22
Feb

မြန်မာအမျိုးသမီး လူမှောင်ခိုကူးမှု တရုတ်မြန်မာနယ်စပ်မှာ များပြားလာ



မြန်မာအမျိုးသမီးတွေကို
တရုတ်လူမျိုးတွေနဲ့ လက်ထပ်ဖို့ ရောင်းစားမှုတွေ ဟာ ပြီးခဲ့တဲ့နှစ်မှာ ပိုများလာတာ တွေ့ရတယ်လို့
တရုတ်နိုင်ငံထုတ် Shanghai Daily သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။

၂၀၀၉
ခုနှစ်မှာ တရုတ်နိုင်ငံကို ပို့ပြီး ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီး အရေအတွက်ဟာ ၂၀၀၈
ခုနှစ်ကထက် ၄ ဆပိုများလာတာ တွေ့ရတယ်လို့ မြန်မာအစိုးရအရာရှိတဦးက ပြောဆိုကြောင်း
China Economic Weekly အပတ်စဉ်မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

အနာဂတ်လှပဖို့
စိတ်ကူးယဉ်ထားတဲ့ အမျိုးသမီးတွေဟာ အလုပ်ကောင်းရမယ်လို့ မြှူဆွယ်တတ်တဲ့ လူမှောင်ခိုတွေအတွက်
သား ကောင်တွေ ဖြစ်နေတယ်လို့ တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

လူမှောင်ခိုတွေဟာ
ုပ်ရည်ချောမောလှပတဲ့
မြန်မာအမျိုးသမီးတဦးကို အမေရိကန် ဒေါ်လာ ၇ ထောင့် ၃ ရာကျော်နဲ့ ပြီးခဲ့တဲ့နှစ်မှာ ရောင်းစားတာတွေ့ရပြီး၊
ဒါဟာ အရင်နှစ်ကထက် ဈေးနှုန်းနှစ်ဆ မြင့်လာတာ ဖြစ်တယ်လို့ ယူနန်ပြည်နယ် တရုတ်မြန်မာနယ်စပ်မြို့
တမြို့ဖြစ်ဖြစ်တဲ့ ရွှေလီ Ruili မြို့က ရဲအရာရှိ Fu Fayun က ပြောပါတယ်။ ရောင်းစားခံရတဲ့
မြန်မာအမျိုးသမီးတွေဟာ အသက် ၅၇ နှစ်အရွယ်ကနေ အသက် ၁၁ နှစ်အရွယ်ထိ ပါတယ်လို့ဆိုပါတယ်။

မြန်မာလူမှောင်ခိုတွေက
တရုတ်လူမှောင်ခိုတွေကို တယ်လီဖုန်း၊ အီးမေးတွေကတဆင့် ရောင်းစားမဲ့ မြန်မာအမျိုးသမီးရဲ့
ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေ ပေးပြီး၊ အရောင်းအဝယ် တည့်သွားတဲ့အခါ တရုတ်လူမှောင်ခိုတွေက
အဲဒီမြန်မာအမျိုးသမီး တွေကို ပြန်ဝယ်တဲ့ တရုတ်တွေဆီ လုံလုံခြုံခြုံအရောက် ပို့ကြတယ်လို့
ဒေသခံရဲဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့
၂၀၀၉ ခုနှစ်ထဲမှာ လူမှောင်ခိုတွေလက်ထဲက ပြန်ကယ်လိုက်နိုင်တဲ့ မြန်မာအမျိုးသမီး ၂၆၈
ဦးရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်မှာ ၈၇ ဦးရှိ ခဲ့တယ်၊ သူတို့ကို နေရပ်တွေဆီပြန်ပို့ပေးခဲ့တယ်လို့
ရွှေလီမြို့ ရဲမှူးကြီးကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်
ဇူလိုင်လက ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့ မြန်မာအမျိုးသမီး အနည်းဆုံး အယောက် ၉၀ ရှိခဲ့ပြီး၊
ကျန်းမာရေး မကောင်းတဲ့ မြန်မာအမျိုးသမီးတဦး အသတ်ခံလိုက်ရတယ်လို့ ရွှေလီ ရဲဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ
ရှန်ဒေါင်း၊ အန်ဟွေး၊ ဟူဘေး၊ ဟီနန်၊ ဖူးကျန့်နဲ့ ဇီချွမ်းပြည်နယ်တွေကိုပို့ပြီး ရောင်း
စားခံလိုက်ရတဲ့ မြန်မာအမျိုးသမီးဦးရေ ဘယ်လောက်ရှိနေပြီလဲဆိုတာ တစုံတယောက်မှ တိတိကျကျ
မသိဘူးလို့ ယူနန်ပြည်သူ့ လုံခြုံရေးအရာရှိတဦးက ပြောပါတယ်။

လွတ်လပ်သော အာရှအသံ -

မြန်မာအမျိုးသမီး
လူမှောင်ခိုကူးမှု တရုတ်မြန်မာနယ်စပ်မှာ များပြားလာ


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top