28
May

မြန်မာအမျိုးသမီးတွေ လိင်အလုပ်သမ ဖြစ်လာရတဲ့ အကြောင်းရင်းများ



မိတ်ဆက်

စဉ်းစားကြည့်ရင် ပြည့်တန်ဆာ အလုပ်ကို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ကျမတို့ အသက်ရှင်ဖို့ အတွက် ပိုက်ဆံမရှိဘူး။ ပြည့်တန်ဆာအဖြစ် ကျမတို့ အလုပ်၊ လုပ်ကြရပါတယ်
-
မသစ်သစ်

 

မြန်မာနိုင်ငံ မွန်ပြည်နယ်က အမျိုးသမီးအချို့ ဘာ့ကြောင့် ပြည့်တန်ဆာ လုပ်ငန်းနဲ့ အသက်မွေး ဝမ်းကျောင်းပြုတယ်ဆိုတာကို ဒီအစီရင်ခံစာက လေ့လာဆန်းစစ်ထားပါတယ်။ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့မှာရှိတဲ့ ပြည့်တန်ဆာအိမ်
(
၁၀)
အိမ်နဲ့ စားသောက်ဆိုင်တွေက
ပြည့်တန်ဆာ (၁၁) အမျိုးသမီးများနဲ့ ကလေးများ အခွင့်အရေးဆိုင်ရာ စီမံကိန်း (Women & Child Rights Project - WCRP) မှ တွေ့ဆုံမေးမြန်းထားတာ
ဖြစ်ပါတယ်။
ဒီအမျိုးသမီး
အများစု ပြည့်တန်ဆာ
ဖြစ်လာကြရတာဟာ
အလုပ်အကိုင်အခွင့်အလမ်း
နည်းပါးမှုနဲ့
စီးပွားရေး
ကြပ်တည်းမှုတွေကြောင့်
ဖြစ်လာကြရတယ်လို့
ဆိုပါတယ်။

 

မြန်မာနိုင်ငံက ကလေးတွေဟာ မိဘတွေကို ကူညီထောက်ပံ့ပေးရတဲ့ ဝတ္တရားရှိပါတယ်။ သူတို့ရဲ့ မိဘတွေဟာ အလုပ်အကိုင်ရှားပါးလာပြီး စီးပွားရေးတွေ ကျဆင်းလာတယ်၊ အရက်သောက်ဖို့အတွက် ပိုက်ဆံတွေကို သုံးပစ်ပြီး၊ တရားမဝင်ထီတွေ ထိုးတဲ့အတွက် မိသားစုကို မထောက်ပံ့နိုင်ဘူးလို့ အဲဒီ
အမျိုးသမီးအများစုက
ဖြေကြပါတယ်။

 

နောက်ခံ
အခြေအနေများ

မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး စစ်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံတနိုင်ငံပါ။ အစိုးရအဖွဲ့ကိုတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(နအဖ)(SPDC) လို့ခေါ်ပြီး စစ်အစိုးရရဲ့
နိုင်ငံရေးဆိုင်ရာ
စီမံခန့်ခွဲမှုနဲ့
တခါးပိတ်မူဝါဒတွေကြောင့်
ကုန်ဈေးနှုန်းတွေ
မြင့်မားလာပြီး
စီးပွားရေး
တိုးတက်မှု
နှောင့်နှေး လာပါတယ်။
နအဖရဲ့
မူဝါဒတွေကြောင့်
စာရင်းအတိအကျ
ကောက်ယူဖို့
ခက်ခဲပါတယ်။
ခန့်မှန်း
တွက်ချက်မှု တွေအရ
မြန်မာနိုင်ငံရဲ့
ပြည်တွင်းထုတ်ကုန်
ပမာဏဟာ နှစ်စဉ်ပျမ်းမျှ
. ရာခိုင်နှုန်းရှိပြီးတော့ (မဲခေါင်မြစ်ဝှမ်း ဒေသ
(
)အတွင်းရှိ
အနိမ့်ဆုံး
စီးပွားရေး
တိုးတက်မှုနှုန်း)
နိုင်ငံတွင်းရှိ
လူဦးရေ ၅၂သန်းရဲ့
တဦးချင်းဝင်ငွေက
တစ်နှစ်ကို
အမေရိကန်ဒေါ်လာ
၂၂၀ သာရှိပါတယ်။

 

၁၉၉၆ ခုနှစ်မှစပြီး အမေရိကန် နိုင်ငံ၊ ဥရောပနိုင်ငံများ၊ သြစတေးလျ နဲ့
ကနေဒါ စတဲ့ နိုင်ငံတကာ
အသိုင်းအဝိုင်းမှ
စီးပွားရေး
ပိတ်ဆို့မှုပြုလုပ်ခဲ့တဲ့အတွက် စစ်အစိုးရရဲ့ ဘဏ္ဍာရေး အခြေအနေကို ဆိုးရွားစေပြီး စက်ရုံ အလုပ်ရုံ တော်တော် များများလည်း ပိတ်လိုက်ရပါတယ်။ အထူးသဖြင့် ၂၀၀၃
ခုနှစ်မှာ
လွတ်လပ်ခွင့်နဲ့
ဒီမိုကရေစီ
လှုပ်ရှားမှုတွေကြောင့်
မြန်မာပြည်မှ
ပို့ကုန်တင်သွင်းမှုကို
အမေရိကန်နိုင်ငံက
နှစ် ပိတ်ပင်လိုက်ပါတယ်။ ဒီစီးပွားရေး
ပိတ်ဆို့မှုတွေကြောင့်
အဝတ်အထည် စက်ရုံတွေမှာ
အလုပ်လုပ်နေတဲ့
အလုပ်သမား
၈၀,၀၀၀ ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်လို့ မြန်မာအစိုးရက
ပြောပါတယ်။ အမေရိကန်နိုင်ငံပိုင်
စက်တွေရုံတွေမှာ အလုပ်မရှိတောတဲ့ အလုပ်သမားတွေကို ပြန်ခန့်မယ်ဆိုမယ်ဆိုသော်လည်း
တကမ်တမ်းကျတော့ အမျိုးသမီးများဟာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်နေကြ
ရပါပြီလို့ ရန်ကုန်မှာရှိ အစိုးရကျောထောက်နောက်ခံ
ပြုထားတဲ့ ဂျာနယ်တွေကဆိုကြပါတယ်။ အမေရိကန် အစိုးရ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ဒီအဝတ်အထည်
စက်ရုံက အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမတွေဟာ တရားမဝင်ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ
ဝင်ရောက်လုပ်ကိုင်လာကြတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံကို ၂၀၀၈
ခုနှစ်မှာ
ဝင်ရောက်တိုက်ခတ်
ဖျက်ဆီးခဲ့တဲ့
နာဂစ်မုန်တိုင်းဟာ
လူပေါင်း တစ်သိန်း လေးသောင်းကို
သေကြေ၊ ပျောက်ဆုံးစေခဲ့ပြီး
လူ သန်း၊ လေးသိန်းနီးပါးကို ဆိုးရွားစွာ
ထိခိုက်နစ်နာစေခဲ့တယ်လို့
အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံက ခန့်မှန်းပါတယ်။ ဒီ
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ကျပ်သန်းပေါင်း ၁၂၀ခန့် 
ပျက်စီးပြီး ကျပ် ၆၅ သန်းလောက်
ဆုံးရှုံးစေခဲ့တဲ့အတွက်
မြန်မာ့စီးပွားရေးကို
ဆင်းရဲ ကြပ်တည်း စေပါတယ်။ မြန်မာ့ စီးပွားရေးဟာ ၂၀၀၉
ခုနှစ် ကမ္ဘာ့စီးပွားရေး
အကြပ်အတည်း ထက်တောင်မှ
ပိုမိုနိမ့်ကျနေပြီး
အလုပ်အကိုင်
ရှားပါးလာမှုနဲ့  အလုပ်လက်မဲ့ဦးရေ မြင့်တက်လာပါတယ်။ ဘာလိုပဲဖြစ်ဖြစ် မြန်မာပြည်တွင်းနဲ့
အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာ လိင်အလုပ်သမတွေ
များပြားလာနေပြီး
အထူးသဖြင့် ဆင်းရဲတဲ့ မြို့ငယ်လေး တွေမှာလည်း လိင်အလုပ်သမတွေ တိုးပွားလာနေပါတယ်။

