ထိုင်းနိုင်ငံ ဖန်ငခရိုင် တကွန်ပါမြို့နယ်ရှိ မြန်မာအလုပ်သမားများအတွက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန(GHRE)က ဒေသခံထိုင်းကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်း၍ HIV/AIDS ကူးစက်ရောဂါကွယ်နည်း သင်တန်းကို ယနေ့ပြုလုပ်သည်။
တကွန်ပါဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက တကွန်ပါမြို့နယ် ခစ်ခပ်ရွာရှိ မြန်မာအလုပ်သမားများ အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းတိုးရေးအတွက် ကျန်းမာရေးအာမခံကတ် လုပ်ပေးရန်ရောက်ရှိစဉ် ယင်းသင် တန်းကိုပြုလုပ် ခြင်းဖြစ်သည်။
GHRE မှ ကျန်းမာရေးတာဝန်ခံ ကိုအောင်ကြည်နှင့် လက်ထောက်တာဝန်ခံ မမီးမီးတို့က ထိုင်းကျန်းမာရေး ၀န်ထမ်းများနှင့်အတူ ယင်းသင်တန်းတွင်ပူးပေါင်းပါဝင်ခဲ့သည်။
အဆိုပါ သင်တန်းသို့တက်ရောက်လာသည့် မြန်မာအလုပ်သမား (၂၅၀) ခန့်အား HIV ဗိုင်းရပ်စ်ကူးစက် နိုင်သည့် အကြောင်းရင်းများကိုရှင်းလင်းပြီး လိင်ဆက်ဆံရာတွင် ကာကွယ်ရန်အတွက် ကွန်ဒုံအသုံးပြုပုံကို သရုပ်ဖော်သင်ပြပေးသည်။
ထို့ပြင် ကွန်ဒုံများကို ကျန်းမာရေးဌာနများတွင် အခမဲ့ရယူနိုင်ကြောင်းနှင့် AIDS ဝေဒနာရှင်များအတွက် Anti-retroviral (ARV) ဆေးများကို ဆေးရုံနှင့်ကျန်းမာရေးဌာနများတွင် အခမဲ့ရယူနိုင်ကြောင်း ရှင်းလင်း ညွှန်ပြသည်။
ယခုပြုလုပ်သည့် တကွန်ပါမြို့နယ် ခစ်ခပ်ရွာရှိ မြန်မာအလုပ်သမားများအတွက် ကျန်းမာရေးပညာပေးသင်တန်းသည် GHREနှင့် ထိုင်းကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြုလုပ်သည့် ၂၀၀၈ ခုနှစ်အတွင်း ဒုတိယအ ကြိမ်မြောက်သင်တန်းဖြစ်သည်။
Tuesday, 08 July 2008 00:04




