နေထိုင်နေသူ
ဒီနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် စာရင်းအရ ၁၂၀၇ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့်
အနည်းဆုံး ၂၀၀၀၀ ထက်မနည်း ရှိတယ်။ မြန်မာနိုင်ငံမှာ ၃ သန်းနီးပါး ရှိနေတယ်"
ဟု ရှင်းပြသည်။
ဆက်လက်ပြီး
သူက ရောဂါကူးစက်ပုံ၊ ကာကွယ်ပုံနှင့် ရောဂါမဖြစ်စေရန် ကာကွယ်ရေး နည်းလမ်းများကို
ဟောပြောပို့ချသည့်အပြင် ကမ္ဘာပေါ်တွင် ၂၀၀၆-၂၀၀၇ ခုနှစ်အတွင် သန်း ၄၀
ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဒုက္ခသည်တဦးက
"အခုလို ကျန်းမာရေး ပညာပေးပေါ့နော်။ ဒီဝေဒနာအကြောင်း ဟောပြောပေးတာ
ကောင်းပါတယ်။ ပြီးတော့ ဘယ်လိုကြိုတင် ကာကွယ်ရမယ် ဆိုတာပါ သိထားတော့ အားလုံးအတွက်
အကျိုးရှိပါတယ်။ ဒုက္ခသည်ဘ၀မှာ ဆိုးလွန်းတဲ့ ဒုက္ခတမျိုးကို ကာကွယ်နိုင်တာပေါ့ဗျာ။
သင်တန်းတက်ရတာ အကျိုးရှိပါတယ်" ဟု ပြောသည်။
သင်တန်းသို့
တက်ရောက်လာကြသော ရခိုင်အမျိုးသား ဒုက္ခသည်များကလည်း သူတို့၏ အတွေ့အကြုံများကို
ပြန်လည် ဆွေးနွေးကြကာ သင်တန်းကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း
သိရသည်။
http://www.mizzimaburmese.com/news/regional/13/348--unhcr--hivaids-