 

ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ အဆိုအရ ၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားရေး အခက်အခဲကြောင့် ရန်ကုန်မှာ ပြည့်တန်ဆာ အလုပ်သမဦးရေးတိုးလာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံရှိ အဝေးပြေး လမ်းမတွေပေါ်မှာ လိင်အလုပ်သမတွေ များပြားလာနေပြီး သူတို့အများစုဟာ ဆင်းရဲတဲ့ ကျေးလက်ဒေသများမှ ဖြစ်ကြတယ်၊ အခြားအလုပ်အကိုင်တွေကိုလည်း လုပ်ဖို့ မရှိကြဘူးလို့ ၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီမဂ္ဂဇင်းမှာ ပါရှိတဲ့ ဆောင်းပါတပုဒ်က အခိုင်အမာ ဆိုထားပါတယ်။ လမ်းဘေးလိင်အလုပ်သမ လုပ်ကိုင်သူအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကထက် တိုးပွားလာနေပြီး အဝေးပြေးလမ်းမပေါ်တွေမှာ ခန္ဓာကိုယ်ရောင်းတဲ့အလုပ်ကို လုပ်နေကြတဲ့ တက္ကသိုလ်ကျောင်းသူ အရေအတွက်ဟာလည်း များပြားလာနေပါတယ်။၁၀ မြန်မာအစိုးရရဲ့ လုံခြုံရေးဆိုင်ရာ ထိန်းချုပ်မှုတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြည့်တန်ဆာအရေအတွက်နဲ့ လူကုန်ကူးမှု သတင်းအချက်အလက်တွေ ရရှိဖို့ရန် ခက်ခဲပါတယ်။၁၁ ဒါပေမယ့် မြန်မာနိုင်ငံမှ လိင်အလုပ်သမ ၄၀၀၀၀ လောက်ဟာ ထိုင်းနိုင်ငံရှိ ပြည့်တန်ဆာရုံတွေမှာ အလုပ်လုပ်နေကြတယ်လို့ ခန့်မှန်းရပါတယ်။ အများစုဟာ တိုင်းရင်းသားတွေပဲ ဖြစ်ကြပါတယ်။၁၂ လေ့လာမှုတွေအရ မြန်မာလိင်အလုပ်သမတွေဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တိုးပွားလာနေပြီး အထူးသဖြင့် သူတို့တွေ ဟာ ဆင်းရဲပြီး ပညာမတတ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။၁၃

 

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အဆင့်အတန်း ခွဲခြားခံနေရပြီး ဒီကွာဟချက်တွေကို ဖြည့်ဆည်း ပေးဖို့အတွက် အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း တွေလည်း မရှိပါဘူး။၁၄ ဆင်းရဲမှုကွာဟချက်က အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိပြီး အမျိုးသမီး တွေဟာ အမျိုးသားတွေနဲ့ တန်းတူလုပ်ရသော်လည်း လုပ်ခလစာ လျော့နည်းပြီး ရရှိနေကြပါတယ်။ အမျိုးသမီးအများစုဟာ အိမ်ပြင်ထွက်ပြီး အလုပ်ရှာဖို့အတွက် ပညာတတ်မှုနဲ့  လုပ်ငန်းကျွမ်းကျင်မှု
တွေ
မရှိကြပါဘူး။ အချို့သော လူ့အသိုင်းအဝိုင်းတွေမှာ လက်ထပ်ပြီးတဲ့ မိန်းကလေးများဟာ သူတို့ အမျိုးသားတွေရဲ့ ဝင်ငွေအပေါ် မှီခိုနေကြပါတယ်။ သူတို့ရဲ့ အမျိုးသားတွေနဲ့ ကွာရှင်းပြတ်စဲခဲ့ရင် သူတို့မှာ ဝင်ငွေဆိုတာ မရှိတော့ပါဘူး။၁၅

 

စိုးရိမ်ဖွယ်ကောင်းသည့်
စီးပွားရေး အခြေအနေ

မြန်မာ့ဓလေ့မှာ ကလေးများဟာ လက်မထပ်ချိန်ထိ သူတို့ရဲ့
မိဘတွေနဲ့ အတူနေကြပါတယ်။ အချို့သော စုံတွဲများဟာလည်း သူတို့ရဲ့ ယောက္ခမတွေနဲ့ အတူနေကြပါတယ်။
အရွယ်ရောက်ပြီး ကလေးများဟာ သူတို့ရဲ့ မိဘတွေနဲ့ ညီငယ်၊ ညီမငယ်များကို ကူညီ ထောက်ပံ့ရတဲ့
အစဉ်အလာ ရှိပါတယ်။ အချို့သော ဖြစ်ရပ်တွေမှာတော့ မိဘတွေနဲ့ အစ်ကို အစ်မတွေက လုံလုံလောက်လောက်
မထောက်ပံ့ပေးနိုင်ခဲ့ရင်တော့ ကလေးငယ်တွေဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ အလုပ်လုပ်ကြရပါတယ်။

 

တွေ့ဆုံမေးမြန်ထားတဲ့ အမျိုးသမီး အများစုဟာ သူတို့ရဲ့
မိသားစုတွေကို ငွေရေးကြေးရေးအရ ဖြည့်ဆည်းပေးနိုင်ဖို့ ပြည့်တန်ဆာတွေ ဖြစ်လာကြရပါတယ်။
တချို့တွေကတော့ သူတို့ဘယ်လို ပိုက်ဆံရလာကြတယ်ဆိုတာ မိသားစုကို ပြောပြထားကြပါတယ်။ မသီသီဝင်း
ရှင်းပြတာကတော့ “ကျမမိသားစုက ကျမဒီမှာ ဘာလုပ်နေတယ်ဆိုတာ သူတို့ မသိကြပါဘူး။ ကျမ ပုံမှန်အလုပ်တစ်ခု
လုပ်နေတယ်ဆိုပြီး သူတို့ကို လိမ်ထားတာပါ။ ခုဆိုရင် ကျမ အိမ်ပြန်ရမှာ ရှက်နေတယ်လေ ပြီးတော့
သွားစရာ နေရာလည်း မရှိပါဘူး” ။ မသစ်သစ်နဲ့ မမိုးမိုးဝင်းတို့ကလည်း သူတို့ရဲ့ မိသားစုတွေကို
သူတို့ ပြည့်တန်ဆာ လုပ်နေကြတယ်ဆိုတာ ပြောပြမထားကြပါဘူး။

 

လုပ်အားခ

ဒီအစီရင်ခံစာအတွက် ဖြေကြားပေးထားကြတဲ့ အမျိုးသမီးတွေက
သူတို့ရဲ့ ဝန်ဆောင်မှုတွေအတွက် သတ်မှတ်ထားတဲ့ နှုန်းအတိုင်းရကြပါတယ်။ အများစု တင်ပြကြတာကတော့
ဧည့်သည်တွေ ပေးတဲ့ငွေရဲ့ တဝက် ဒါမှမဟုတ် တဝက်ကျော်ကို ပြည့်တန်ဆာခေါင်းကို ပေးကြရပါတယ်။
သံဖြူဇရပ် မြို့မှာ အလုပ်တူတူလုပ်ကြတဲ့ မစုစုနဲ့ မအိအိတို့ဟာ ဧည့်သည်တယောက်အတွက် ၁၅၀၀
ကျပ် ရကြပြီး ပြည့်တန်ဆာခေါင်းက ဧည့်သည် တယောက်စီကို ၂၀၀၀ ကျပ် ရပါတယ်။ တကယ်လို့ သူတို့
ဧည့်သည်နဲ့ တညလုံးနေမယ်ဆိုရင်တော့ ၁၅,၀၀၀ ရကြပြီး၊ ပြည့်တန်ဆာခေါင်းကတော့ ကျပ် ၂၀,၀၀၀
ရပါတယ်။

 

ရေးမြို့နယ်က စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့
မသီသီဝင်းကတော့ တနာရီ ဝန်ဆောင်မှုအတွက် ဧည့်သည်တယောက်စီမှ ၅၀၀ ကျပ်ရရှိပြီး စားသောက်ဆိုင်ကတော့
၅,၅၀၀ ရရှိပါတယ်။ လိင်မှု ကိစ္စပါဝင်တဲ့ ဝန်ဆောင်မှုအတွက်ဆိုရင်တော့ ၃,၅၀၀ ကျပ်ရရှိပြီး
စားသောက်ဆိုင် ကတော့ ၆,၅၀၀ ကျပ်ရရှိပါတယ်။

 

သူတို့ရတဲ့ ဝင်ငွေထဲကမှ ပြည့်တန်ဆာခေါင်းကို ပေးရတဲ့အပြင်
သူတို့ရဲ့ အလုပ်အတွက် သွားရေးလာရေးနဲ့ စားသောက်ဖို့အတွက် စီစဉ်ပေးတဲ့ ပွဲစားကိုလည်း
ပေးရပါသေးတယ်လို့ အမျိုးသမီး အများစုက တင်ပြကြပါတယ်။ မသစ်သစ်ဝင်းက သူ့ရဲ့ ပွဲစားကို
၆၀,၀၀၀ ပေးရပြီးတော့ မထူးထူးကတော့ ၈၀,၀၀၀ ပေးရပါတယ်။ မသစ်သစ်နဲ့ သူမရဲ့ သူငယ်ချင်းတွေကတော့
ပွဲစားရဲ့ အကူအညီနဲ့ အလုပ်အကိုင် ရှာဖွေရပြီး ပွဲစားကို ခရီးသွားလာ စရိတ်အပါအဝင် ၅၀,၀၀၀
ကျပ်ပေးရပါတယ်။ မဆောင်းနှင်းဝေကတော့ သူမရဲ့ပွဲစားကို အလုပ်စဝင်ပြီးချင်း ၈၀,၀၀၀ ကျပ်
ပေးရပါတယ်။

 

အခြေအနေများ

မြန်မာပြည်က လိင်အလုပ်သမအများစုဟာ ဖိအားပေးခံရခြင်း၊
လှည့်ဖြားခံရခြင်းတို့ကြောင့် လိင်ဖျော်ဖြေမှု လုပ်ငန်း ထဲကို ဝင်ရောက်လာကြရတာမျိုးမဟုတ်ပဲ
စီးပွားရေး အဆင်မပြေမှုကြောင့် ဝင်ရောက်လာကြရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် မွန်ပြည်နယ်၊
မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်က အသက် ၁၈နှစ်ရှိတဲ့ မသစ်သစ်ကို အမျိုးသမီးများနဲ့
ကလေးများဆိုင်ရာ အခွင့်အရေး စီမံကိန်းမှ ၂၀၀၉ခုနှစ် သြဂုတ်လမှာ တွေ့ဆုံဆုံမေးမြန်းတဲ့အခါ
သူမက ခုလိုရှင်းပြပါတယ်။ “ဒီအလုပ်က မကောင်းတဲ့ အလုပ်ဖြစ်တယ်ဆိုပေမယ့် ကျမ လိင်အလုပ်သမအဖြစ်
လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါမှ ကျမ ဝင်ငွေများများရပြီး အိမ်ကို ပြန်ပို့နိုင်မှာပါ။
ကျမတို့က ဆင်းရဲပြီး ငွေလိုပါတယ်။ ခုဆိုရင် ကျမ ငွေစုနိုင်ပါပြီ” လို့ ဆိုပါတယ်။

 

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ကခမီ မြို့မှ မချောစုကတော့
ကောက်စိုက်သမ အလုပ်ကို မလုပ်တော့ဘဲ သူမရဲ့ ဝမ်းကွဲ အစ်မနဲ့အတူ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်ပါတယ်။
မချောစုဟာ သံဖြူဇရပ်မှာ အလုပ်လုပ်ခဲ့ပြီးနောက် ၂၀၀၉ခုနှစ် ဇွန်လမှာတော့ ရေးမြို့နယ်
ရဲတောင်ရွာရှိ ပြည့်တန်ဆာ အလုပ်  ရုံမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီ အလုပ်ရုံမှာ သူမဟာ အသက် ၁၇ နှစ်မှ ၃၀ ကြားရှိတဲ့ အမျိုးသမီး ၈ ယောက်နဲ့ အတူ အလုပ်လုပ်ကိုင်ခဲ့ပြီး
သူတို့ အများစု ကတော့ မွန်ပြည်နယ်မှ ဖြစ်ကြပါတယ်။ ဧည့်သည် အများစုကတော့ အခြားရွာမှလာကြတဲ့
ရေလုပ်သားတွေပါ။

 

ချောင်းဆုံမြို့နယ် ကမာမိုးရွာက အသက် ၁၈နှစ်ရှိ မွန်အမျိုးသမီး
ပြည့်တန်ဆာတယောက်ဖြစ်တဲ့ မိမိုးမိုးဝင်း ရှင်းပြတာကတော့ “ကျမ မော်လမြိုင်မြို့ ‘ကျော်’
စားသောက်ဆိုင်မှာ အလုပ် လုပ်ခဲ့ပါတယ်။ တညမှာတော့ ကျမရဲ့ အပျိုစင်ဘဝကို တရုတ်သူဌေး တဦးဆီမှာ
ငွေတစ်သိန်းနဲ့ (အမေရိကန်ဒေါ်လာ ၁၀၀ ခန့်နဲ့) လဲခဲ့ရပြီး အဲဒီနောက်မှာတော့ ရေးမြို့ကိုအလုပ်လုပ်ဖို့
ရောက်လာခဲ့ ပါတယ်။ ပြည့်တန်ဆာအလုပ်ကိုလုပ်ရတာ ဘယ်သူမှ မပျော်ပါဘူး ဒါပေမယ့် ကျမတို့
အသက်ရှင် ရပ်တည်ဖို့အတွက် ပိုက်ဆံမရှိကြပါဘူး။ မွန်အသိုင်းအဝိုင်းမှာ ရေပန်းစားတဲ့
ရေးမြို့က ဘုရင်မ စားသောက်ဆိုင်မှာ ၂၀၀၉ ခုနှစ် ဇွန်လတည်းက သူမ အလုပ် လုပ်ကိုင်ခဲ့ပါတယ်။
သူမဟာ အခြား အမျိုးသမီး ၁၉ ယောက်နဲ့အတူ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အမျိုးသမီး အများစုဟာ
အသက် ၁၇နှစ်မှ ၃၀ကြားရှိ ဗမာ၊ ကရင်နှင့် ရခိုင် လူမျိုးများ ဖြစ်ကြပါတယ်။ သူမ ပြည့်တန်ဆာအလုပ်
စတင်လုပ်ကိုင် ကတည်းကဆိုရင် မိသားစုကို ကျပ် ၁၀သိန်း ပို့နိုင်ခဲ့ပါပြီ။

 

မသစ်သစ် ပြောပြတာကတော့ “ပြည့်တန်ဆာ အလုပ်က မကောင်းဘူးဆိုပေမယ့်
ဒီအလုပ်ကိုပဲ ကျမလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တိုအတွင်းမှာ
ပိုက်ဆံတွေအများကြီး ရနိုင်ပြီး ကျမ မိသားစုတွေဆီ ပိုက်ဆံတွေကို ပြန်ပို့နိုင်လို့ပါ။
ကျမ မိဘတွေက ကျမ ဘာလုပ်နေတယ် ဆိုတာကို မသိကြပါဘူး။ ဒါပေမယ့်လည်း ကျမတို့က ဆင်းရဲပြီး
ပိုက်ဆံအမြဲတမ်း မလောက်င တာကြောင့် ဒီအလုပ်ကို မလုပ်ချင်လည်း လုပ်ရတာ ဖြစ်ပါတယ်။”

 

မိသားစုအခက်အခဲများ

မြန်မာအစိုးရဟာ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု အလွန်နည်းပါးပါတယ်။
ခန့်မှန်းချက်အရ ၂၀၀၅ မှာ ၁.၂ ရာခိုင်နှုန်းသာ သုံးစွဲပါတယ်။ အကျိုးဆက်အားဖြင့်တော့
ကျောင်းစရိတ်တွေဟာ မြန်မာမိသားစုတွေ အတွက် လက်လှမ်း မမှီလောက်အောင် ဈေးကြီးလှပါတယ်။ ကျောင်းစရိတ်တွေနဲ့
စီးပွားရေး အခက်အခဲတွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေဟာ သူတို့ရဲ့ မိသားစုတွေကို
တစ်ဖက်တစ်လှမ်းက အကူအညီ ပေးနိုင်ဖို့ ကျောင်းထွက်ကြ ရပါတယ်။ ဒီအခြေအနေက မိန်းကလေးကို
ပြည့်တန်ဆာဘဝသို့ တွန်းပို့ရာ ရောက်သွား ပါတယ်။၁၆

 

ပဲခူးတိုင်း ပဲခူးမြို့မှ မသီသီဝင်းကတော့ သူမ ၉ တန်း
နှစ်မှာ မိသားစုတွေက သူမကို ကျောင်းစရိတ် မထောက်ပံ့ပေးနိုင်တဲ့အတွက် ကျောင်းထွက်ခဲ့ရပါတယ်။
ကျောင်းထွက်ပြီးတဲ့နောက်မှာတော့ သူမနဲ့ သူငယ်ချင်း ၄ ယောက်ဟာ အလုပ်ရှာဖို့အတွက် ရွာကနေထွက်ခွာခဲ့ပါတယ်။
၂၀၀၉ ဇွန်မှစပြီး မွန် ပြည်နယ်ရှိ ရေးမြို့နယ်၊ ရေးမြို့ရှိ ဧရာဝတီ(၂) စားသောက်ဆိုင်မှာ
သူမအလုပ် လုပ်ခဲ့ပါတယ်။ “ပြည့်တန်ဆာ တယောက်အဖြစ် အလုပ် လုပ်ရတာ ကျမမပျော်ပါဘူး၊ ကျမ
အလုပ်ထွက်ချင်ပါတယ် ဒါပေမယ့် ကျမမိသားစုကို ပိုက်ဆံ ပို့ဖို့ လိုနေသေး ပါတယ်။ ကျမ မိသားစုကို
ကျမ ကူညီခွင့်ရတာ ဝမ်းသာပါတယ်။ ဒါပေမဲ့ ခြိမ်းခြောက်တတ်ပြီး မကောင်းတဲ့ ဧည့်သည်တွေနဲ့
ကြုံရရင် ကျမ မကျေမနပ်ဖြစ်မိပါတယ်။ ကျမမှာ ရွေးချယ်စရာမရှိပါဘူး၊ မိသားစုကို ကူညီဖို့က
အရေးကြီးဆုံး ဖြစ်နေလို့ပါ” လို့ သူမက မျက်ရည်စက်လက်နဲ့ ရှင်းပြပါတယ်။

 

မြန်မာနိုင်ငံမှာ တရားမဝင်ထီ လောင်းကစားမှုက အရမ်းများပြားလာနေပြီး
မိသားစု တော်တော် များများအတွက် ဆင်းရဲမွဲတေမှု အခြေအနေတွေကို တိုးပွားလာစေပါတယ်။၁၇
အသက် ၂၁ ရှိ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က မြန်မာမိန်းကလေး မစုစုဟာ ခုလောလောဆယ်
သံဖြူဇရပ်မြို့မှာ အလုပ်လုပ်နေပါတယ်။ သူမရှင်းပြတာကတော့ “ကျမ မိဘတွေဟာ တရားမဝင်ထီတွေနဲ့
လောင်းကစားလုပ်တဲ့အတွက်၊ ပိုက်ဆံရဖို့ အိမ်ကိုပေါင်နှံရတဲ့အထိ ဖြစ်သွား ပါတယ်။ ဒါကြောင့်
ကျမ မိသားစုတွေကို ပိုက်ဆံ ပြန်ပို့နိုင်ဖို့ ဒီအလုပ်ကို လုပ်ဖို့ ကျမ ရွေးချယ်ခဲ့တာပါ။”

 

မစုစုနဲ့ အတူ အလုပ်လုပ်နေတဲ့ အသက် ၁၈နှစ်ရှိ ပဲခူးမြို့မှ
မအိအိ ပြောပြတာကတော့ “ကျမအဖေက တရားမဝင်ထီတွေ ကစားတယ်၊ အရက်သောက်တယ်၊ ဖဲရိုက်တဲ့အတွက်ကြောင့်
တကယ်လို့ ကျမသာ ဒီ(ပြည့်တန်ဆာ) အလုပ်ကို လုပ်ဖို့ မရွေးခဲ့ဘူးဆိုရင် ကျမတို့ အသက်ရှင်
နေထိုင်ဖို့ ပိုက်ဆံရှိမှာ မဟုတ်ပါဘူး”။ မွန်ပြည်နယ် မော်လမြိုင်မြို့မှ မြန်မာမိန်းကလေးတယောက်ဖြစ်တဲ့
အသက် ၂၂ နှစ်ရှိ မသဲစုကတော့ သူမရဲ့ မိသားစုတွေဟာ ရတဲ့ပိုက်ဆံကို အလဟသ ဖြုန်းတီးပစ်လိုက်တဲ့နောက်မှာ
ပြည့်တန်ဆာ ဖြစ်လာတယ်လို့ ဆိုပါတယ်။ သူမဟာ ရေးမြို့နယ် ဇီးဖြူတောင်မှာ ၂၀၀၉ ခုနှစ်
ဇူလှိုင်လ ကတည်းက အလုပ်လုပ်နေခဲ့ပါတယ်။

 

နာဂစ်
မုန်တိုင်း

၂၀၀၈ ခုနှစ် မေလမှာ ကျရောက်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာဆိုရင်
လူထောင်ပေါင်းများစွာကို သေကြေစေပြီး လူသန်းပေါင်းများစွာကိုလည်း ဒုက္ခရောက်စေခဲ့ပါတယ်။
နိုင်ငံရဲ့ နေရာ တော်တော် များများကိုလည်း ဖျက်ဆီး ပစ်ခဲ့ပါတယ်။ ဒီမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့်
မြန်မာနိုင်ငံတဝှမ်း ဆင်းရဲမှုတွေ ဖြစ်စေပြီး ပြည့်တန်ဆာ လုပ်ငန်းဟာလည်း တိုးပွားလာပါတယ်။
လပွတ္တာ မြို့နယ်မှ အသက် ၁၇ နှစ်ရှိတဲ့ မထူးထူးဝေဟာ ရေးမြို့နယ် ရွှေပတောင်း ပြည့်တန်ဆာရုံမှာ
၂၀၀၉ခုနှစ် သြဂုတ်လကတည်းက ပြည့်တန်ဆာတယောက်အဖြစ် လုပ်ကိုင်နေ ခဲ့သူပါ။ မုန်တိုင်းကြောင့်
သူမရဲ့ မိသားစုတွေဟာ စီးပွားပျက်သွားပြီးတဲ့နောက် ပွဲစားတယောက်နဲ့ အဆင်အသွယ် ရပြီး ပြည့်တန်ဆာ
တယောက် ဖြစ်လာခဲ့ပါတယ်။ ခုဆိုရင် သူမဟာ အသက် ၁၅ နှစ်ကနေ ၃၀ကြားရှိတဲ့ အမျိုးသမီး ၁၄
ယောက်နဲ့အတူ ပြည့်တန်ဆာရုံမှာ အလုပ်လုပ်နေပါတယ်။

 

အိမ်တွင်းအကြမ်းဖက်မှုနှင့်
ကွာရှင်းပြတ်စဲမှု

အိမ်တွင်းအကြမ်းဖက်မှုနှင့် အချို့သော လင်မယားကွာရှင်းပြတ်စဲမှုတွေက
အမျိုးသမီးတွေကို ပြည့်တန်ဆာ ဖြစ်လာစေဖို့ တွန်းအားပေးရာရောက်နေပါတယ်။ ရန်ကုန်တိုင်း
ဗိုလ်တထောင်မြို့နယ်က အသက် ၂၂ နှစ်ရှိ မကြူကြူဝင်း ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လတတည်းက
ရေးမြို့နယ်က ကမ္ဘာ စားသောက်ဆိုင်မှာ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ “ကျမ
အမျိုးသားနဲ့ ကွာရှင်းခဲ့ပြီး ရေးမြို့ကိုလာခဲ့တာပါ။ ကျမ မှာ ပြည့်တန်ဆာ အလုပ်ကလွဲပြီး
တခြားအလုပ် မရှိပါဘူး။”

 

ကာရာအိုကေခန်းများ(KTV)

မြန်မာပြည်မှ ပြည့်တန်ဆာရုံများဟာ ပြည့်တန်ဆာများအတွက်
အလုပ်လုပ်ရာ နေရာဖြစ်ပြီး အခြား ပြည့်တန်ဆာ များကတော့ KTV လို့ခေါ်တဲ့ သီချင်းဆို ဖျော်ဖြေတဲ့ရတဲ့
နေရာတွေမှာ အလုပ် လုပ်ကြပါတယ်။ အဲဒီ KTV လို့ခေါ်တဲ့ သီချင်းဆို ဖျော်ဖြေတဲ့ရတဲ့ အရက်ဆိုင်များဟာ
မြန်မာပြည်တဝှမ်း များပြားလာတဲ့ စီးပွားရေးဖြစ်စဉ်တခုအဖြစ် တွေ့ရပြီး သီးသန့်ခန်းအတွင်း
အမျိုးသမီးများနှင့် ၁ နာရီခန့် နေခွင့်ပေးပါတယ်။ KTV တွေဟာ လိင်မှုကိစ္စတွေကို မကြေငြာခြင်း၊
အမည်အားဖြင့် ပြည့်တန်ဆာရုံများ မဟုတ်ခြင်းကြောင့် ယင်းတို့ဟာ တရားဝင် ဖွင့်ခွင့်ရှိကြပါတယ်။

 

KTV ကိုလာကြတဲ့ ဧည့်သည်များဟာ များသောအားဖြင့် လိင်မှုကိစ္စအတွက်
လာကြတာ မဟုတ်ပေမယ့် ကိစ္စ တော်တော်များများမှာတော့ ဆိုနိုင်တဲ့သီချင်း စာရင်းတွေပြုစုထားသလိုပဲ
လိင်မှုကိစ္စတွေကိုလည်း စာရင်းတွေထဲမှာ ထည့်သွင်းထားပါတယ်။၁၈ များသောအားဖြင့်
Club စီမံခန့်ခွဲသူများကို ငွေကြေးတချို့တဝက်ပေးရသော်လည်း အမျိုးသမီးတွေဟာ ပုံမှန်နည်းလမ်းနဲ့ရှာတဲ့
ဝင်ငွေထက် ပိုရကြပါတယ်။ မော်လမြိုင်မြို့က KTV တခုကို လတ်တလော သွားရောက်ခဲ့သူတဦးရဲ့
အဆိုအရ လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းတခန်းအတွက် တစ်နာရီကို ကျပ် ၇,၀၀၀ ပေးရပြီး လေအေးပေးစက်
တပ်ဆင်ထားခြင်းမရှိတဲ့ အခန်းအတွက်ကတော့ တနာရီကို ကျပ် ၃,၅၀၀ ကျသင့်တယ်လို့ဆိုပါတယ်။

 

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ရွှေမုဌော ဘုရားလမ်းမှာနေတဲ့
အသက် ၂၀ အရွယ်ရှိ မတင်တင်ဝင်းဟာ ၂၀၀၉ ဇွန်လမှာ ရေးမြို့နယ်ကို ပြောင်းရွှေ့အလုပ် လုပ်ကိုင်ခဲ့ပါတယ်။
ခုဆိုရင် သူမဟာ ဧရာဝတီ (၂) စားသောက်ဆိုင်မှာ အသက် ၁၅ နှစ်မှ ၃၀ ကြားရှိ အမျိုးသမီး
၉ယောက်နဲ့ ပြည့်တန်ဆာအလုပ်ကို လုပ်နေပါတယ်။ သူမရဲ့ အလုပ်ကတော့ သီးသန့်အခန်းထဲမှာ ဧည့်သည်တဦးနဲ့
တစ်နာရီနေပေးရတဲ့ အလုပ်ပဲဖြစ်ပါတယ်။ ဇူလိုင်လမှာ သူမရဲ့ မိသားစုကို ကျပ်ငွေစုစုပေါင်း
၁၅၀,၀၀၀ ပြန်ပို့နိုင်ခဲ့ပါတယ်။ သူမပြောတာကတော့ “စားသောက်ဆိုင်ပိုင်ရှင်က မဆိုးပါဘူး။
အပြင်ကို ကျမ လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ်။ ဒါပေမယ့် ကျမ ဒီမှာလုပ်ရတာ မပျော်ပါဘူး။
ကျမ အလုပ်ထွက်ချင်ပါတယ်။ ဒါပေမယ့် ကျမ မိသားစုကို ပိုက်ဆံပို့နိုင်ဖို့အတွက် ဂရုတစိုက်နဲ့
လုပ်ရပါဦးမယ်” လို့ဆို ပါတယ်။

 

ပွဲစားများနှင့်
လူကုန်ကူးမှုများ

ကိစ္စတော်တော်များများမှာ ပွဲစားများက ဝေးလံသော နိုင်ငံခြားတိုင်းပြည်များတွင်
အလုပ် ကောင်းကောင်း ရနိုင်ကြောင်း လိမ်လည်ကြပါတယ်။ ပွဲစားများဟာ ပုံမှန်အားဖြင့် အမျိုးသမီးများကို
အလုပ်ရှာပေးခအဖြစ် သူတို့ရဲ့ ခရီးသွားလာစရိတ်၊ စားစရိတ်နှင့် နေစရိတ်ကိုပဲယူကြပါတယ်။
အချို့သော ဖြစ်ရပ်များမှာ ပွဲစားများဟာ အမျိုးသမီး တွေကို ဝင်ငွေကောင်းတဲ့ အလုပ်ရမယ်လို့
ကတိပေးပြီး အမှန်တကယ် လုပ်ရမယ့်အလုပ်ကို အသိပေးခြင်းမရှိပဲ အမျိုးသမီးတွေကို ပြည့်တန်ဆာ
ဘဝရောက်အောင် လိမ်လည်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၏ ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက အခြားနိုင်ငံတွေဆီ လူကုန်ကူးခံရမှု တွေနဲ့ မြန်မာပြည်တွင်းမှာရှိတဲ့
လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေဟာ ၂၀၀၈ ခုနှစ် တည်းက အများအပြား ရှိနေခဲ့ပြီး
လူကုန်ကူးခံရသူများမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် အရေအတွက်ဟာ ထောင်ပေါင်းများစွာပါဝင်နေပါတယ်။
လူကုန်ကူးသူ အများစုဟာ ပွဲစားများနှင့် အကျိုးတူ ပူးပေါင်းကြပြီး လုပ်ငန်း အသေးစား
လုပ်ကိုင်နေသောသူများဖြစ်ပါတယ်။၁၉

 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရွှေမြန်မာရွာက အသက်
၁၄ နှစ်ရှိ မဆောင်းနှင်းဝေဟာ အလုပ်ရှာဖို့ သူမရဲ့သူငယ်ချင်းများနဲ့ ရေးမြို့ကို ရွှေ့ပြောင်းလာခဲ့ပါတယ်။
ခုဆိုရင် သူမဟာ အချစ်နတ် စားသောက်ဆိုင်မှာ ပြည့်တန်ဆာတယောက်အဖြစ် လုပ်ကိုင်နေပေမယ့်
သူမရဲ့ သူငယ်ချင်း တွေကတော့ အနီးအနားမှာရှိတဲ့ လုပ်ငန်း အမျိုးမျိုးမှာ ဝင်ရောက်လုပ်ကိုင်ကြပါတယ်။
သူမက
ခုလိုပြောပြပါတယ် “ကျမတို့အားလုံးဟာ ရန်ကုန်က ပွဲစား တစ်ယောက်ဖြစ်တဲ့ မငယ် ရောင်းစားတာကို
ခံရတာပါ။ သူက ကျမတို့ကို အလုပ်ကောင်းကောင်းရမယ်လို့ ကတိပေးပြီး သွားလာစရိတ်ကိုလည်း
ကြိုတင်ပေးထားမယ်လို့ သူကပြောပါတယ်”

 

ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့နယ်က အသက် ၁၅
နှစ်ရှိ မတင်သင်းကလည်း ရေးမြို့ကို ပြောင်းရွှေ့ လာခဲ့ပြီး ပြည့်တန်ဆာ တယောက်အဖြစ် လုပ်ကိုင်နေသူပါ။
သူမပြောပြတာကတော့ “အမျိုးသမီး ပွဲစားတစ်ယောက်က ရေးမြို့မှာရှိတဲ့ စတိုးဆိုင်တဆိုင်မှာ
အလုပ်သွင်းပေးမယ်လို့ ပြောတာကြောင့် သူမနဲ့အတူ ကျမရောက်လာတာပါ။ တလကိုကျပ် ၁၅၀,၀၀၀ လောက်
ဝင်ငွေရနိုင်တယ်လို့ အဲဒီ အမျိုးသမီးကပြောတာကြောင့် ကျမတို့ ယုံယုံ ကြည်ကြည်နဲ့ သူမနောက်လိုက်လာတာပါ။
ကျမတို့ ဒီကို ရောက်တဲ့ အချိန်မှာတော့ ပြည့်တန်ဆာတွေအဖြစ် အလုပ်လုပ်ကြရပါတယ်။” နောက်
အမျိုသမီး တယောက်ဖြစ်တဲ့ မထူးထူးဝေ ပြောပြတာကတော့ စားသောက်ဆိုင် ပိုင်ရှင်က ကျမရဲ့ မှတ်ပုံတင်ကို
သိမ်းထားပြီး ကျမကိုဘယ်ကိုမှ လွတ်လွတ်လပ်လပ် သွားခွင့်မပြုပါဘူး။

 

အချို့ဖြစ်ရပ်တွေမှာတော့ ဧည့်သည်တွေက အမျိုးသမီးတွေကို
အနိုင်ကျင့်ပါတယ်။ မထူးထူးဝေ ပြောပြတာက “ကျမ ဒီအလုပ်ကို မလုပ်ချင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့
ဧည့်သည်တွေက ကျမကို အနိုင်ကျင့်လို့ပါ။ သူတို့ စိတ်ကျေနပ်မှု မရဘူးဆိုရင် သူတို့က ကျမတို့ကို
အနိုင်ကျင့်ပြီး ခုံတွေကို ရိုက်ချိုးပါတယ်။ ကျမ သူတို့နဲ့ ဆက်ဆံရတာ အရမ်းကြောက်ပါတယ်။
တခါတလေ ကျရင် ကျမ သူတို့ကို ပြန်ပြီး ခုခံချင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး
ဘာဖြစ်လို့လည်းဆိုတော့ ကျမ က ဧည့်သည်တွေကို ကောင်းကောင်း ပြန်မပြောဘူးဆိုရင် ဗမာလူမျိုး
ဆိုင်ပိုင်ရှင်က ကျမတို့ရဲ့ လစာရဲ့ တဝက်ကို နှုတ်ပစ်ပါတယ်။” မသီသီဝင်း ထပ်ပြီးပြောပြတာကတော့
“ဧည့်သည်တွေက တခါတခါ ကျရင် ကျမကို ခြိမ်းခြောက်တာကြောင့် ကျမ အရမ်းကို စိတ်ဓါတ်ကျပါတယ်။”

 

တိုင်းရင်းသားလူမျိုးစုများ

ဒါ့အပြင် မြန်မာပြည်ရှိ ပြည့်တန်ဆာတွေနဲ့ ပတ်သက်တဲ့
တရားဥပဒေများဟာ သာမန်လောက်သာ ကာကွယ်ပေး ထားပါတယ်။ ကလေးပြည့်တန်ဆာတွေအတွက် ကာကွယ်ပေးထားပေမယ့်လည်း
ဒီဥပဒေတွေဟာ တင်းကြပ်မှု မရှိတာကြောင့် အသက် ၁၈နှစ်အောက် အမျိုးသမီးငယ်လေးတွေဟာ ပြည်တန်ဆာတွေအဖြစ်
အလုပ်လုပ် နေကြရပါတယ်။ အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်တဲ့ အစီရင်ရင်ခံစာတခုအရ တဖြည်းဖြည်း များပြားလာတဲ့
အမျိုးသမီး ပြည့်တန်ဆာတွေဟာ ဆယ်ကျော်သက်တွေသာဖြစ်ကြပြီး အချို့သော ပြည့်တန်ဆာရုံများဟာ
ငယ်ရွယ်တဲ့ အပျိုစင်များကို အခကြေးငွေ အများအပြားနဲ့ သူတို့ရဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှု
ပေးတယ်လို့ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ နိုင်ငံခြားရေးဆိုင်ရာ သံတမန် ကိုယ်စားလှယ်များက
ပြောပါတယ်။
၂၀

 

ခုလို များပြားလာတဲ့ ကိန်းဂဏန်းတွေကို မယုံကြည်ရသော်ငြားလည်း
လေ့လာမှုတွေအရ တိုင်းရင်းသား လူနည်းစုတွေဟာ မြန်မာပြည်တွင်းနဲ့  နယ်စပ်ဒေသတွေကို ဖြတ်ကျော်ပြီး လူကုန်ကူးမှုတွေ ဆက်လက် များပြား လာတာကို
ညွှန်ပြနေပါတယ်။၂၁ အခု အစီရင်ခံစာအတွက် ဖြေပေးတဲ့ ၁၂ ယောက်ထဲက ၂ ယောက်ကတော့
တိုင်းရင်းသား အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ပြည့်တန်ဆာတွေအဖြစ် စတင်အလုပ်,လုပ်နေကြပြီး
တွေ့ဆုံမေးမြန်းခဲ့တဲ့ အမျိုးသမီးအများစုကတော့ တိုင်းရင်သားတွေနဲ့ အလုပ်, လုပ်နေကြတယ်လို့
ဆိုခဲ့ကြပါတယ်။ ရွှေမြန်မာရွာ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်နယ်က အသက် ၁၄ နှစ်ရှိ မဆောင်းနှင်းဝေ
ရှင်းပြတာကတော့ “ကျမ လူများစွာနဲ့ လိင်ဆက်ဆံဖို့ အရမ်းကို ငယ်သေးပြီး တခါတလေ ကျမအရမ်း
နာကျင်ကိုက်ခဲပါတယ်။ ဒါပေမယ့် ဒီအလုပ်က ကျမကို ဝင်ငွေကောင်းကောင်းရစေပါတယ်” လို့ဆိုပါတယ်။

 

ချောင်းဆုံမြို့နယ် ကမာမိုရွာက အသက် ၁၈နှစ်ရှိ မွန်အမျိုးသမီး
မိမိုးမိုးဝင်း အဆိုရှိတာကတော့  “ကျမကတော့ မော်လမြိုင်က
‘ကျော်’ စားသောက်ဆိုင်မှာ အမြဲတမ်းအလုပ်လုပ်နေသူပါ။ တညမှာတော့ တရုတ်သူဌေး တယောက်ဆီမှာ
ကျမရဲ့ အပျိုစင်ဘဝကို ကျပ်တစ်သိန်းနဲ့ (အမေရိကန်ဒေါ်လာ ၁၀၀ ခန့်) ဆုံးရှုံးခဲ့ရပါတယ်။
အဲဒီ နောက်မှာတော့ ကျမ ဒီ ရေးမြို့နယ်ကို အလုပ်လုပ်ဖို့ လာခဲ့ပါတယ်။ ပြည့်တန်ဆာအလုပ်လုပ်နေရတာ
ဘယ်သူမှ မပျော်ပါဘူး။ ဒါပေမယ့် ဒီအလုပ်မလုပ်ရင် ကျမ အသက်ရှင် နေထိုင်နိုင်ဖို့အတွက်
ပိုက်ဆံမရှိပါဘူး” လို့ဆိုပါတယ်။

 

အစိုးရရဲ့
ပါဝင်ပတ်သက်မှု

၁၉၄၉ ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင်
ပြင်ဆင်ခဲ့ပါတယ်။ အဲဒီဥပဒေအရ ပြည့်တန်ဆာ လုပ်ခြင်းကို ခွင့်မပြုပဲ ထောင်ဒဏ် ၃ နှစ်အထိ
ပြစ်ဒဏ်ပေးနိုင်သည်ဟု ပါရှိပါတယ်။ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် အသုံးပြုသောနေရာ
သို့မဟုတ် တခြားစီးပွားရေးခေါင်းစဉ်ဖြင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် ရန်ရည်ရွယ်ချက်ဖြင့်
အသုံးပြုသော နေရာများကို ပြည့်တန်ဆာရုံ အဖြစ်သတ်မှတ်၍  ဥပဒေအရ တရားမ၀င်ပါ။၂၂ ပြည့်တန်ဆာရုံများ
ရှိနေခြင်းဟာ အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် သွေးဆောင်ဖြားယောင်းတာ သို့မဟုတ် အတင်းအဓ္ဓမစေခိုင်းတာတွေ
ရှိလာစေနိုင်ပါတယ်။ ဒီပြစ်မှုတွေဟာ ထောင်ဒဏ် တနှစ်ကျော် သို့မဟုတ် ၅နှစ်အောက် အပြစ်ပေးနိုင်ပါတယ်။
လျော်ကြေးငွေပေးရတာလည်း ရှိနိုင်ပါတယ်။၂၃ မြန်မာနိုင်ငံဥပဒေမှာ အဲသလို ပြဌာန်းထားပေမယ့်လည်း
ပြည့်တန်ဆာလုပ်ငန်းဟာ အလျှင်အမြန် များပြားလာပြီး အစိုးရ ဥပဒေများဟာလည်း အခုထိ ထိထိရောက်ရောက်
လုပ်ဆောင်နိုင်ခြင်း မရှိသေးပါဘူး။၂၄

 

အစိုးရအရာရှိများကလည်း ဥပဒေကို အကောင်အထည် မဖေါ်နိုင်တဲ့အပြင်
ပြည့်တန်ဆာ အလုပ်ရုံများမှာ အလိုတူအလိုပါအဖြစ် ပါဝင်နေခြင်း၊ လဒ်ပေးမှုများကို လက်ခံခြင်းဖြင့်
မသိချင်ယောင် ဆောင်ပေးနေခြင်း သို့မဟုတ် ပြည့်တန်ဆာများထံမှ ၀န်ဆောင်မှုကို လက်ခံခြင်းများ
ရှိနေပါတယ်။ ပြည့်တန်ဆာ အလုပ်ရုံများနှင့် ပတ်သက်ပြီး မြန်မာ တာဝန်ရှိလူကြီးများကြားရှိ
လဒ်စားမှုဟာလည်း ကျယ်ပြန့်လာပါတယ်လို့ အမေရိကန် သတင်းဌာက ပြောပါတယ်။၂၅ ကေတီဗွီ
စားသောက်ဆိုင်ဟာ ပြည့်တန်ဆာလုပ်ငန်းကို ရွာခံမြို့ခံလူကြီးများ(အရာရှိများ) နှင့် တရားဝင်
သဘောတူညှိနှိုင်းထားခြင်း မရှိသော်လည်း အရေးယူခံရခြင်းမရှိဘဲ လုပ်ကိုင်လျက်ရှိပါတယ်။
အချို့သော စားသောက်ဆိုင် ပိုင်ရှင်များဟာလည်း စစ်ဘက်ဆိုင်ရာ အရာရှိလူကြီးများ ဖြစ်ပါတယ်။

 

ဘုရင်မစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မမိုးမိုးဝင်းက
ခုလိုပြောပြပါတယ်။ သူမ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ပိုင်ရှင်က အငြိမ်းစားယူထားတဲ့ စစ်သားတယောက်ဖြစ်ပြီး
ရေးမြို့က ရဲများနဲ့လည်း ပနံသင့်ပါတယ် (ဆက်ဆံရေး ကောင်းပါတယ်)လို့ ပြောပါတယ်။ ပြည့်တန်ဆာရုံ
တော်တော်များများဟာ ရဲအရာရှိများကို လဒ်ပေးရပါတယ်။ သူမရဲ့ စားသောက်ဆိုင်ပိုင်ရှင်ဟာ
ရဲကို တလ နှစ်သိန်းခွဲပေးရတယ်လို့ ရေးမြို့ အချစ်နတ် စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့
မဆောင်းနှင်းဝေက ပြောပါတယ်။ မချောစုပြောတာကတော့ သူမရဲ့ စားသောက်ဆိုင်ပိုင်ရှင်ဟာ ရေးမြို့ခံ
ရဲကို ပြည့်တန်ဆာ တယောက်ကို တစ်လ နှစ်သောင်းနှုန်း ပေးရတယ်လို့ ပြောပါတယ်။

 

ဧရာဝတီမဂ္ဂဇင်းက
ကိုထွေးရဲ့ ၂၀၀၉ ခုနှစ် စုံစမ်းမှုအရ ပြည့်တန်ဆာ တော်တော်များများဟာ ရဲများနဲ့ ဈေးလျှော့ပြီးတော့ဖြစ်ဖြစ်၊
အခမဲ့ဖြစ်ဖြစ် လိင်ဆက်ဆံရတယ်ဆိုတာကို တွေ့ရပါတယ်။ သူတို့ ငြင်းမယ်ဆိုရင် သူတို့ကို
ရဲတွေက ဖမ်းမှာ စိုးရိမ်ရပါတယ်လို့ ဆိုပါတယ်။၂၆ မစုစုနဲ့ မအိအိ ပြောတာ ကတော့
မြန်မာအစိုးရ အရာရှိများလာရင် သူတို့နဲ့ အခကြေးငွေမယူပဲ အလကား လိင်ဆက်ဆံပေး ရပါတယ်လို့
ဆိုပါတယ်။ အမေရိကန်အစီရင်ခံစာတခုအရ ပြည့်တန်ဆာများဟာ ရဲများရဲ့ ထောင်ချခြင်းခံရပြီးနောက်
မုဒိမ်းကျင့်ခံရခြင်း၊ လိင်ခေါင်းပုံဖြတ်ခြင်းများ ခံရတယ်လို့ ဆိုပါတယ်။ ရဲများ၊ စစ်သားများရဲ့
မုဒိမ်ကျင့်ခြင်းကိုခံရပြီး သတင်းပို့တဲ့ အမျိုးသမီများဟာ အဖမ်းခံရ တယ်လို့လည်း ဆိုပါတယ်။၂၇

 

အနှစ်ချုပ်

ဒီအစီရင်ခံစာအတွက် အင်တာဗျူးဖြေတဲ့ အမျိုးသမီး ၁၁
ယောက်ဟာ စီပွားရေးပြဿနာကြောင့် ပြည့်တန်ဆာဖြစ်လာကြတာပါ။ သူမတို့ရဲ့ ဘ၀နေထိုင်မှုနှင့်
ဖြစ်ပျက်ခဲ့ရပုံများဟာ မြန်မာအစိုးရ ကိုယ်တိုင် လိုလိုလားလား လက်မှတ်ရေးထိုးပြီး ထောက်ခံအတည်ပြုထားတဲ့
CEDAW “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားထားမှုအားလုံး ပပျောက်ရေးဆိုင်ရာ
သဘောတူစာချုပ်” နဲ့ CRC “
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်”ကို
ချိုးဖောက်ထားတဲ့ သက်သေများ ဖြစ်ပါတယ်။ မြန်မာ အစိုးရဟာ ပြည့်တန်ဆာလုပ်ငန်းနှင့် လူကုန်းကူးခြင်းကို
ဟန့်တားရန် ကတိပေးထားသော်လည်း တကယ်တန်းမှာတော့ မြန်မာ့စီးပွားရေး အခြေအနေ ဆိုးရွား
လာသလောက် ပြည့်တန်ဆာ အလုပ်ရုံများဟာ တိုးပွားနေပါတယ်။

 

အစိုးရအရာရှိများဟာ ပြည့်တန်ဆာလုပ်ငန်းများ တည်ထောင်တာကို
မသိကျိုးကျွံ ပြုပေးရတဲ့အတွက် လာဘ် ပေးတာကို လက်ခံခြင်းဖြင့် ပူပေါင်းလုပ်ကိုင်ကြပါတယ်။
တချို့နေရာတွေမှာ သူတို့ဟာ ပြည့်တန်ဆာများပေးတဲ့ ၀န်ဆောင်မှုကိုလည်း ယူကြပါတယ်။ ဆင်းရဲမွဲတေမှုနှင့်
လာဒ်စားမှုများဟာ မြန်မာနိုင်ငံမှာ လိင်လုပ်ငန်း ဖြစ်ပေါ် ရတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေ အနည်းငယ် ရှိသည့်တိုင်အောင် နိုင်ငံရဲ့ပြည့်တန်ဆာ လုပ်ငန်းတွေဟာ
အရှိန်အဟုန်နဲ့ ဆက်လက် များပြားလာနေပါတယ်။

--------------------------

1 Jha,
Lalit K/ UNDP. “Burma
Drops Further in Human Development Index.” 
The Irrawaddy. November 2007.

2 The
World Factbook. Central Intelligence Agency. https://www.cia.gov/library/publications/the-world-factbook/geos/bm.html.  January 2007.

3 U.S.
Centers for Disease Control, “Myanmar:
Child Prostitutes Available at $100 a Night; the Human Cost of Junta’s
Repression.” October 2007. http://www.thebody.com/content/art43765.html

4 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.”
Feb. 25, 2009.

5 Jay,
Ko. “Karaoke Nights.”  The Irrawaddy. Vol. 13 No. 5. May 2005

6
Manning, Kevin R. “Wooing Women Workers.” 
The Irrawaddy Online Edition. Oct. 2003

7
ASEAN Post Nargis Joint Assessment Team Report. July 2008.

8 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

9
Yazar, Htet. “Unemployment on the Rise in Rangoon.”  The Democratic Voice of Burma. October
18, 2009.

10
Htwe, Ko. “Desolation Road.”  The Irrawaddy,
Vol. 17 No. 4. July 2009.

11 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

12 WOMEN” (HTML). Burma: Country
in Crisis. Soros. October 2005. http://www2.soros.org/burma/CRISIS/women.html.

13 U.S. Department
of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009. Sakulpitakphon, Patchareeboon. The International organization to End
Child Prostitution, Child Pornography and Trafficking of Children for Sexual
Purposes.” http:// www.thebody.com/content/whatis/art43765.html. Von Hauff,
Michael. Economic and Social Development in Burma/
Myanmar.”
Marburg, Germany: Metropolis, 2007. Page
156.

14 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

15
Interview of multiple women by WCRP reporter. September 2009

16
UNESCO Institute of Statistics, 2005.
http://stats.uis.unesco.org

17
Naing, Saw Yan. “Police Busted in Illegal Burmese Lottery.”  The Irrawaddy.
March 6, 2008.

18
Jay, Ko. “Karaoke Nights.”  The Irrawaddy. Vol. 13 No. 5. May 2005.

19 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

20
Ibid.

21
Ibid.

22 Burma
Lawyers’ Council.
http://www.blc-burma.org/html/Myanmar%20Law/lr_e_ml98_07.html

23 “Burma - Government laws.”
HumanTrafficking.org.  http://www.humantrafficking.org/countries/burma/government_laws.

24
Sen. B.K. “Women and Law in Burma.”
Legal Issues on Burma
Journal No. 9, Aug. 2001.

25 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

26
Htwe, Ko. “Desolation Road.”  The Irrawaddy,
Vol. 17 No. 4. July 2009.

27 U. S.
Department of State Bureau of Democracy, Human Rights, and Labor. “Burma.” Feb.
25, 2009.

ဘာသာပြန်-
ဇင်ယော်

Resource: The Plight -
Issue No.3/2009, September 2009

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top